ကော်လိုရာဒို ယာဉ်မောင်း လိုင်စင် ပြဿနာ မြန်မာ နိုင်ငံ မှ ရွှေ့ ပြောင်းလာသူများ ကြား ဂယက်ရိုက်

ကိုလိုရာဒို နှင့် ယူထ ပြည်နယ် တွင်း ရှိ မြန်မာ နိုင်ငံတွင်း မှ ရွှေ့ ပြောင်းလာသည့် တိုင်းရင်းသား များ ထံ မှ အခကြေးငွေယူပြီး မရိုးမသား လုပ်ဆောင် ပေးခဲ့သည့် ယာဉ်မောင်း သင်တန်းဆရာ Dennis Sieving

Updated၊     ၊ကော်လိုရာဒို ပြည်နယ် ရှိ ယာဉ်မောင်း
လိုင်စင် ထုတ်ပေးမှု ရုံး မှ  သင်တန်းဆရာ ၏ မရိုးမသား
လုပ်မှု ကို တိုင်တန်းချက်များ အရ အမေရိ ကန် နိုင်ငံ
အမိမြေ လုံခြုံရေးဝန်ကြီးဌာန က ၀င်ရောက် စစ်ဆေး
ပြီး သည့် အခါ ထိုသင်တန်းမှထုတ်ပေး ထားသည့်
ယာဉ်မောင်း လိုင်စင် ၁၄၈၀ ကို ပြန်လည် ရုတ်သိမ်း
လိုက် ပြီ ဟု Freedom News Group မှ သတင်း
ရရှိသည်။

ထိုယာဉ်မောင်း လိုင်စင် ကိုင်ဆောင် ထားသူများ
မှာ မြန်မာ နိုင်ငံ တွင်း မှ ပြောင်းရွှေ့ အခြေချ နေထိုင်သည့်
တိုင်းရင်းသား များ အများ စု ဖြစ်ပြီး ထိုသင်တန်း ဆရာ က
ထုတ်ပေးထားသည့် လက်မှတ်များ ကို ကိုင်ဆောင် သူများ
မှာ ကရင်၊ချင်း၊မွန်၊ ကချင် နှင့် မြန်မာ လူမျိုး များ က အများ
စု ဖြစ်ပြီး ဆူဒန် နှင့် ဆိုမာလီ နိုင်ငံများ မျာ ရွှေ့ ပြောင်းလာ
သူများ လည်း ပါရှိ သည် ဟု သတင်းရရှိသည်။

ထိုသင်တန်း ကျောင်း ဆရာ သည် ယာဉ်မောင်း လိုင်စင်ရရှိ ပြီး
သည် အထိ အပြီးအငြိမ်း ဒေါ်လာ ၆၀၀ဖြင့် ပြုလုပ်ပေးခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံ တွင် ယာဉ်မောင်း
လိုင် စင် လုပ်ဆောင် ရာ ဉ် ပထမအဆင့် ကွန်ပျူတာ ဖြင့် မေးခွန်း ၆၀ ကို KiOSK ကွန်ပျူတာ စနစ်ဖြင့်
ဖြေဆိုရပြီး အဆိုပါ သင်မောင်းလိုင်စင် ရရှိပါက ၊ ပြည်နယ် ဥပဒေများ ပေါ် မူတည် ၍ အနည်း ဆုံး အချိန်
ခြောက် နာရီ ရှိသည့် မောင်းနှင်မှု သင်တန်း ကို ဒေါ်လာ ၃၅၀ ပေး ၍ တက်ရသည်။ သင်မောင်း လိုင်စင်
နှင့် မောင်းနှင်မှု အချိန်ပြည့်ထောက်ခံ စာ ရမှာ သာလျှင် မြန်မာ နိုင်ငံ တွင် တိုင်ဝင် သည် ဟု ခေါ်သည့်
Road Test ခေါ် တစ်ဦးတည်းလမ်းပေါ် မောင်း နှင် နိုင်မှု လိုင်စင် ကို ရရှိကြသည်။

မြန်မာ နိုင်ငံ တွင်း မှ ရွှေ့ ပြောင်း လာသူများ မှာ အင်္ဂလိပ်စာ
အခက် အခဲ ကြောင့် DMV ဟု ခေါ်သည့် အစိုးရ ယာဉ်မောင်း
လိုင်စင် ဌာန ၏ ကနဦး ကွန်ပျူတာ ဖြင့် စစ်မေးမှု များ တွင်
မဖြေဆို နိုင်ကြသဖြင့် Dennis Sieving ကဲ့သို့  သင်တန်း
ဆရာ များ မှ တစ်ဆင့် ယာဉ်မောင်းလိုင်စင် များ ကို ရယူ
ကြခြင် ဖြစ်သည်။

