
အိမ်နီးချင်း အာရပ်နိုင်ငံများ က ၀င်ရောက်စေ့စပ်ပြီး ရက်ပေါင်း ၃၀ အတွင်း နှုတ်ထွက် ကာ
နိုင်ငံ အတွင်းမှ ထွက်ခွာမည့် အစီအစဉ် ကို လက်ခံ လိုက်ပြီ ဖြစ်ကြောင်း ဝေါလ်စထရိ ဂျာနယ်
တွင် သတင်းဖော်ပြထားသည်။
နိုင်ငံ ကို ၃၂ ကြာ အုပ်စိုး လာခဲ့သည့် ယီမင် သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး ၏ ပြောရေး ဆို
ခွင့်ရှိသူ က Al Jazeera ရုပ်သံဌာန ကိုလည်း အတည်ပြု ပြောကြားသည်။ ဆာလေး နှုတ်ထွက်
ရေး တွက် သူ နှင့် မိသားစု အတွက် အာမခံ ချက် များ ပါရရှိပြီး နှုတ်ထွက် ပြီး ပါက ပြည်ပ နိုင်ငံ
တစခု တွင် သွားရောက် နေထိုင်မည် ဟု ဆို သည်။
ယခုနှစ် ဇန်န၀ါရီ လကတည်းက စတင်ခဲ့သည့် နိုင်ငံတွင်း အုံကြွမှုများ တွင် အလီ အဗ္ဗဒူလာ ဆာ
လေး ၏ တပ်များ က ဆန္ဒပြသူ ၃၀၀ ကျော်ကို ပစ်သတ် ခဲ့သည်။
ယခု နှစ် မတ်လ တွင် ယီမင် စစ်ဗိုလ်ချုပ် နှစ်ဦး အပါအ၀င် အရာရှိ များ က ဆန္ဒပြသူများ နှင့် ပူး
ပေါင်း ခဲ့ကြသည်။ အမေရိကန် နိုင်ငံ က ယီမင် သမ္မတ ရာထူး မှ နှုတ် ထွက် ပေး မည်ဆိုသည့်
သဘော တူချက် ကို လက်ခံ လိုက် သည် ဟု ယနေ့ သတင်း ထုတ်ပြန်သည်။
ယီမင် သမ္မတ နှင့် မိသားစု သည် ရာထူး မှ နှုတ်ထွက် ပြီး လျှင် မည် သည့် နိုင်ငံ တွင် နိုင်ငံရေး
ခိုလှုံ ခွင့် ရမည် ဆိုသည် ကို အသေအချာ မသိရှိရသေး ဟု အယ်(လ)အာရေး ဗီးယား ရုပ် သံ မှ ထုတ်
လွှင့် သွား သည်။
ယီမင် သမ္မတ သည်ပြီး ခဲ့သည့် သီတင်း အပတ် အတွင်း ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး
အဖွဲ့ GCC နှင့် စတင် ဆွေး နွေး ခဲ့ပြီး အဆို ပြုချက် အချို့ ကို လက်ခံခဲ့သည်။ ယီမင် သမ္မတ ရာထူး
မှ စွန့် ခွာပြီး နောက် နှစ်လ အတွင်း ရွေးကောက်ပွဲ ကျင်းပမည် ဟု သတင်းထုတ် ပြန်ခဲ့သည်။

လစ်ဗျား
လစ်ဗျား နိုင်ငံ ၏ တတိယ အကြီး ဆုံး မြို့  ဖြစ်ပြီး သူပုန်များ ထိန်းချုပ်ထားရာ မစ်ဆူရာတာ မြို့ မှ
ကဒါဖီ ၏ သစ္စာ ခံ တပ် များ ပြန်လည် ဆုတ် ခွာ သွား ပြီ ဟု လစ်ဗျား ကြားဖြတ် အစိုးရ တာဝန်
ရှိ သူ တစ်ဦး က ပြောသည်။
လစ်ဗျား အတိုက်အခံ များ ကို ပိုမို ကူညီရန် နှင့် အမေရိကန် အနေဖြင့် ပိုမို ပါဝင်ပတ် သက်ရန်
နှင့် လေကြောင်း တိုက်ခိုက်မှု ပိုမို လုပ်ဆောင်ရန် တိုက်တွန်း ခဲ့သည် ဟု ယမန်နေ့ က လစ်ဗျား
အတိုက်အခံ တို့ ထိမ်းချုပ်ထားရာဘန်ဂါဇီ မြို့ သို့ လာရောက် စဉ် ပြောကြား ခဲ့သည်။
အမေရိကန် အစိုးရ ၏ မောင်းသူမဲ့ လေယာဉ် များ သည် လစ်ဗျား ခေါင်းဆာင် ကဒါဖီ ခိုအောင်း
ရာ ထရီပိုလီ ရှိ စစ်စခန်း များ ကို ငရဲမီး ဒုံးကျဉ် ၄၂ လုံး ဖြင့် တိုက် ခိုက်ခဲ့ကြသည်။
ဆီးရီးယား
သောကြာ နေ့ က သမ္မတ ဘာရှား အယ်(လ) အာဆတ် နှုတ် ထွက် ဖို့ တောင်း ဆိုတဲ့ သူတွေ
ကို လုံခြုံရေး တပ်ဖွဲ့  တွေ နဲ့  ဘာရှား ရဲ့  သစ္စာ ခံ လက်နက်ကိုင် တပ်ဖွဲ့ တွေက ပစ်ခတ် ခဲ့လို့ 
အနည်း ဆုံး ၉၄ ဦး သေဆုံး ခဲ့သည်။ စနေ နေ့ တွင် သေဆုံးခဲ့သူများ အတွက် ဈာပန အခမ်း
အနား ဉ် ထပ်မံ ပစ်သတ် ရာ အနည်း ဆုံး ၁၂ ဦး သေဆုံး ခဲ့သည်။

Related Articles
- Gulf deal ‘close’ on Yemen crisis – Aljazeera.net (news.google.com)
- That’s #3: Yemen President Saleh Agrees To Step Down (businessinsider.com)
- Yemen’s Saleh Accepts Deal to Step Down – Wall Street Journal (news.google.com)
- Al Jazeera English Hopes Online Buzz Will Help Cable Campaign (huffingtonpost.com)
