နာမည်ကြီး ကျောင်းဝင်ကြေး သိန်းရာ ကျော် ဈေးပေါက်

SPECIAL REPORT
နေမျိုးဦး၊                 ၊၂၀၁၁-၁၂ ပညာသင် နှစ် အတွက် အခြေခံပညာ အထက်တန်း ကျောင်းဝင် ခွင့် များ ကို
မေလ ၁၀ ရက် နေ့ မှစတင်၍ လက်ခံ မည်ဖြစ်ရာ ရန်ကုန် မြို့ ရှိ အထက (၁)ဒဂုံ၊ အထက (၂) ဗဟန်း၊ အထက
(၂) လသာ ၊ အထက အထက (၁) ကမာရွတ် စသည့် ကျောင်း များ မှာ ကျောင်း ၀င်ကြေး ကျပ် ငွေ သိန်း ၁၀၀
မှ သိန်း ၂၀၀ အထိ  ဈေးပေါက်သည် ဟု FNG မှ သတင်း ရရှိသည်။

ရန်ကုန် မြို့ အလံပြဘုရားလမ်း ရှိ အထက(၁)ဒဂုံ အထက်တန်း ကျောင်း တွင်  သားသမီး ဖြစ်သူ ကျောင်း
တက် နိုင်ခွင့် ရရှိရေး အတွက် သွားရောက် စုံစမ်း ရာ သူငယ်တန်းမှ စတက် မည့် ကျောင်း သား တစ်ဦး မှာ
ကျပ် သိန်း ၄၀ ခန့် ပေါက်ဈေး ရှိပြီး ၊ အလယ်တန်း မှ စတင် တက်ရောက် မည့် ကျောင်းသား များ မှာ ကျပ်
ငွေ သိန်း ၁၀၀ ထိ ဈေးရှိသည် ဟု ပြောသည်။

မြန်မာ နိုင်ငံတွင် ၂၀၀၉ ခုနှစ် က စပြီး ပုဂ္ဂလိက ပညာသင်ကြားမှု စနစ် ကို စတင် စမ်းသပ် အကောင် အ
ထည် ဖော် မည် ဟု ကြေငြာ ခဲ့သော် လည်း အခု အချိန် အထိ သေချာ ရေရသည့် သတင်း ထုတ်ပြန်မှု များ
ပြုလုပ် ခဲ့ခြင်း မရှိသေး ဟု ရန်ကုန် မြို့  မှ ရူပဗေဒ ဘာသာရပ် ကို
ပို့ ချသည့် ကျုရှင် ဆရာတစ်ဦး က ပြော

သည်။

နာမည် ကြီး ကျောင်းများ က သိန်း ၁၀၀ ကျော် ယူချိန် တွင် ဆင်ခြေဖုံး
ရှိ နာမည် မကြီး သည့် ကျောင်း များ
ကလည်း ၅ သိန်း၊ ၁၀ သိန်း စ
သည်ဖြင့် ကျောင်း အုပ်ချုပ် ရေး အဖွဲ့ များက တောင်း ကြသည် ဟု သိရသည်။

မြန်မာ နိုင်ငံတွင် လက်လုပ် လက် စား များ အများ ဆုံး နေ ထိုသည့်
လှိုင်သာယာ မြို့ မှ အစိုးရ ကျောင်း များ
သည် ပင် ကျောင်း ၀င် ကြေး
အနည်းဆုံး ၅ သောင်း မှ ၁ သိန်း ထိ တောင်း သည် ဟု သိရသည်။

မြောက် ဥက္ကလာ ပ မြို့  သုဓမ္မာ လမ်း တွင် နေထိုင်သည့် ခြောက်တန်း
ကျာင်း သူ တစ်ဦး က သမီး တို့ က နယ်
က ပြောင်း လာတာ ၊ ဒီမှာ ကျောင်း တက် ဖို့ သွားစုံ စမ်း တာ ကျောင်း
က သောက် ရေကန် ပြင် ဖို့  အတွက်
၃ သိန်း လှု ဖို့ ပြောတယ် ဟု သူမ တွေ့ ကြုံ ခဲ့ရ ပုံ ကို ပြောသည်။