ကော်လိုရာဒို နှင့် နယ်စပ်ခြင်း ထိစပ် နေသည့် ယူထ ပြည်နယ်
တွင် နေထိုင် ကြသည့် မြန်မာ တိုင်းရင်း သားများ မှာ လည်း
ထိုသင်တန်း ဆရာ တွင် သွားရောက် ဖြေဆိုကာ ယာဉ်မောင်း
လက်မှတ် များ ကို ကိုင်ဆောင် ထားကြသည့် အတွက် ယခု
ဖျက်သိမ်း ခံရမှု တွင် ပါသည် ဟု သတင်း ရရှိသည်။

ကော်လိုရာဒို ပြည်နယ် မှ အမိမြေလုံခြုံရေး ၀န်ကြီးဌာန မှ
ဝန်ထမ်း တစ်ဦးက  FNG သို့ ပြောရာတွင် ထိုသင်တန်း ဆရာ
နှင့် ဆက်စပ် ၁၂ ဦး ခန့် ကို စစ်မေး နေပြီး သင်တန်း ဆရာ
အား ဘာသာပြန် မြန်မာ
တိုင်းရင်းသား တစ်ဦး ကို လည်း မေးမြန်းနေသည် ဟု ဆိုသည်။

ထိုသင်တန်း ဆရာက ထုတ်ပေးထား သည့် လက်မှတ် ကို ကိုင်ဆောင် ထားသည့် ယူထ ပြည်နယ်မှာ
ချင်း တိုင်းရင်သူ တစ်ဦးက ” ပထမ သမီး က ဒီယူထ ရုံးမှာ ပဲ သင်မောင်း ရအောင် ဖြေပြီး လိုင်စင် လုပ်
မလို့  အဲဒါ ပို့ ပေး တဲ့ ကယ်ရီက ကော်လိုရာဒို မှာ လိုင်စင် လွယ်တယ် ဆိုပြီး ပြောလို့ သွား လုပ်လိုက်
တာ အခု အဖမ်း ခံရတဲ့ သမီး ဖြေခဲ့တဲ့ သင်တန်း ဆရာ ပဲ ဟု ဆိုသည်။

ထိုသင်တန်း တွင် လိုင်စင် ရရှိရန် အတွက် ဖြေဆိုမှု တွင် မော်တော် ကား ကို ၅ မိနစ် မျှ ရှေ့ တိုး၊နောက်
ဆုတ် မောင်း တတ် ရုံဖြင့် လိုင်စင် ရရှိသည် ဟု သွား ရောက် ဖြေဆို ခဲ့သူ တစ်ဦး က ပြောသည်။

သွားရောက်ဖြေဆို ခဲ့သူ အများ စုမှာ လိုင်စင် အစစ်အမှန် မှန်း အတုမှန်း မသိဘဲ ယာဉ်မောင်း လိုင်စင်
ဖြေဆိုရာတွင် လွယ် ကူသည် ဟု ဆိုခြင်း ကြောင့် သာ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ယူထ ပြည်နယ် လိုဂန် မြို့ တွင် နေထိုင်ပြီး ကော်လိုရာဒို သို့ သွားရောက် ကာ လိုင်စင်ရယူ ခဲ့သည့်
ကရင် လူမျိုး တစ်ဦးက သူ့ အား ကယ်ရီ ခေါ် ပို့ ဆောင်ပေးသည့် ပွဲစားအား  “ကျွန်တော်တို့ ကို လိုင်စင်
ရလွယ်တယ်၊ ဘယ်လောက် ပေးရင် ရတယ်ဆိုပြီး ခေါ် သွား လို့  သွားဖြေတာ အခု လိုင်စင်
ဖျက်လိုက်တော့ အလုပ်တောင် သွား လို့ မရတော့ ဘူး ကယ်ရီ ကို ပါတိုင် မယ် ” ပြောသည်။

ကော်လိုရာဒို တွင် ယာဉ်တိုက်မှု များ များ လာခြင်း ကို သက်ဆိုင်ရာအာဏာပိုင်များ မှာ စုံစမ်းစစ်ဆေး
ရာမှ မြန်မာ များ အများ စု ဖြစ်ပြီး ဆက်လက်စုံစမ်း မှု များ နှင့် သီးခြား တိုင်ကြားမှု များ အရ
ယခုကဲ့ သို့ လိုင်စင်များ ကို ပယ်ဖျက် အရေး ယူခြင်း ဖြစ်သည်။

