ဘင်္ဂလာ ပင်လယ် အော် အတွင်း မုန် တိုင်း ဖြစ်ပေါ် နိုင်

မုတ်သုန် ရာသီ ဥတု ကို အံတုရင်း ၀မ်းစာရှာ ဖွေ နေရသည့် ဈေးသည် တစ်ဦး

မုန် တိုင်း ရာသီ စတင် ချိန် တွင် ဘင်္ဂလာ ပင်း လယ် အော် အတွင်း ဖြစ်ပေါ် နေသည့် တိမ်တောင်
တိမ် လိပ် များ အရ မုန်တိုင်း ဖြစ်ပေါ် ရန် အခြေအများ အလွန်ကောင်း နေပြီး ယခု လ ၁၄ ရက်နေ့ 
မှ ၂၁ ရက်နေ့  အတွင်း မုန် တိုင်း ငယ် နှင့် အားကောင်း သောမုန် တိုင်း များ ဖြစ်ပေါ် နိုင်သည် ဟု
အာရှ-ပိစိတ်ဖိတ် ရာသီ ဥတု လေ့လာ ရေးဌာန အင်တာ နက် စာမျက် နှာ တွင် ဖော် ပြထား
သည်။

မြန်မာ နိုင်ငံ၏ မိုးလေ၀သ ပညာရှင် တစ်ဦး ဖြစ် သည့် ဦးထွန်းလွင် ၏ အင်တာနက် စာမျက်နှာ
တွင် လည်း မုန်တိုင်းဖြစ်ပေါ် နိုင်မှု အခြေ အနေကို ၆၀ ရာခိုင်နှုန်း ဟု ဖော်ပြထား ပြီး Weather
Underground တွင်မူ လေဖိအား နည်း ရပ်ဝန်း များ သည် သီတင်း တစ်ပတ် အတွင်း ဖြစ်ပေါ်
နိုင်သည် ဟု ဖော်ပြထားသည်။

မြန်မာ နိုင်ငံတွင် လူတစ်သိန်း ခွဲ နီးပါး သေဆုံး ခဲ့သည့် နာဂစ် မုန် တိုင်း တိုက် ခတ် မှု ၃ နှစ် ပြည့်
ချိန် တွင် မုန်တိုင်း သတင်း နှင့် ပတ်သက် ၍ သတိပေး ချက် များ ကို ပြည်သူများ က နားစွင့် နေ
ကြချိန် တွင် အစိုးရသစ် သည် သဘာဝ ဘေးဒဏ် နှင့် ပတ်သက် ၍ သတိ ပေး မှု များ ကို ထိရောက်
စွာ လုပ်ဆောင် ရန် ပျက်ကွက် နေဆဲ့ ဖြစ်သည်။

မြန်မာ နိုင်ငံ တွင် မုန်သုန် ရာသီ ဥတု သည် လွန် ခဲ့သည့် သီတင်း တစ်ပတ် အတွင်း က စတင်
ဝင်ရောက် ခဲ့ပြီး ရန်ကုန် နှင့် မန္တလေး မြို့ များ တွင် မိုးစတင် ရွာသွန်းနေပြီ ဖြစ်သည်။


ဘင်္ဂလား ပင်လယ် အော် နှင့် ဆက်စပ် နေသည့် အိန္ဒိယ နိုင်ငံ ကမ်းရိုးတန်း ပြည်နယ်များဖြစ်
သည့် သြရိသျှ ၊ အင်ဒရာ ပရာ ဒေရှ် နှင့် အနောက် ဘင်္ဂလား ပင်လယ် အော် မြို့ များ တွင် မူ
သက်ဆိုင်ရာ ပြည်နယ် အစိုးရ များ က လေပြင်း မုန် တိုင်း ကျရောက် နိုင်ခြင်း ကို အသိပေး
နှိုးဆော် ထားပြီး ဖြစ်သည်။