မောင်းသူမဲ့ လေယာဉ်များ ဖြင့် ကဒါဖီ ၏ တပ်များကို စတင် တိုက်ခိုက်

မောင်းသူမဲ့ ပရီဒေတာ ဒုန်းလေယာဉ်များ ဖြင့် ကဒါဖီ ၏ တပ်များ အားဖယ်ရှားရန် အမေရိကန် သမ္မတ အိုဘာမား က အတည်ပြုပေးလိုက်သည်။ အဆိုပါလေယာဉ်များ ကို ၁၉၉၄ ခုနှစ် တွင် စတင်ပျံသန်း ခဲ့ပြီး အီရတ်၊အာဖဂန် နစ္စတန်၊ ကိုဆိုဗိုစသည့် စစ်ပွဲများတွင် အသုံးပြုခဲ့သည်။ ယခု လစ်ဗျား ပြည်သူများ ကို ကာကွယ်ရန် စေလွှတ်လိုက်သည့် လေယာဉ်တင် သင်္ဘော နှစ်စင်းတွင် ပရီဒေတာ လေယာဉ် ၁၈ စီးပါရှိပြီး ငရဲမီး ဒုံးကျဉ်များ တပ်ဆင်ထားသည်။