မြန်မာ နိုင်ငံ ၏ ပညာရေး စနစ် မှာ နိုင်ငံတကာ နှင့် နှိုင်းယှဉ် လျှင် လွန်စွာ နိမ့် ကျနေပြီး ဒေသတွင်း နိုင်ငံ များ
၏ အဆင့် ကို ပင် မမှီ သော ကြောင့် ငွေကြေး တတ် နိုင်သူ များ မှာ ၎င်း တို့  ၏ သား သမီး များ ကို နိုင်ငံ
ခြား သို့ ပို့ လွှတ်ကာ သွား ရောက် ပညာသင်ယူစေသည်။

နိုင်ငံခြား တက္ကသိုလ် များ တွင် တက်ရောက် ပညာ သင်ကြား နိုင်ရန် အကျိုးဆောင် သည့် စီးပွားရေး လုပ်
ငန်းများ လည်း မြန်မာ နိုင်ငံ တွင် ထွန်းကား လာပြီး အထူးသဖြင့် နိုင်ငံခြား တက္ကသိုလ်  ပညာရေး ၀န်ဆောင်
မှု မှာ မြန်မာ နိုင်ငံ ၏ နိုင်ငံ ရေး နှင့် ပင် ရောယှက် နေသည်။

ရန်ကုန် မြို့ ရှိ နာမည် ကျော်ကျောင်းများ တွင် တက်ရောက် ပညာသင်ကြား ခွင့်ရရှိရေး သည် သိန်း တစ်ရာ ကျော် ဈေးပေါက်သည် ဟု FNG မှ သိရှိရသည်။

အမေရိကန် နှင့် ဥရောပ နိုင်ငံ များ က ပိတ်ဆို ဒဏ်ခတ် မှု ပြုခံ ထားရသူ များ  ၏ သား သမီး များ မှာ အဆိုပါ
နိုင်ငံ များ ရှိ တက္ကသိုလ် ကြီးများ တွင် သွားရောက် ပညာသင်ကြား နိုင် ရန် နည်းလမ်း အမျိုး မျိုး ဖြင့် ဆောင်
ရွက် ကြရာ အချို့ အမေရိကန် နိုင်ငံ သား အဖြစ် ခံယူပြီး သည့် မြန်မာ နိုင်ငံသား များ က သိန်းထောင် ချီ
အကျိုးအမြတ် ရယူကာ ဒဏ်ခတ်ခံရသူများ ၏ သား သမီး များ ကို ခေါ်ဆောင် ခဲ့ကြသည်။

မြန်မာ နိုင်ငံ တွင် အရွယ်ရောက်သူ ကျောင်နေနိုင်ရေးမှာ ဆင်းရဲသား မိသားစုများ အတွက် ၀န်ထုပ် ၀န်
ပိုးကြီး တစ်ရပ် ဖြစ်သောကြောင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီ ကြီး တစ်ခု ဖြစ်သည့် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ ချုပ် မှာ ထိုကိစ္စ ကို တစ်ဖက် တစ်လမ်း မှ ဆောင် ရွက် ပေးလျှက် ရှိသည်။

မြန်မာ နိုင်ငံ ရေး စစ်အစိုးရ အဆက်ဆက်သည်  ကျောင်းသား များ ၏ ပညာ ရေး ကို နိုင်ငံ ရေး လက်နက်
သဖွယ် အသုံး ပြုလာခဲ့ ပြီး  တက္ကသိုလ် နှင့် ကျောင်း ဆရာမ များ စစ်အရာရှိ များ နှင့် လက်ထက် ခြင်း မှာ
နိုင်ငံတော် အတွက် အရေး ပါသည် အယူ အဆ ကို ဖောင်ကြီး စသည့် လေ့ကျင် ရေး သင်တန်း များ တွင်
ဆိုင်ရာ အဖွဲ့ အစည်းများ မှ လာရောက် ဟောပြော ပို့ ချသည်။

မြန်မာ နိုင်ငံ တွင် အခမဲ့ ပညာရေး ၀န်ဆောင် မှု နှင့် ပညာဒါန များ ရှိသော် လည်း စစ်အစိုးရ က ထိုလုပ်ရပ်
များ ကို ဟန့် တား နှောင့် ယှက် လေ့ ရှိသည်။

