

ဂျက်ဖရီ ၊ ၊အယ်(လ)ကာယီဒါး အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် ဖြစ်သူ ဆော်ဒီအာရေဗီး
ယား နိုင်ငံသားအိုစမာဘင်လာဒင် ကို တနင်္ဂနွေ နေ့ က ပါကစ္စတန် နိုင်ငံ မြို့ တော် အစ္စလာ
မာဘတ် အနီးကပါကစ္စတန် စစ်တပ် အငြိမ်းစား အရာရှိ တွေ နေ တဲ့ အဘော့ဘတ် မြို့ မှ အသေ
ဖမ်း ဆီး ရမိခဲ့ပါတယ်။ ဘင်လာဒင် ဟာ အမေရိကန် က အလို ရှိဆုံးသူ တစ်ယောက် ဖြစ်ပါတယ်။
ဘင်လာဒင် ကို အသေဖမ်း နိုင်တာ ဘယ်သူ တွေလဲ
အသက် ၅၄ နှစ် အရွယ် ရှိ ဘင်လာဒင် ကို အသေဖမ်းဆီး နိုင်ခဲ့တာ United States Navy
SEALs ဆိုတဲ့ အမေရိကန် ရေတပ် လက်အောက်ခံ အထူး အဖွဲ့ ဖြစ်ပါတယ်။ ကြည်း၊ရေ၊လေ
စစ်ဆင်ရေး တွေ မှာ ဘက်စုံ ပါဝင် နိုင်အောင် SEALs (SEa , Air, Land) ဆိုပြီး အတိုကောက်
ခေါ်ထားတာ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် မှာ စတင်ခဲ့ပြီး မနေ့ က အိုစမာဘင် လာဒင် ကို ဖမ်းဆီး နိုင်ခဲ့တဲ့ SEALs Team 6
ဟာ CIA အဖွဲ့ နဲ့  စက်ဆပ်လုပ်ကိုင် ပြီး ထောက်လှမ်း ရေး နဲ့  သုတ်သင်ရှင်းလင်းရေး လုပ်ငန်း
တွေ အတွက် ပါ အထူးလေးကျင့် ပေးထား တဲ့ အဖွဲ့ ဖြစ်ပါတယ်။
SEAL အဖွဲ့  မှာ ပါဝင် တဲ့ Team အဖွဲ့  ၁၀ ခု နဲ့ အခြား ထောက်ပံ့ အဖွဲ့  နှစ် ခု ပါဝင်ပြီး Seal Team
6 ကို United States Naval Special Warfare Development Group လို့ လည်း
ခေါ်ပါတယ်။
သတင်းရပြီ

အိုစမာဘင်လာဒင် ဒီနေရာ မှာ ပုန်းအောင်း နေတာ ကို အမေရိကန် အစိုးရက ၂၀၁၀ ခုနှစ် စက်
တင်ဘာလ ကတည်း က သတင်း ရရှိခဲ့တာ ဖြစ်ပြီး ပါကစ္စတန် စံတော် ချိန် မေလ ၂ ရက်နေ့ မှာ
Operation Geronimo လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေး မစခင် မှာ မတ်လ ၁၄ နေ့ မှာ
ဒီစစ်ဆင်ရေး အတွက် အသေးစိတ် အစီအစဉ် တွေ ကို စတင် ရေး ဆွဲ ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလ ကနေ စစ်ဆင်ရေး စီမံချက် ရေး ဆွဲ တဲ့ မတ်လ ၁၄ ရက်နေ့ အထိ
အမေရိကန် တပ် ဖွဲ့ ဝင် တွေ ဟာ အဲဒီအိမ်ကြီး ထဲ မှာ ရှိ နေတာ ဟာ ဘင်လာဒင် ဟုတ်မဟုတ်
အသေအချာ စုံစမ်း ခဲ့ပြီး ပါကစ္စတန် အစိုးရ ရဲ့ ကြားဖြတ် ထောက်လှမ်း မှု တွေ အရ ဘင်လာဒင်
မှန်း သေချာတာနဲ့ ဒီစစ်ဆင် ရေး ကို စတင် ခဲ့တာ ဖြစ်ပါတယ်။
ဧပြီလ ၂၉ ရက်နေ့ သောကြာနေ့ မနက် ၈:၂၀ နာရီ မှာတော့ သမ္မတ အိုဘာမား က ဘင်လာဒင်
ကို ဖမ်းဆီး ဖို့ စစ်ဆင်ရေး ကို စတင် ဖို့ အမိန် ပေး ခဲ့ပါတယ်။
Seal Team 6 ဟာ သတင်းအရ အိုစမာဘင် လာဒင် ပုန်း ခို နေတဲ့ အဘော့ဘက်က အိမ်
ကြီး ဆီ ကို ရဟတ်ယာဉ် ၂၅ စီး နဲ့ ပါကစ္စတန် စံတော် ချိန် နံနက် ၁ နာရီ မှာ အိမ် ကြီး
