အိုစမာဘင်လာဒင် ၏ ဟုမ်းမိတ် ဗီဒီယို အချို့ ကို ထုတ်လွှင့်

Updated မေလ ၁ ရက်နေ့ က အမေရိကန် တပ်ဖွဲ့ များ ၏ ၀င်ရောက် စီနင်း တိုက်ခိုက်မှု
ဖြစ်စဉ် အတွင်း
သေဆုံး သွားခဲ့သည့် အယ်(လ)ကာယီဒါး အကြမ်းဖက် အဖွဲ့  ခေါင်းဆောင်
အိုစမာဘင်လာဒင်
၏ ဗီဒီယို ငါး ခု ကို ထုတ်ပြန် လိုက်သည်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန က ထုတ် ပြန်လိုက် သည့် ဗီဒီယို များ တွင် အကြမ်းဖက်
ခေါင်းဆောင် အိုစမာဘင် လာဒင် က အယ်(လ)ဂျဇီးယား ရုပ်သံ ဌာန အပါအ၀င် နိုင်ငံ တကာ
သတင်း ဌာန များ မှ ရုပ်သံသတင်းထုတ်လွှင့် ချက် များ တွင် သူ ကြောင်း ဖော် ပြထားမှု များ ကို
ကြည့်ရှု နေသည် ကို ဗီဒီယို နှင့် နိုင်ငံတကာ ကို ခြိမ်းခြောက် ရန် နှင့် အကြမ်းဖက် ၀ါဒ ကို အား
ပေးအား မြှောက် ပြုသည့်သူ၏  ပြောကြားမှု များ ကို ဗီဒီယို မှတ်တမ်း တင်ထားသည့် ဗီဒီယို များ
ဖြစ်သည်။

အမေရိကန် အစိုးရက ဗီဒီယို များ တွင်ပါဝင်သည့်  အသံ များ ဖျောက် ထား ပြီး လှုပ်ရှားမှု အရုပ်
သက်သက် ကို သာ ထုတ်လွှင့် သွား ခြင်း ဖြစ်သည်။

အိုစမာဘင် လာဒင် သေဆုံးကြောင်း ကို အယ်(လ)ကာယီးဒါ အကြမ်းဖက် အဖွဲ့ က အတည်ပြုပြီး
ပြောကြားပြီး တိုက်ခိုက်မှု များ တိုးမြှင့်လုပ်ဆောင်မည် ဟု ခြိမ်းခြောက် ပြောကြား လိုက်သည်။

အယ်(လ)ကားယီးဒါး အဖွဲ့ သည် အိုစမာဘင်လာဒင် နေရာ အား ဆက်ခံ မည့်သူ အတွက် တိတ်
တဆိတ် ရွေးချယ် မှု များ ကို လည်း ပြုလုပ်နေသည် ဟု ၎င်း တို့ ၏ အင်တာ နက် ဖိုရမ်များများ
တွင် သတင်း ထုတ် ပြန်ထားသည်။

ယမန်နေ့ က အမေရိကန် နိုင်ငံ ဖွား ယီမင် အခြေစိုက် အယ်(လ)ကာယီးဒါး အကြမ်းဖက် ခေါင်းဆောင်
အယ်(လ)အော်လာကီ အခြေစိုက်သည့် နေရာများ ကို လေကြောင်းမှ တိုက် ခိုက်မှု များ ပြုလုပ် ရာတွင်
၎င်း ကို တိုက်ရိုက် ထိမှန် ခဲ့ခြင်း မရှိ ဟု အမေရိကန် အစိုးရ က သတင်း ထုတ်ပြန်ခဲ့သည်။

၎င်းသည် အမေရိကန် နိုင်ငံ ဂျော့ဝါရှင်တန် တက္ကသိုလ် မှ ပညာရေး နှင့် ဆိုင်သည့် ဒေါက်တာဘွဲ့ ကို
ရရှိ ထားသူဖြစ်ပြီး ကော်လိုရာဒို တက္ကသိုလ် ၊ ဆန်ဒီယေးