မေလ ရုပ်ရှင် အညွှန်း

နွေရာသီ အတွက် လူကြိုက် များ တဲ့ ရုပ်ရှင်ကား(Blockbuster) တွေ ကို စတင် ပြသနေပြီ ဖြစ်
သည်။ သောကြာနေ့ က အမေရိကန် နိုင်ငံ မှာ စတင် ပြသနေ တဲ့ Fast and Furious 5 ဇာတ်
ကား ဆိုရင် လူငယ်တွေ အကြိုက်များ ပြီး ပြင်ကား မောင်းသမား အုပ်စုတွေ က Fast and Furious
ဇာတ်ကားထဲက မော်တော်ကားတွေ အတိုင်း မောင်းနှင်ပြီး လာရောက် ကြည့်ရှု ကြလို့ ရုပ်ရှင် ရုံ
တွေ မှာ ရဲတွေ ၊ လုံခြုံရေး တွေ ပါ ချထား ရပါတယ်။ Fast 5 လို့ ခေါ်တဲ့ Fast and Furious 5
ဇာတ်ကား ဟာ ၂၀၀၉ ခုနှစ် က ရုံတင် ပြသခဲ့တဲ့ Fast and Furious ရဲ့  နောက် နှစ်နှစ် အကြာမှာ
ထွက်လာတဲ့ ဇာတ်ကား ဖြစ်ပြီး The Fast and Furious Film series ထဲ က ပဉ္စမ မြောက်
ဇာတ်ကား ဖြစ်ပါတယ်။

The Fast and Furious Film series ရဲ့  ပထမ ဆုံးဇာတ်ကား ကို ၂၀၀၁ ခုနှစ်ဇွန်လ ၂၂ ရက်
နေ့ မှာ စတင်ဖြန့် ချိခဲ့ပြီး လူကြိုက်များ ကာ ငွေကြေး အမြတ် အစွန်း ရရှိတာကြောင့် ၂၀၀၃ ခုနှစ်
ဇွန် လ မှာ 2 Fast 2 Furious  ကိုဖြန့် ချိခဲ့ပါတယ်။ Tokyo Drift ကို ဖြန့် ချိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ
Fast and Furious ကို ဖြန့် ချိ ခဲ့ပါတယ်။

ပထမ ဦးဆုံး ဇာတ်ကား နှစ်ကား ကို လူမည်း ဒါ ရိုက်တာ ဂျွန်ဆင်ဂယ်(လ)တန် က ရိုက်ကူးခဲ့တာ
ဖြစ်ပြီး Tokyo Drift  ကစပြီး ကျန် တဲ့ ဇာတ်ကား တွေ ကို ထိုင်ဝမ် ဒါရိုက် တာ ဂျွန်ဆင် ဂယ်(လ)
တန် ( အာ နိုး ပြန်လည် ပါဝင် သရုပ်ဆောင် ထား သည့်  ( Terminator 5  ကို ရိုက်ကူး မည့်
သူ ) က ရိုက် ကူးထား ပါတယ်။

ဒီဇာတ် ကား တွေ ရဲ့  ပင်တိုင် သရုပ်ဆောင် တွေ ကတော့ ပေါလ်ဝေါ်လ်ကာ၊ ဗင် ဒီဇယ်(လ)
မစ် ချယ် ရောဇ် ဒီ ကွေဇ် တို့ ဖြစ် ပြီး ဇာတ်လမ်း အလိုက် အလှည့် ကျ ဧည့်သည် နဲ့ ဇာတ်ပို့ 
သရုပ်ဆောင် တွေ လည်း အမြောက် အမြား ပါရှိ ပါတယ်။

ဒီဇာတ် ကား ဟာ အမေရိကန် နိုင်ငံ ကာလီဖိုး နီးယား ပြည်နယ် နဲ့  တခြား မြို့ တွေ မှာ တွင်
ကျယ် နေတဲ့ လူငယ် တွေ စု ပြီး အာဏာပိုင် တွေ မသိအောင်  ပြိုင် ကား အမောင်းပြိုင် ပြီး
ငွေကြေး ရှာဖွေ ကြတာ ကို အခြေခံ ပြီး ရိုက် ကူး ခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကား ထွက် ပြီး နောက် မှာ  လူငယ် တွေ  ပြိုင် ကား မောင်း တဲ့ ယဉ်ကျေးမှု ဟာ ပေါ်
ပြူလာ ဖြစ်လာ တဲ့ အပြင် မလိုလား အပ်တာ တွေ ၊ မူးယစ် ဆေးဝါး စတဲ့ ဆိုးကျိုး သက်ရောက်
မှု တစ်ချို့ ပါ ဖြစ် ပေါ်လို့  လူမှု အဖွဲ့ အစည်း တစ်ချို့ က ဒီဇာတ်ကား ကို ပြသဖို့ ရပ် ဆိုင်း ဖို့ လည်း
တိုက် တွန်း ကြပါတယ်။

Pirates of the Caribbean ဇာတ်ကား ၏ စတ္ထုထ မြောက် ဇာတ်ကား ဖြစ်သည့် On Stranger Tides
ရုပ်ရှင် အညွှန်း ကို မနက် ဖြန် တွင် စောင့် မျှော် ဖတ် ရှုပါ။