8 thoughts on “နာမည်ကြီး ကျောင်းဝင်ကြေး သိန်းရာ ကျော် ဈေးပေါက်

  1. ကောင်းပါဗျာ နိုင်ငံတော်ကြီး ခေတ်မှီ တိုးတက်နေတော့ ဒီငွေလောက်ကပါမွှားပါဗျာ. ဦးတေဇတို့ လူမျိုးကိုပြောတာနော်။

  2. ဒီလို ကိစ္စတွေ ဖြစ်နေတာများတော့ ကိုယ့်သားသမီးတွေကို အပြင်ဘော်ဒါဘဲ ထားကြရင် အကောင်းဆုံးဘဲလား…
    ဒါမှမဟုတ် ကျူရှင်ဘဲ ထားပြီး အပြင်ဖြေလိုက်ကြတာမှ ကောင်းမယ် ထင်တယ်..အစိုးရကျောင်းတွေ ဘာလို့ ထားနေတော့မှာလဲ…

  3. ရန်ပုံငွေ အခါခါတောင်း ငါတို့စာသင်ကျောင်း..

  4. joker ဘယ်ေ၇ာက် ? အား… သိန်းစိန်ေ၇ ၊ဒါလည်း စီးပွားေ၇းပိတ်ဆို့လို့ ပြောအုးံမှာလား၊ တပ်မတော်ခေါင်းဆောင် မြန်မာခေါင်းဆောင်တွေကကိုယ့်လုပ်သင့်တာကိုပဲ နိုင်ငံအတွက်ရှေရှုးပြီး အသိညဏ်ရှိရှိလုပ်တက်တယ် တဲ့…ဟဲ.ဟဲ…
    ပညာရေးစံနစ်ကတော့ ငွေ ပညာရေးစံနစ်ဖြစ်နေပါဘီး၊ english တွေ ဗမာပြည် အုပ်ချုပ် စဉ် က မေးကြည့်ကြပါအုန်း၊

  5. ဒီခေတ်မှာ ငွေကြေးပြည့်စုံတဲ့ ကြေးရေတက်များက ပညာကိုဆက်လက်သင်ယူခွင့်ရကာ ၊ ဆင်းရဲနုံချာသူများကြပြန်တော့ ပညာရေးတစ်ပိုင်းတစ်စနဲ့ ရေစုံမျောကြခဲ့ရတဲ့သူတွေ ဒုနဲ့ဒေးပါပဲခင်ဗျာ ….

  6. မြို့ထဲမှာ ဗိုလ်တစ်ထောင် ၅ ဗိုလ်တစ်ထောင် ၆ ပါသေးတယ်….ပိုက်ဆံတောင်းတာ စပါယ်ရှယ်တောင်းတာဘဲ..ကလေးတွေ
    ကျတော့ ဘာတစ်ခုမှ လုပ်ပေးတာ ပညာရေးမြှင့်တင်ပေးတာ မလုပ်ဘူး…ကိုယ့်ဖာသာ ကျူရှင် ထား ၀ိုင်းထား ဆယ်တန်း
    ဂုဏ်ထူးထွက်ယင် ဆရာတွေကို ထပ်ကန်တော့ရတဲ့အပြင် ကျောင်းက သူတို့သင်ပေးလို့ စာတော်သလိုလိုလုပ်ပစ်တာ…..
    အိမ်က ကလေးမ ဒီလိုနဲ့ ဆေးတကသိုလ်တက်ရတော့….ဆေးကျမှပိုဆိုးတော့တယ်…တစ်ချိန်လုံး ကျောင်းက ဆရာဆရာမ
    တွေဆီမှာ ကျူရှင် ပြန်သင်ရတယ်…တစ်လကို ၈သောင်းဘဲ….ပညာရေးစံနစ်ကတော့ ငွေ ပညာရေးစံနစ်ဖြစ်နေပါဘီ…

  7. thirsty on the boat,hungers on firms,foodless on empty factories,educationless in empty class rooms,independless in Independed Myanmar because of being of king of Kyetsupin in forest without content.

Comments are closed.