နား ကို ချဉ်းကပ် လာပြီး ချက် ခြင်း ပဲ ရဟတ် ယာဉ် ပေါ်က ကြိုးတွေ နဲ့  SEAls တပ်ဖွဲ့ ဝင်
တွေ ဟာ ခြံဝင်း ထဲ ကို ခုန်ချ ခဲ့ကြပါတယ်။
သူတို့ ဟာ အနီအောက် ရောင်ခြည် သုံး ညကြည့် Night Vision Google ရဲ့ အကူညီ နဲ့ အိမ်နား
ကို ချဉ်းကပ် သွား ပြီး အောက်ထပ် နဲ့  ခြံဝင်း ထဲမှာ ရှိနေတဲ့ အယ်ကာယီဒါး အဖွဲ့ ဝင် တွေ ကို
လွယ်လွယ် ကူကူပဲ ဖမ်းဆီး နိုင်ခဲ့ပါတယ်။
အဲဒီအချိန် ဟာ လမင်း ကို တိမ်ဖုံး ပြီး မှောင် မိုက် နေပြီး အလင်း ရောင် သိပ် မရှိ တဲ့ အချိန်
လည်း ဖြစ်ပါတယ်။ အဲဒီ အချိန် မှာ ရဟတ်ယာဉ် တစ်စီးက စစ်ချို့ ယွင်း တာကြောင့် အဲဒီ ၀င်း
ထဲ မှာ ပဲ အရေး ပေါ် ဆင်းသက် ခဲ့ရပါတယ်။
SEAls အဖွဲ့ ဝင်တွေ ဟာ ခြံဝင်းထဲ မှာ နေရာယူ ပြီး နောက် တပ်ဖွဲ့ ဝင် အချို့ ဟာ တိုက်အိမ်
ကြီး ထဲ ကိုဝင်ရောက် သွားကြပါတယ်။
ဘင်လာဒင် နဲ့ သူ့ ရဲ့  စတ္ထု မြောက် ဇနီး ကို နေအိမ် ရဲ့  တတိယ ထပ် မှာ တွေ့ ရှိ ပြီး သူ့ ရဲ့ သား
ခါလေ့ ဘင်လာဒင် ကို ပါ တွေ့ ရှိ ခဲ့ပြီး ပြန်လည် ခုခံ မှု တွေ လုပ်တဲ့ အပြင် အမျိုးသမီး တစ်ဦး
ကို ပါ လူသားဒိုင်း အဖြစ် အသုံး ပြုတာ ကြောင့် SEALs အဖွဲ့ တွေ အိုစမာဘင်လာဒင် ကို ဦး
ခေါင်း နဲ့  ၀မ်းဗိုက် နေရာကို ပစ်သတ်ခဲ့ရပါတယ်။
ဒီစစ်ဆင်ရေး ဟာ ၃၆ မိနစ် ပဲ ကြာမြင့် ပြီး အမေရိကန် နိုင်ငံ ရဲ့  ၂၀၀၁ ခုနှစ် နိုဝင်ဘာလ ကတည်း
ကတည်း စတင် ခဲ့တဲ့ ဘင်လာတော် ရှာပုံတော် စစ်ဆင်ရေး ကို အဆုံးသတ် နိုင်ခဲ့တာ လည်း ဖြစ်ပါ
တယ်။
ဒီစစ်ဆင်ရေး မှာ အမေရိကန် ရော ပါကစ္စတန် လက်နက် ကိုင် တပ်ဖွဲ့ တွေ ပါ ထိခိုက် ဒဏ်ရာ ရရှိ
မှု မရှိ ဘဲ ဘင်လာဒင် ရဲ့  ဆက်သား နဲ့ ၎င်း ရဲ့ ညီ အပါအ၀င် ငါးဦး သေဆုံးက ခြံဝင်း ထဲ မှာ ရှိ
နေ တဲ့ အယ်(လ) ခိုင်ဒါ အဖွဲ့ ဝင် ၂၂ ဦး ကို ဖမ်းဆီး နိုင်ခဲ့ပါတယ်။
ဒီစစ်ဆင် ရေး ကို သမ္မတ အိုဘာမား ရဲ့  အမျိုးသား လုံခြုံရေး တပ်ဖွဲ့ ဝင် တွေ က အိမ်ဖြူတော် ကနေ
စစ်ဘက်သုံး ဂြိုလ်တု ရုပ်သံ သတင်း ပို့ စနစ် နဲ့  တိုက် ရိုက် ကြည့် ရှု ကာ အခြေအနေ တွေ ကို ကမ္ဘာ
ကို သတင်း ထုတ် ပြန် နိုင်ဖို့  အတွက် စီစဉ် ခဲ့ကြတာ ပါတယ်။
နောက်တစ်နေ့ မှာ တော့ ဘင်လာဒင် ရဲ့ ရုပ် အလောင်း ကို မြောက် အာရေဗျ ပင်လယ် လေယာဉ်
တင် သင်္ဘော ကာလ်း ဗင်ဆင် ပေါ်ကနေ ပင်လယ်ထဲ့ကို အချ မှာ အစ္စလာမ်ဓလေ့ ထုံးတမ်း စဉ် လာ
အရ သဂြိုလ် ခဲ့ ပါတယ်။
သေဆုံးသူ ဟာ ဘင်လာဒင် ဖြစ်တယ် ဆိုတာ သေချာအောင် သူ ရဲ့  ခန္တာ ကိုယ်က အသားမျှင်စ မှာပါ
တဲ့ DNA ကို ကွယ်လွန် သွားပြီ ဖြစ်တဲ့ ဘင်လာဒင် ရဲ့  ညီမ တစ်ဦး ရဲ့  DNA နဲ့  တိုက် ဆိုင် စစ်ဆေး
ခဲ့ပါတယ်။
