တင်ကျော်ကျော်စိုး ၊ ၊မြန်မာ စစ်ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး လက်ရှိ နိုင်ငံ ၏ အမြင့်
ဆုံး အာဏာ ကို ရယူ ပိုင်ဆိုင်ထားသည့် ဗိုလ်ချုပ်မှုးကြီး ဟောင်း ဦးသန်းရွှေ သည် ၎င်း ၏
ဘ၀ ဖြစ်စဉ် အား မြန်မာနိုင်ငံ တွင်း ရှိ နာမည် ကျော် စာရေး ဆရာ အချို့  နှင့် တိုင်ပင် ပြီး
ရေးသား လျှက် ရှိကာ မကြာမှီ ထုတ်ဝေနိုင်ရန် စီစဉ် နေသည် ဟု FNG မှ သတင်း ရရှိသည်။
ရက်စက် သော စစ်အာဏာရှင် တစ်ဦး ဟု နိုင်ငံသား များ က သာ မက ကမ္ဘာက ပါ ထင်မြင်ကြသည့်
မြန်မာ စစ်ခေါင်းဆောင်၏ ကိုယ်ရေး အတ္ထုပတ္တိ စာ အုပ် တွင် အခန်း ၈ ခန်း ပါရှိပြီး ပထမ ဦးဆုံး
အခန်း တွင် မတ်လ ၃၀ ရက်နေ့ မြန်မာ နိုင်ငံ ဉ် အရပ်သား အစိုးရ သစ် စတင်ပြီး စစ်ကောင်စီ ဖျက်
သိမ်း လိုက်သည် ဆိုသည့် သတင်း ကို ရုပ်သံ မှ ထုတ်လွှင့် ကြေငြာသည့် အခါ ဗိုလ်ချုပ်မှုးကြီး သန်း
ရွှေက ထို သတင်း ကို နားထောင် နေ ပုံ နှင့် အစချီထား ပြီး သူ့  ငယ်ဘ၀ ကို ပြန်လည် ရောက် ရှိ
သွား ကာ သူ၏ ဇာတိ ကျောက်ဆည် လယ်တွင်း ကိုး ခရိုင် အညာတွင် ရေရှား သဖြင့် လက်ယက်
တွင်း မှ ရေ ကို သောက်ရေ အဖြစ် စောင့် ယူ ရ ပုံ တို့  ပါရှိသည်။
အခန်း ၂ တွင် သူ ၏ ကျောင်းသား ဘ၀ ၊ စာတိုက် စာရေး
ဘ၀ နှင့် စစ်တပ် တွင်း ၀င်ရောက် ရန် မေးမြန်း စုံစမ်း ပုံ ၊
စာအိတ် များ တွင် ထိုခောတ်က မြန်မာ့ တပ်မတော်
အရာရှိ များ နှင့် စစ်တပ်များ က စာပေး စာယူလုပ် ပုံ
ရာထူး အဆင့် များ ကို မြင်ရသည့် အခါ အားကျလာပြီး
စစ်တပ် ထဲဝင် ချင် လာပုံ ၊ မိဘ ကို လုပ် ကျွေး ပုံ
တို့ ကို ဖော်ပြထားသည်။
အခန်း ၃ တွင် စစ်တပ် ထဲ ၀င်ရောက် ပြီး နောက်
စစ်သင်တန်း တက် ရောက်သည့် အတွေ့ အကြုံ နှင့်
ထိုခောတ် က နာမည် ကျော် စစ်အရာ ရှိများ ကို
တွေ့ ရသည့် အခါ နာမည် သာ ကြားဖူးပြီး လူမမြင်
ဘူးသည့် အတွက် ယခုကဲ့ သို့  မျက် ကိုယ်တွေ့ 
ကြုံရသည့် အခါ များ တွင် ကြက်သီး မွေးညင်း ထ
သည် အထိ ဖြစ်ရ ပုံ တို့ ကို ဖော်ပြထားသည်။
အခန်း ၅ တွင် စစ်တပ် ၁၉၈၈ စစ်တပ် မှာ အာဏာသိမ်း သည် တွင် စပြီး ဖြစ်ရပ် မှန် များ ပါရှိ ခြင်း
သိပ်မရှိ တော့ ဘဲ နိုင်ငံခြား တပ် များ ၀င်ရောက် လာပြီး ပြည်ထောင် စု ပြို ကွဲ မှာ ဆိုးသည့် အတွက်
