တင်ကျော်ကျော်စိုး ၊ ၊တကယ်လို့ မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တွေ ကို
လွှတ်မပေး ဘူးဆိုရင် ဒါဟာ နိုင်ငံရေးပြဿနာတစ် ခု တင် မဟုတ်တော့ ဘဲ လူမှုရေး နဲ့ စီး
ပွားရေး တွေ ပါဆက်ပြီး ဂယက် ရိုက်ခတ် နိုင်တယ်လို့  ရန်ကုန် မြို့ က စီပွားရေး ပညာရှင် နဲ့ 
သတင်းမီဒီယာ သမား တစ်ဦးက FNGကိုပြောပါတယ်။
လက်ရှိ အစိုးရ ကို ပြည်သူတွေ၊ စီးပွားရေး သမား တွေ ၊ နိုင်ငံရေး သမား တွေ ရော အထွေထွေ
သောလူတန်းစား အသီးသီး ကပါ ဘယ်လောက် ယုံရမလဲ ဆိုတာ သူတို့ ဖမ်းထားတဲ့ နိုင်ငံ ရေး
အကျဉ်းသား တွေ ကို ဘယ်တော့ ပြန်လွှတ်ပေး မလဲ ဆိုတာ နဲ့  တိုက် ရိုက် အချိုး ကျနေပါတယ်
လို့ ပြောပါတယ်။
၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာမသိမ်းခင် ကတည်းက နိုင်ငံရေး အကျဉ်းသားတွေ နဲ့  စစ်အစိုးရ
အာဏာသိမ်းပြီး နောက် မှာ ဖမ်းဆီး ထိမ်းသိမ်း ခံထား ရတဲ့ နိုင်ငံရေး အကျဉ်းသား အချို့ ဟာ
ထောင် သက် နှစ် နှစ် ဆယ် ကျော် ဖြစ်နေပြီ ဆိုတာ က လည်း မြန်မာ နိုင်ငံ သား အား လုံး အတွက်
အော့ နှလုံး နာစရာ ပဲ လို့  ဆည်မြောင် ဦးစီးဌာန ညွှန်ကြား ရေး မှု တစ်ဦး က သူ့ အမြင် ကို ပြော
ပါတယ်။
စစ်ဝတ်စုံ ၀တ်ထားတဲ့ စစ်အစိုးရ ဟာ နောက်ထပ် စစ်ဝတ်စုံ မ၀တ်ထား တဲ့ စစ်အစိုး ရ တစ်ရပ် ကို
အာဏာမလွှဲပြောင်း ခင် မှာ ကပ်ပြီး တော့ နေအိမ် အကျယ်ချုပ် ထိန်းသိမ်း ခံရတဲ့ ဒေါ်အောင်ဆန်း
စုကြည် နဲ့  ဦးတင်ဦး တို့ ကို လွှတ်ပေး တာက လွဲ ရင် တခြား ဘယ် နိုင်ငံရေး အကျဉ်းသား ကို မှ ထူး
ထူးခြားခြား လွှတ်ပေး ခဲ့တာ မရှိ ပါဘူး။
စစ်အစိုးရသစ်ဟာ နိုင်ငံရေး အကျဉ်းသား တွေ ကို ပြန်လွှတ်ပေး လိုက်ရင် ၎င်း တို့ ရဲ့  အာဏာတည်
မြဲ ရေး ကို ခြိမ်းခြောက် နိုင် တယ် လို့ အထင် ရှိပြီး ဆက်လက် ဖမ်းဆီးထား တာဖြစ်ပေမယ့် လက်ရှိ
အခြေ အနေ တွေ ကတော့ ယခင် ကထက် အတော့် ကို ကွာခြားသွား ပါပြီ။ နိုင်ငံရေး အကျဉ်းသား
တွေ ကို ဖမ်းဆီးထား ခြင်းဟာ ပင် ၎င်း တို့ ရဲ့ အာဏာကို စိမ်ခေါ် ခံရမယ့် အနေအထား လူထု ရဲ့ 
အမျက် ဒေါသ ကို ရင် ဆိုင်ရမယ့် အနေအထား ဖြစ်နေပါပြီ။
လက်ရှိ စစ်အစိုးရ သစ် အနေ နဲ့ က တော့ ရွေးစရာ လမ်း နှစ် လမ်း ပဲ ရှိပါတယ်။ နိုင်ငံရေး အကျဉ်း
သာတွေ အကုန်လုံး လွှတ် ပြီး တဖြည်းဖြည်း ဒီမိုကရေစီ လမ်းကြောင်း ပေါ် ကို အတိုက် အခံ တွေ
နဲ့  အတူ လျှောက် မလား ၊ နိုင်ငံရေး အကျဉ်းသားတွေ ကို ဆက်ဖမ်းထား ပြီး တော့ အာဏာတည်
မြဲရေး လုပ်ရင်း အာဏာ လူထု ရဲ့  ခါးသီး တဲ့ အမုန်း တွေ ကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရမယ့် အချိန်
ကို ရွေးမလား ဆိုတာ ပါပဲ။
သား နဲ့ ခင်ပွန် ဖြစ်သူ နှစ်ဦး စလုံး ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တစ်