ဒီစစ်ဆင် ရေး ကို ပါကစ္စတန် စစ်တပ် ကို တောင် အသိမပေး ဘဲ ပါကစ္စတန် ထောက်လှမ်း ရေး
ISI နဲ့  ပါကစ္စတန် စစ်အရာ ရှိ တစ်ချို့ နဲ့  စီစဉ် ခဲ့တာ ဖြစ်ပါတယ်။ SEALs တပ်ဖွဲ့ ဝင် တွေဟာ
ဘင်လာဒင် ရဲ့ အလောင်း ကို သယ် ဆောင်ပြီးနောက် ချက် ခြင်း ပဲ အာဖဂန် စ္စတန် နိုင်ငံ ထဲ ကို
ပြန်လည် ထွက်ခွာ သွားကြပါတယ်။
ဘင်လာဒင် ကို အဲဒီနေ ရာ အခြေချ ပုန်း ခို နေထိုင် နိုင် အောင် စီစဉ် ပေး ခဲ့သူ က တော့ ပါကစ္စတန် စစ်
တပ် က ဗိုလ်မှုးချုပ် နှစ်ဦး နဲ့  ဗိုလ်ကြီး တစ်ဦး လို့ သိရပါတယ်။ သူပုန်းအောင် နေတဲ့ နေရာဟာ ပါကစ္စတန်
စစ်တက္ကသိုလ် နဲ့  ငါး မိုင် ကျော် လောက် အကွာ မှာ ရှိတယ် လို့ ဆိုပါတယ်။
ဘင်လာဒင် ဟာ ပါကစ္စတန် နိုင်ငံ မှာ ၅ နှစ် ကျော် ကြာ လှည့်ပတ် ပုန်းအောင် နေထိုင် ခဲ့ပါတယ်။
ဒီစစ်ဆင်ရေး ဟာ (Targeted Operation) လို့ ခေါ်တဲ့ ပစ်မှတ် ထားပြီး သုတ်သင် ရှင်းလင်း ဖယ်ရှား တဲ့
စစ်ဆင် ရေး ဖြစ်ကာ နောက် ပိုင်း မှာ အမေရိကန် အစိုးရ က အလို ရှိ နေ တဲ့ သူတွေ ကို သတင်းထောက်
လှမ်း မှု ပြုပြီး ဒီစစ်ဆင် ရေး ကို အသုံး ပြုကာ ဖယ်ရှား လာ နိုင်ပါတယ်။


Related Articles
- Osama Bin Laden Dead: Navy SEAL Team 6 Responsible for Getting Terrorist – ABC News (rajcairnsreport.wordpress.com)
- Thankyou Navy Seal Team 6 (jroycroft.wordpress.com)
- Fabled SEAL Team 6 ends hunt for bin Laden (seattletimes.nwsource.com)
- Bin Laden Dead, Markets Cheer(blogs.wsj.com)


ဘင်လာဒင်ကိုဘဲပြောပါဂျာ အနော်တို့ ဘဘကြီးအပြောကြပါနဲ့ ဟင်းဟင်းငိုလိုက်မှာနော် သေချင်းဆိုးကြီးမြန်မြန်သေပါစေ။
သေသင့်တဲ့သူတွေ ခုလိုရုပ်ပျက်ဆင်းပျက်နဲ့ သတ်ပစ်တာကောင်းတာပေါ့ဗျာ မဟုတ်ရင်
ရုံးတင်တာနဲ့ ပိုက်ဆံထပ်ကုန်နေဦးမယ်..ခုလို အမျိုးတွေ အားလုံးစုနေတဲ့အချိန်မှ ရွှေးသတ်တာ
တော်တော်ပိုင်တယ်…ဟဲဟဲ..ဒါနဲ့များ..ကိုကို (စက်မှု့တက္ကသိုလ်) သာကူးကြီးက သူ ပါကစ္စတန် သွားတုန်းက
အကြောင်းရေးထားတာမှာ..ဘင်လာဒင်သေပြီ…မသေသေး သယောင်ပြောနေတာ အင်အားကြီးတွေရဲ့
လုပ်ဇာတ်ဆိုတာပါသေးတယ်ဗျ….အဲဒီ ကိုကို (စက်မှု့တက္ကသိုလ်) နဲ့ မြတ်ခိုင် ဆိုတဲ့ သာကူး
သခင်အားရ ကျွန်ပါးဝနေတဲ့ကောင်တွေ…ခုတော့…အရှက်ကွဲပြီပေါ့…
အိုစမာ ဂျို ကာ တစ်ယောက် တိတ်နေပါလားဗျ ။ ကြောက်သေးပါနေပြီထင်တယ် ။
ဗမာပြည်ကကောင်တွေလည်း ကောင်းကောင်းမွန်မွန်တော့မသေနိုင်ပါဘူးဗျာ
Happy to hear death of Ben Laden. The one like Ben Laden is still left in Myanmar. Please help our myanmar people,US leaders.