ဦးနေ၀င်းဗိုလ်ချုပ် ကြီး စော မောင် ၊ ဗိုလ်မှုးချုပ် မျိုးညွန့်  နှင့် သူအပါအ၀င် ခေါင်းဆောင် စစ်ခေါင်း
ဆောင် ၁၄ ဦး တို့ တွေ့ ဆုံပြီး အာ ဏာသိမ်း ယူ လိုက် ရပုံ တို့ ကို သဲထိတ် ရင် ဖို ဖွယ်ရာ ဖော်ပြထား
သည်။
အခန်း ၆ တွင် တိုင်း ပြည်ကို ပြန်လည် တည်ဆောက် ရာဉ် သူ့ တွင် အစား ပျက် အအိပ် ပျက် ၍ လေ
ရောဂါ ရကာ ကျန်းမာရေး ချို့ ယွင်း လာ ပုံ ကို ဖော်ပြထား ပြီး န၀တ မှ နအဖ စစ်အစိုးရ ပြောင်းလဲ
လိုက် ပုံ တွင် အာဏာသိမ်းမှု တွင် ပါဝင် ခဲ့သည့် စစ်ဗိုလ်ချုပ် အချို့ ကို ရာထူး မှ အနား ပေး လိုက်ပုံ၊
စီးပွားရေး ပိတ် ဆို့ မှုများ နှင့် ပြည်တွင်း ငြိမ်း ချမ်း ရေး အတွက် တိုင်းရင်း သား အဖွဲ့ များ ငြိမ်းချမ်း
ရေး ရယူ နိုင်ပုံများ တွင် သူက အက္ခရာ ကျပုံ များ ကို ဖော်ပြထားသည်။
စာအုပ် ၏ အခန်းစီတိုင်း တွင် ငယ်စဉ် မှ အစ ပုသိမ် မြို့ တွင် တာဝန် ကျပုံ မှ အလယ် နေပြည်
တော် ကို ပြောင်း ရွှေ့ သည် ထိ အဆုံး တွင် သူ နှင့် သူ့ မိသား စု မှ ဘာသာရေး ကို သက်ဝင်
ကြည်ညို ပုံ နှင့်ကောင်းမွန်သည့် မြန်မာ နှင့် နိုင်ငံတကာ ဆက်ဆံ ရေး ကို သူ ပြန်
လည်တည်ဆောက် နိုင်ခဲ့ပုံ တို့ ကိုဖော်ပြထားသည်။
အခန်း ၆ တွင် တိုင်းပြည်အတွက် အရေးကြီးသည့် ကဏ္ဍ နှင့် ဖြစ်ရပ်များ ပါရှိပြီး ဗိုလ်ချုပ်ကြီး ခင်
ညွှန် နှင့်ထောက်လှမ်းရေး အဖွဲ့ ၏ မရိုးမသား လုပ်ရပ် များ ကြောင့် တိုင်းပြည် နှင့် လူမျိုး အပေါ်
အန္တရယ် ဖြစ်လာ ၍ ဖယ်ရှား လိုက်ရ ပုံ ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့် သည် ရှမ်းပြည် မှ လက် နက် ကိုင်
အချို့ ၏ ကျောထောက် နောက် ခံ ဖြင့် အာဏာသိမ်း ယူရန် ကြံစည် နေသလို ပင် ဖော်ပြထားသည်။
အခန်း ၈ တွင် မူ ရွှေဝါရောင် တော် လှန် ရေး မြန်မာ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည် ကို သူပင် မသိရှိ
လိုက် သလို ရေးဖွဲ့ ထားပြီး ဆန္ဒခံယူ ပွဲ ၊ နာဂစ် လေမုန် တိုင်း ၊ ဒေါ်အောင်ဆန်းစုကြည် အား သူက
သဘောထားကြီး စွာ၊ ထောင် မချ ပုံ သဘောထား ကြီးစွာ ဖြင့် ပင် ပြန်လွှတ် ပေးခဲ့ ပုံ တို့ ကို ဖော်
ပြထား သည်။
