
ပုဂ္ဂလိက ဓာတ်ဆီဆိုင်များ တွင် ခွဲတမ်း စနစ်ဖြင့် ရောင်းချပေး သည့် စနစ် ကြောင့် ဒီဇယ်၊ဓာတ်
ဆီ စသည့် စက်သုံးဆီ ဈေး များ ပြန်လည် မြင့် တက် သွား ပြီး ဒီဇယ်ဆီ တစ်ဂါလံ လျှင် ကျပ်
၇၀၀၀ ခန့် ထိ ပေါက်ဈေး ရှိ ပြီး နယ်မြို့ အချို့ တွင် ဓာတ်ဆီ တစ်ဂါလံ မှာ ကျပ် ၆၀၀၀ ခန့် 
ဈေး ပေါက်သည်။
ဓာတ်ဆီဆိုင်များ တွင် မော်တော် ကား တစ်စီး အတွက် ၂ ဂါလံသာ ရောင်းချပေးမှု ကြောင့်
ဓာတ်ဆီ မှောင်ခိုရောင်း သည့် ဈေးကွက် တွင် ဈေးပြန်လည် တက်ခဲ့ခြင်း ဖြစ်ပြီး သင်္ကြန်
ကာလ အတွင်း က ရောင်း ချသည့် ဈေးနှုန်းထက် ကျပ် ၅၀၀ ခန့် ပိုမို မြင့်မား သည်။
နွေရာသီဉ် ရာသီဥတု ပူပြင်းသောကြောင့် လေအေးပေးစက်များ ဖွင့် ရန် အတွက် လိုအပ်သည့်
လျှပ်စစ်မီး ပုံမှန် မလာ သောကြောင့် မီးစက် ဖြင့် လျှပ် စစ်ဓာတ်အား ရယူရသများ မှာ ဒီဇယ်ဆီ
ကို အဓိက ထား သုံး ရသဖြင့် ဒီဇယ်ဆီ ဈေးမှာ အမြင့် ဆုံး သို့ ရောက် ရှိနေခြင်းဖြစ်သည်။
ဓာတ်ဆီဈေး မြင့်တက် မှု ကြောင့် အငှားယာဉ် နှင့် ခရီးသည်
ကား ပြေးဆွဲ သူများ မှာ လည်းတွက်ခြေမကိုက် ဖြစ်နေ ပြီး
CNG ဓာတ်ငွေ့ ထည့်သွင်း ပြေးဆွဲရသည့် မော်တော်ကား များ
မှာ လည် CNG ဆိုင်များ တွင် နေ့ တစ်ဝက် နီးပါး တန်းစီ
ရသည် ဟု သိရသည်။
ဂါလံ ငါးဆယ် ၀င် ဒီဇယ် တစ်ပေပါလျှင် ကျပ် နှစ် သိန်း ကျော်
ဈေး ပေါက်သည်။ ယခုနှစ် ဆန်းပိုင်းက တစ်ပီပါ လျှင် ကျပ်
တစ်သိန်း ခြောက် သောင်း ကျော်သာ ပေါက် ဈေး ရှိပြီး နိုင်ငံ
တကာရေနံစိမ်း ဈေးနှုန်း မြင့် တက်မှု နှင့် အတူ ပြန်လည်
မြင့်တက်ခဲ့သည်။
ပုဂ္ဂလိက ဓာတ်ဆီ ဆိုင်များဖွင့်လှစ် ပြီး ပါက မှောင်ခို ဓာတ်ဆီ ဈေးကွက် ပျောက် ကွယ် သွား
မည် ဟု အာဏာပိုင်များ က သုံးသပ် ခဲ့သော် လည်း ခွဲတမ်း စနစ် ကို အတည်ပြုပြီး နောက်
ပြန်လည် ကျယ်ပြန် လာခဲ့သည်။
ရန်ကုန် မြို့ မှ ပုဂ္ဂလိက ဓာတ်ဆီ ဆိုင် မန် နေဂျာ တစ်ဦးက စက်သုံး ဆီ များ ပြန်လည် မြင့်
တက် နိုင်ပြီး နိုင်ငံ တကာ ပေါက်ဈေး ကျဆင်း မှု မရှိ လျှင် တစ်ဂါလံ တစ်သောင်း အထိ
ဖြစ် နိုင် ဟု ပြောသည်။

နေ့စဉ်ဆီပန့်မှာတန်းစီပီးမှောင်ခိုးထုတ်ရောင်းနေသူတွေကိုတားမြစ်ဘို့နဲ့
တကယ်လိုအပ်သူတွေကိုပုံမှန်သုံးစွဲနိုင်အောင်..
အစိုးရကစီစဉ်ပေးယင်ကောင်မယ်လို့ထင်မိတယ်….
မလိုအပ်သူတွေကနေ့မအိပ်ညမအိပ်စောင့်ပီးထုတ်ရောင်း..
အလုပ်တဖက်နဲ့တာဝန်တွေနဲ့အလုပ်လုပ်နေသူတွေတန်းမစီနိုင်သူတွေကျတော့…
တဆင့်ပြန်ဝယ်သုံးရတာအဆင်မပြေသလို..မှောင်ခိုသမားတွေလိုတန်းမစီနိုင်တော့..
အလွန်ဒုက္ခရောက်ပါတယ်..
အဲ့ဒါကိုနိုင်ငံတော်အစိုးရကသိရဲ့နဲ့မသိဟန်ဆောင်တာလား..
စီစဉ်ပေးဘို့ခက်နေတာလား..
ထိန်းမနိုင်တာလား…လာဒ်ပေးလာဒ်ယူတွေများေးနတာလား..
နိုင်ငံတွင်းအလွန်မင်းတရုပ်ပျက်နေတဲ့ဆီပန့်တန်းစီစနစ်ကို
ထိရောက်စွာကြပ်မတ်ပေးစေချင်ပါတယ်
အမှန်တကယ်ကိုပြဿနာတစ်ခုဖြစ်နေသလို ပိုမိုကြီးထွားလာနိုင်ပါတယ်။ အချိန်မီ မှန်ကန်စွာဖြေရှင်းပေးမှ ပြည်သူအားလုံးအတွက်ရော ၊ စီးပွားရေးသမား ၊ ၀န်ထမ်းများအတွက်ပါ သက်သာပါလိမ့်မယ်။ ပြဿနာ အကြီးကြီးတစ်ခု ဖြစ်ပါတယ်။