အမေရိကန် ရောက် ရွှေ့ ပြောင်း မြန်မာ တိုင်းရင်းသားများ တွင် ဘာသာစကား အခက် အခဲ ရှိ
သောကြောင့် ယာဉ်မောင်း လိုင်စင် ပြုလုပ် ရာတွင် ဘာသာပြန် ၊ စကား ပြန် စသည် တို့ ကို ထိုဌာန
များက စီစဉ် ပေး မှု အားနည်းသောကြောင့်  အဆိုပါ ပြဿနာ ပေါ်ပေါက် လာရခြင်း ဖြစ်သည်
ဟု ယူထ ပြည်နယ် တွင် မြန်မာ ရွှေ့ ပြောင်း ဒုက္ခသည် များ အရေး စေတနာ့ ၀န်ထမ်း အကူအညီ
ပေး နေသည့်  နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး က ပြောသည်။

ဒီဒေသ တွေ မျာ အခြေချ တဲ့ ရွှေ့ ပြောင်း မြန်မာ တွေ ကို ဌာနေ အစိုးရ နဲ့ အရပ်ဘက် ဌာန တွေ က
အကူအညီပေးမှု နဲတယ်။ ဒုက္ခသည် စခန်းက လာသူတွေ ဆို ဗဟု သုတ နည်းရတဲ့ ကြားထဲ ဒီမှာ
ကျတော့ မျက်နှာလွှဲ ခဲပြစ် နဲ့ ဝတ်ကျေတမ်းကျေ ဆို တော့ ပိုဆိုးတယ်။ ဒုက္ခသည် အကူအညီပေး
ရေး ရုံးတွေ မှာ လုပ်နေတဲ့ သူတွေ ကို လိုင်စင် ဘယ်လို လုပ်ရလဲ မေးရင် ကော်လိုရာ ဒို ဖြစ်ဖြစ်။
အရီဇိုးနားဖြစ်ဖြစ်မှာ အခုလို သွားလုပ် လိုက် ကြလို့ ပဲ ပြောတယ်။ ဘာမှ ထိထိရောက် အကူအညီ
မပေး ဘူး လစာ ယူပြီးလိမ်နေတယ် ဟု ယူထ ပြည်နယ် မှ ကရင် အမျိုးသား တစ်ဦး က ပြောသည်။

ကော်လိုရာဒို အမိမြေ လုံခြုံရေး ၀န်ကြီး ဌာန နှင့် တရားရေး ဌာန လက်အောက် မှာ ပြည်တွင်း စုံစမ်း
စစ်ဆေးမှု ဗျူရို တို့ ၏ ပူးပေါင်း ဖော်ထုတ် ချက် အရ အဆို ပါ ဖြစ်ရပ် များ ကို စုံစမ်း စစ်ဆေး နိုင်ခဲ့
ခြင်း ဖြစ်ပြီး ကော်လိုရာဒို ပြည်နယ် ဒန်ဗာ မြို့  အမိမြေ လုံခြုံရေး ၀န်ကြီး ဌာန ၀န်ထမ်း တစ်ဦးက မူ
မရိုးမသား မှန် သိရှိလျှက် နှင့် ဥပဒေ ကို ချိုးဖောက် ကာ လိုင်စင် ရယူမှု ကြိုးပမ်း ရာဉ် မသိနားမလည်
သူများ ကို သဘောရိုး  မဟုတ်ဘဲ အခကြေးငွေ ဖြင့် လိုက်ပါ ပို့ ဆောင် ခဲ့သူများ ပွဲစား များ ကို ဆက်
လက် စုံစမ်း ဖော်ထုတ် သွား မည် ဟု ဆိုသည်။

DENVER — The state of Colorado has canceled the driver’s licenses of at least 1,400people who took
tests at the American Driving Academy.

Department of Revenue Spokesman Mark Couchsays the licenses were revoked to
protect public safety after an ongoing investigationrelated to an employee of the
driving school. He didn’t release details.

KUSA-TV reports the letters went to students instructed by Dennis Sieving.

Sieving told the television station Friday that he was contacted by the U.S. Department
of Homeland Security two months ago and was accused of falsifying paperwork for Burmese
students. Sieving denies the allegations.

KUSA reports he recently resigned as a driving instructor, citing health reasons.

Information from: KUSA-TV, http://www.9news.com

One thought on “ကော်လိုရာဒို ယာဉ်မောင်း လိုင်စင် ပြဿနာ မြန်မာ နိုင်ငံ မှ ရွှေ့ ပြောင်းလာသူများ ကြား ဂယက်ရိုက်

Comments are closed.