စာအုပ် ၏ အခန်း စီတိုင်း ဉ် အတိုက် အခံ နိုင်ငံ ရေးသမား များ အာဏာလွှဲပေး ချင် သော်လည်း
တိုင်းပြည်ကို နိုင်နိုင် နင်းနင်း အုပ် ချုပ် နိုင်စွမ်း ရှိမည့် ပုံ မမြင် သဖြင့် လွှဲချင် သော်လည်း လွှဲမပေး
နိုင်ခဲ့ ပုံ တို့ ကို နိုင်ငံ တကာ အခြေ အနေ များ နှုင့် ဆက်စပ် ဖော်ပြထားသည်။
အခန်း ၅ တွင် သူသည် ရံဖန် ရံခါ ရန် ကုန် နှင့် မန္တလေး အပြင် အခြား မြို့ များ ဉ် သူ နှင့် သူ့ ဒရိုင်ဘာ
တစ်ဦး တည်း မော်တော်ကား ဖြင့် လှည့် လည် ကာ တိုင်းပြည် အခြေ အနေ လေ့လာ ကြာရာ ဉ် တာ
မွေ လမ်း ဆုံး တွင် လမ်းကြော မှားယူ မိသသည့် အတွက် အမြန်ယာဉ် ငယ် လိုင်း မှ စပယ် ယာ တစ်
ဦးက ကြမ်းတမ်း စွာ ဆဲ ဆိုသွား ပုံ ကို နောင် တွင် သူ ၏ ယာဉ်မောင်း နှင့် ကိုယ်ရေားအရာရှိ က
အရေးယူရန် ပြင်ဆင် ခဲ့သော် လည်း သူ က သဘောထား ကြီးစွာ ထား ပုံ တို့ ကို အသေးစိတ် ရေး
ဖွဲ့ ထားသည်။
သူကြိုက် နှစ် သက် သည့် ရုပ်ရှင် နှင့် ရုပ်သံ ဇာတ်ကား များ ကို လည်း ထည့် သွင်းဖော်ပြထားပြီး
တစ်ချိန် က မြန်မာ့ ရုပ်မြင် သံကြား ဇာတ်လမ်း တွဲ တွင် ပြသခဲ့သည့် အမေရိကန် ရုပ်သံ ဇာတ်
လမ်း တွက် Combat နှင့် Saving Private Ryan နှင့် We were soldiers ဇာတ်ကား များ ကို
လည်း နှစ်သက် သည် ဟု ပါရှိသည်။
ဝီကီပီဒီးယား ၀ဘ်ဆိုတ် ကို နှစ်သက် ပြီး ၁၉၉၄ ခုနှစ် ကမ္ဘာ့ ဖလားပွဲ တွင် အသင်း ခေါင်းဆောင်
ဘက်ဂီယို ၏ ပယ်နတီ သွင်းဂိုး ချော် ထွက် မှု ကြောင့် အီတလီ အသင်း ဘရာဇီ အသင်း ကို ရှုံး
နိမ့်ကာ ဒုတိယ နေရာတွင် ပင် ကျေနပ် လိုက် ရပုံ တို့ ကို သူအမြဲ မျက်စေ့ထဲ တွင် မြင်ယောင်ပြီး
သင်ခန်းစာ ယူသည် ဟု ဖော်ပြပါရှိသည်။
အနှစ် ချုပ် တွင် မဟာဗျုဟာ မြောက် အနေအထား တွင် ရှိသည့် မြန်မာ နိုင်ငံမှာ စစ်ရေးအမြင်မရှိ
သည့် ပုဂ္ဂိုလ် တစ်ယောက် ကို တိုင်းပြည် ခေါင်းဆောင် အဖြစ် တာဝန်ပေး ရန်မှာ လုံးဝ မဖြစ် နိုင်
ဟု ကောက် ချက် ဆွဲ ပြီး သုံးသပ် ထားသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ကိုယ်ရေး အထ္တုပတ္တိမှာ အများ ပြည်သူများ အကြား သို့ မဟုတ် စစ်တပ်
တွင်း အရာ ရှိ များ လောက် ပင် ဖတ် ရန် ကန့် သတ် ထား မည် လား ဆိုသည် ကို မူ မည် သူမျှ မသိ
ရှိရသေး ပေ။