ဘင်လာဒင်သေသွားတာ…၀မ်းသာသဗျာ…ဒီဘင်လာဒင်လို ကောင်တကောင် မြန်မာပြည်မှာရှိသေးသဗျ
အမေရီကန်က ခေါင်းဆောင်ကြီးတို့ရေ ကြည့်လည်းမနေပါနဲ့ မြန်မာပြည်ကပြည်က ပြည်သူတွေကိုလည်း
ကယ်ပေးကြပါဗျာ……
ဗမာပြည်ကို အမေရိကန်လာတိုက်ရင် တပတ်တောင်မရှိဘူး။ နေပြည်တော်လောက်တော့ အမေရိကန်သွားကြားမညပ်ဘူး။ အစိုးရသစ်သိန်းစိန်သမ္မတကတောင်ပြောလိုက်သေး။ တိုင်းပြည်မှာ ခေတ်မှီတပ်မတော်ရှိမှတဲ့။ နှစ်ပေါင်းထောင်ချီနောက်ကျတဲ့ ဗမာ့တပ်မတော်ကို ဘိုးအေဖြစ်တဲ့ အမေရိကန်နဲ့ ဘယ်လိုနှိုင်းယှဉ်ပြီး အန်တုနိုင်မှာလဲ။ တရုပ်ကိုတောင် ယှဉ်ကြည့်လိုက်ပါအုံး သိန်းစိန်ရယ်။ မင်းအောင်လှိုင်ရယ် လူယုတ်မာသန်းရွှေ မောင်အေးတို့ရယ်။
ဒီကိစ္စတွေအားလုံးပြီးသွားတော့ ပါကစ္စတန်အစိုးရအတွက် သိက္ခာ လုံးလုံးကိုကျတာဘဲဗျာ။
ဘင်လာဒင်ပြီးရင်သန်းေ၇ွအလှည်.ပေါ.မြန်မြန်လာကြပါကိုအမေ၇ိကန်တို.ေ၇
မြန်မာပြည်က ဘင်လာဒင်သန်းရွှေဘဲ့ကျန်တော့တယ် သူလဲ မြန်မြန်သေပါစေဗျာ….မကောင်းဆိုးဝါးကြီး အခုချိန်ထိမသေနိုင်သေးဘူး….
ဗမာပြည်ကို အမေရိကန် လာစရာမလိုဘူး..လုပ်ကြံပေးနိုင်တဲ့လူကို တိုက်တစ်လုံး ကားတစ်စီးနဲ့ အမေရိကန် မှာနေထိုင်ခွင့်
ပေးမယ်လို့သာပြောလိုက်…စစ်တပ်ကမောင်တွေ လုပ်ကြံပေးလိမ့်မယ်…
အချင်းချင်းကို ဇာတ်တူသားစားခဲ့တာ မနည်းတော့ အချင်းချင်းဘဲ လုပ်ကြမှာ..
သတင်းဖတ်ရင်းနဲ့
ကိုယ့်ကိုယ်ကိုယ်
စစ်ကား ရုပ်ရှင်ကြည့်သလိုတောင်မြင်ယောင်မိတယ်
Bravo FNG! excellent translation this time
မကောင်းဆိုးဝါး တကောင်တော့သွားရှာပြီ ဗမာပြည်က မကောင်းဆိုးဝါးကောင် သန်းရွှေနဲ့ အဖွဲ့ပဲ ကျန်တော့တယ်