ဦးကတော့ ” အဖမ်းခံ ရတဲ့ နိုင်ငံ ရေး အကျဉ်းသား တွေ အား လုံး ဟာ ဘယ်ရာဇ၀တ် မှု ကို မှ ကျူးလွန်
ခဲ့တာ မဟုတ် လို့ ထောင်ထဲ မှာ ရှိ မနေ သင့် တော့ ဘူး ၊ သူတို့  ကို ပြန်လွှတ်ပေး ဖို့  တောင်းဆို ပါတယ်”
လို့ ပြောပါတယ်။
နိုင်ငံရေး အကျဉ်းဟား ပြဿနာ ဟာ လက်ရှိ သိန်းစိန် အစိုးရ အတွက် အကြီးမား ဆုံး ခေါင်းခဲစရာ ကိစ္စ
တစ်ခု ဖြစ်ပြီး ဒီအရေး ဟာ နယ်စပ်ဒေသ က တိုင်းရင်းသား လက်နက် ကိုင် အရေး လိုပဲ မြန်မာ ပြည်
သူ တစ်ရပ် လုံး နဲ့  သက်ဆိုင် နေပြီ ဖြစ်ပါတယ်။
အရင် ကတော့ သိပ်ခပ်မဆိတ် နေကြတဲ့ သူတွေ က လည်း အခု ဆို နိုင်ငံရေး အကျဉ်းသား လွတ်မြောက်
ရေး ကိစ္စတွေ မှာစိတ် ၀င်စား လာပြီး အခု ဆို အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ကနေ ပြီး နိုင်ငံရေး အကျဉ်း
သား လွတ်မြောက်ရေး လက်မှတ် ကောက် ယူမှု မှာ တစ်တပ် တစ်အား လက်မှတ် ထိုး ပါဝင် လာကြာတာ
ကိုက ပြည်သူတွေ ဟာ သူ တို့ လွတ်မြောက် ဖို့ အတွက် စတေး နေတဲ့ သူတွေ ကို ပြန်ပြီး တော့ ဘယ်လို
ပေးဆပ် ရရင် ကောင်း မလဲ ဆို တဲ့ စိတ် မျိုး ပေါ်လာတာ ဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသား မလွှတ်ပေး ဘူးဆိုရင် စစ်အစိုးရ သစ် ရင်ဆိုင်ရမှာ က ပြည်တွင်းက ပြည်သူလူထု
တင် မကဘဲ နိုင်ငံတကာ နဲ့ ဒေသတွင်း နိုင်ငံ တွေ နဲ့  ပါ ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
စစ်အုပ်စု အနေနဲ့ များများ စားစားရွေးချယ် စရာ လမ်း မရှိ ပါဘူး ။ နိုင်ငံရေးအကျဉ်းသားတွေ သူတို့ က
မလွှတ်ပေး ဘူး ဆိုရင် ဖြစ်ပါတယ်။ ပြည်သူတွေ က ကိုယ့်နည်း ကိုယ်ဟန် နဲ့ လွှတ်ပေး လို့ ရအောင် စီ
စဉ် ကြမယ် လို့  မြန်မာ နိုင်ငံ တွင်းက လူထုအုံကြွမှု အတွက် ကွန်ယက် လှုပ်ရှားမှု အဖွဲ့  တစ်ခု ဖြစ် တဲ့
Just Do It Against Military dictatorship ရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုသီဟတေဇ က FNG
ကို ပြောပါတယ်။
_______________________________________________________________
ကော်နယ်(လ) တက္ကသိုလ် ရူပဗေဒ ပါမောက္ခ ရောဘတ် လီဘာမန် ရိုက်ကူး ခဲ့သည့် မြန်မာ နိုင်ငံ အကြောင်း
မှတ်တမ်းဗီဒီယို ကို ယနေ့ ကော်နယ်(လ) တက္ကသိုလ် ၏ သီရေတာ တွင် စတင် ပြသသည်။ မှတ်တမ်း ရုပ်ရှင်
၏ အမည် မှာ “They Call it Myanmar” ဖြစ်သည်။အဆိုပါ ရုပ်ရှင် ကား ကို မြန်မာ နိုင်ငံတွင်း ဉ် နှစ်နှစ် ကြာ
လျှို့ ဝှက် ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။

ကိုသီဟတေဇ ရေ လှုပ်ရှားမယ်လို့ကြိုတင်ကြွေးကျော်တာ ခင်ဗျားအတွက် အန္တရယ်ကျရောက်လေမလားဗျာ ။ တိုးတိုးတိတ်တိတ် နဲ့ မြန်မြန်ဆန်ဆန်၊ ပီပီပြင်ပြင် လုပ်တာ မကောင်းပေဘူးလား
ဟိုတုန်းကတော့ အပြုံး မျက်နှာဟာ မြန်မာတို့ရဲ့ ပုံရိပ်ပါ။
အစ..အဆုံး ကြည့်ချင်တယ်ဗျာ.. upload လုပ်ပေးနိုင်မလား ..ဖြစ်နိုင်ရင်..