သူ့ အား မျိုးချစ် စိတ် ထက်သန် သူ အဖြစ် ၎င်း တိုင်းပြည်ကြီးပွား တိုးတက် အောင် စွမ်းဆောင် သူ
အဖြစ် ၎င်း ခောတ် မှီ တပ်မတော် အဖြစ် ၎င်း ဖော်ပြထား ခြင်းကြောင့် မျိုးဆက် သစ် အရာရှိ များ က
သူ့ ကို လေးစား အတူ ယူ ရအောင် ဟစ်တလာ ၏ မိန်းကမ့် ( ကျွန်ပ် ၏ စွန့် စား ခန်းများ) စာအုပ်
ကဲ့ သို့  မြန်မာ စစ်တပ် ၏ သမ္မာ ကျမ်းစာ သဖွယ် ဖန် တီး ထား ပြီး နောင် တွင် စစ်တက္ကသိုလ် စသည်
တို့ ဉ် သင်ရိုးညွှန်းတမ်း အဖြစ် အသုံး ပြုရန် ရည် ရွယ် ထား သည် ဟု စစ်တပ် အရာ ရှိ တစ်ဦးက ထင်
မြင် ချက် ပေးသည်။
မြန်မာ နိုင်ငံ တွင်း မှ သတင်း အယ်ဒီတာ တစ်ဦးက မူ တကယ့် အဖြစ် မှန် တွေ ပါရင် တော့ ကောင်းတာ
ပေါ့ သူ့ အကြောင်း ကို ဘယ်သူမှ မသိသေးတော့ သိချင် ကြတယ်။ လိမ်တာ ညာတာ တွေ မပါ ရင်တော့
ကမ္ဘာ ကျော် နိုင်တယ် ။ သတင်းစာ လို အလိမ် အညာ တွေ ပဲ လာရင် တော့ ဘယ်သူ့ မှ ဖတ်မှ မဟုတ်
ဘူး ဟို သုံးသပ် သည်။
မြန်မာ နိုင်ငံ ရေး အကျဉ်းသား တစ်ဦးက မူ ” ဘန်နီဒစ် ရော်ဂျာ တို့ လို နိုင်ငံခြားသားတွေ ကလည်း အခု
သူ့ ရေးတယ်လေ အကြောင်း နိုင်ငံ တကာမှာ နဲ့ ပြည်တွင်း မှာ ပျက် နေတဲ့ သူ့ အင်မေ့ခ်ျ ကို ပြန်ထုဆစ်
တာပေါ့ ၊ ထင်တာ က ပြည်တွင်း ရော ပြည်ပမှာ ပါ သူ ဖြန့် မယ် ထင်တယ် ဟု ဆိုသည်။
လက်ရှိ မြန်မာ စစ်တပ် နှင့် အစိုးရ ပိုင်းတွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မှာ အာဏာချုပ်ကိုင် ထားခြင်း ရှိ
မရှိ နှင့် ပတ် သက်ပြီး ငြင်းခုံမှု ပြုကြသည် များ နှင့် ပတ်သက် ပြီး မြန်မာ စစ်ခေါင်းဆောင် ၏ အနေအထား
ကို နိုင်ငံတကာ ရုပ်ရှင် ဆောင်းပါး များ ရေး သူ ကို ငြိမ်းချမ်းငြိမ်း ကို မေးမြန်း ကြည့်ရာ သူက
” ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဟာ အာဏာရှိသေးတယ် မရှိတော့ ဘူး ဆိုတာ ထက်၊ စစ်တပ် က မာ
ဖီးယား ပုံစံ ဖြစ်သွား ပြီး ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ကတော့ ဂေါ့ဖားသား နေရာ ပါ။ ဒါရိုက်
တာ ဖရန်စစ် ဖို့ ကော်ပိုလာ ရဲ့  God Father ရုပ်ရှင် ထဲက Marlon Brando ကြီးလိုပေါ့ ဟု
ပြောသည်။
Archive: Senior General Than Shwe Autobiography

now i’m 26th i really don’t know his father and mother name
