
ကိုဦး ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကျောက်ဖရားဟိုတယ်တွင် ထိုင်းအ
လုပ်သမား ၀န်ကြီးဌာနက တရားမ၀င်အလုပ်သမားများဖမ်းဆီးရေး တာဝန်ပေးအပ်ပွဲနှင့်
တရားဝင်ရပ်တည်ခွင့် ရရှိအောင် ပြုလုပ် ပေး နိုင် ရေး တို့ အတွက် သတင်းစာရှင်းလင်ပွဲ
ပြုလုပ်ခဲ့သည်ဟု (FNG)သတင်းရရှိ သည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာက နိုင်ငံအတွင်းရှိ တရားမ၀င်အလုပ်သမားကို တရား
ဝင်ဖြစ်စေ ရန် အလုပ်သမားလက်မှတ်များကို အစောဆုံး ဂျွန်လ နောက်အကျဆုံး စက်တင်
ဘာလတို့တွင် ပြုလုပ်နိုင်အောင် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းကို ထိုင်းအလုပ်သမားဝန်
ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာဆုံကီယာချရာ့ဆီဝုန် ကပြောကြားခဲ့ပါတယ်။
အလုပ်သမားလက်မှတ်များ မပြုလုပ်မှီ လက်မှတ်မပြည့်စုံသော နိုင်ငံခြားသားအလုပ်သမား
များကို အထူးစီမံချက်ဖြင့် ဖမ်းဆီးအရေးယူနိုင်ရန်အတွက် စစ်တပ်၊ လူဝန်မှုကြီးကြပ်ရေး၊ ရဲဌာများ
ကို ယနေ့တွင်ပင် တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့သည်။ လူကုန်ကူး
သူများ၊ လက်မှတ်မဲ့သူများကို အလုပ်ခိုင်းစေသော အလုပ်ရှင်များကိုပါ ထိရောက်စွာအရေးယူနိုင်
ရန်များ အတွက်ပါ ပြုလုပ်ထားကြောင်းကိုပြောကြားခဲ့သည်။

လက်မှတ်အတွက်ကုန်ကျစရိတ်မှ ထိုင်းဘတ်(၃၈၀၀) ကုန်ကျမှာဖြစ်ကြောင်း၊ တရားမ၀င်
လူကုန်ကူခြင်းခံရသော လူများကို ထိုင်းနိုင်ငံအတွင်း အမှုရင်ဆိုင်နေစဉ် တစ်နှစ်အလုပ်လုပ်ခွင့်
တရား ၀င်ဖြစ်အောင် ထိုင်းအစိုးရမှ ယနေ့တွင်ပင် အတည်ပြုပြဌာန်းလိုက်ပြီဖြစ်ကြောင်းလည်း
သိရသည်။
ထိုင်းနိုင်ငံအတွင်း လက်မှတ်မရှိသော အလုပ်သမားပေါင်း တစ်သန်းခွဲမှ နှစ်သန်းခန့်ရှိကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောကြားသည်။ ယခုအကြိမ်ပါဆိုလျှင် အလုပ်သမား
လက်မှတ်လုပ်ပေးသည်မှာ (၆)ကြိမ်မြောက်ရှိပြီဖြစ်သည်။

လူခန္တာ နဲ့တိရိစ္ဆာန်ဦနောက်
လူတိုင်းစာနာစိတ်ရှိတယ်.တိရိစ္ဆာန်တွေပဲမရှိတာ။
ဘာမှမဆိုင်တဲ.နိုင်ငံကလူကြီးတွေကတောင်စာနာစိတ်ထားတတ်တယ်နော်။ မောင်သိန်းစိန်တို.အုပ်စုနဲ.တော.ကွာပါ.ဗျာ။
ဝမ်းသာစရာ သတင်းကောင်းပါ….