အထ္ထုပတ္တိဆိုတာ ကိုယ့်ဘ၀အကြောင်းအမှန်တွေကိုပဲ ရေရတဲ့စာမျိုးပါဗျာ အခုရေးထားတာက ကိုယ်ရည်သွေးစာအုပ်ပဲဖြစ်မှာပါဗျာ
However, there’s nobody who save himself. We want only one thing, that’s the reality.
ဘာဘဲ ပြောပြော သန်းရွှေ ဆိုတာ သန်းရွှေ ပါဘဲခင်ဗျား။
ခွေးကလေးသန်းရွေရေ မင်းအကြောင်းလူတိုင်းသိပါတယ်ကွာ မင်ရေးချင်တာစောက်သလွဲရေးပြီးပြည်သူတွေဆီကငွေရှာအုံးမလို့လား မင်းကတော့စောက်သလွဲဘဲ မင်းကိုဘယ်သူကအကောင်းပြောမှာလဲ ငါးနှစ်ခလေးမေးကြည့်ရင်တောင်မင်းဘာကောင်လဲဆိုတာသိတယ်ကွာ
အင်း ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်ဒို့နိုင်ငံမုာ ဖြစ်နေတာတွေကို ကျွန်တော်သိတဲ့ ဟာလေးတွေကို ပြောချင်တာပါ အဲဒါတွေကလည်း တော်တော်ကိုထိရောက်ပါတယ် တကယ်လို့ သိချင်တယ်ဆိုရင်တော့ မေးပို့ထားလိုက်ပါ ခင်ဗျာ
ဟာသ၀တ္ထုလားဟင် ?
Writer- D.R.Mg Mg of U Ne Win’s bio became latest president of BSPP(MaSaLa) and now,wait & see future of writer and his companions 0f Bo Than Shwe’s bio.
ဖတ်တာကတော့ဖတ်ကြည့်ရဦးမှာဘဲ
ဒီခေတ်ကြီးမှာတော့
သူရေးခြင်တာရေးလို့ရပေမယ့်
ဘယ်သူမှအားလုံးကိုယုံမည်မထင်
သူ့ကိုလက်မခံတဲ့သူတွေကြားမှာ
ဒီလိုသူရေးရဲတယ်ဆိုတော့
ကျုပ်တို့လေ့လာသင့်တယ်
ဒါပေမယ့်ခုကတည်းက
သူ့အာဘော်တွေကို
ပြောင်းပြန်
ပြန်တွေးကြည့်ထားပြီးပြီ
စာအုပ်ထွက်လာမှဝယ်ပြီး…ဖတ်မည်…လို.တော့မထင်လိုက်ပါနဲ့
တရွက်ချင်းစီဖြဲပြီး…ပယ်ပယ်နယ်နယ်…ချီးကုန်းစက္ကူလုပ်ပစ်အုံးမယ်… :)
If every winners had the rights to write their history,we had the rights to write our history because we were leaders of General Strikes Committee,Rgn,Burma(8888)on over one million democratic strikers on freedom of Burma for one month and at that moment,we had people’s power to write Burma’s revolutionary history and rights too to move General villages but ununity of 5-biggest leaders had to let to be our historical bad fate and should consider to new generations about it.
History existed on three struggles of class,Human & Nature and Human’s production and Winner had no rights to write it and any body has no rights to remove failers and History is history and every body should know all bad & good factors in history.Some talked that If winning,hero but if fallen,traitor and if you would like to be an hero,do to win one hundred victories on one hundred fightings.
history is written by winners. if Hitler won WWII he will known as hero of the world. IF Burmese military still rule Burma 50 years from now, Than Shwe will probably known as hero in our future generations. my young nieces and nephews do not know who U ba win, U razat, U Ba Cho….and so on are. so have to make sure our children know real history and teach them the truth and try to stop the military from winning so the real history can be written .
လူတွေပြောနေကြတဲ့ ကိုယ့်သမိုင်းကိုယ်ရေးတယ်ဆိုတဲ့ စကားကိုသူကနားလည်မှုလွဲတာလား၊ တကယ်သဘောမပေါက်တာလားတော့ မသိဘူး၊ သူ့သမိုင်းကိုသူကိုယ်တိုင်တိတိကျကျကောင်းအောင် ရေးတာနေမှာပေါ့။ရေးပါစေလေ။ လူတွေမှာ ဦးနှောက်ရှိပါတယ်။
ဝယ်ပြီး ဖတ်ကြည့်လိုက်မယ် ဆိုရင်တော့ အဆိပ်အတောက်တွေကို လက်ခံလိုက်သလို ဖြစ်သွားမှာ….. နောင်လာ နောက်သားတွေကိုပါ အဆိပ်ခပ် မယ်ထင့်တယ်…..။
သူ့ရဲ့ ရှုမငြီးတဲ့ မိန်းမကြီးကိုရော ဘယ်လိုအဖတ်တင် လိုက်တယ်ဆိုတာများ ပါသလားမသိဘူး…..။
သူ့သမီးကို ယူခိုင်းဖို့ ယောင်္ကျား ခက်ခက်ခဲခဲ ရွေးရတာတော့ ထည့်မယ် မထင်…..။
Cleaver Idiot,he destroyed everything.Especially our mentality.Rot In Hell..
သမိုင်းရာဇ၀င်မှာ စံတင်လောက်အောင် မိုက်ရိုင်းဆိုးသွမ်းခဲ့တယ်ဆိုတာ သူ့ကိုယ်သူလည်း သိတယ်လေ..ဒါကြောင့် သူမသေခင်မှာ သူ့သမိုင်းကိုသူကောင်းအောင် အလိမ်အညာတွေနဲ့ဖုံးဖိရေးဘို့ ကြိုးစားတာပေါ့..နောင်တခတ်မှာ မသိတဲ့သူတွေ အမှန်ထင်နိုင်အောင်လေ..သမိုင်းဆိုတာ ညာလို့မှမရတာ..အထူးသဖြင့် သူ့လိုလူတစ်ယောက်အတွက် ဖုံးကွယ်လိမ်ညာဘို့ဆိုတာ မဖြစ်နိုင်ပါဘူး..ဦးနှောက်ရှိတဲ့သူတိုင်း သန်းရွှေ ဘယ်လိုလူလည်းဆိုတာ သိကြပါတယ်..
ကောင်းတယ်၂ သူ့အကြောင်းအသေးစိတ်ရေးရင် အရောင်းကောင်းအုံးမှာ။ ဓါးပြ တိုက်ခဲ့တာတို့။ ခိုးခဲ့တာ တွေ ၊ စသည်ဖြစ်….
ကိုယ်ငါချဉ်လေ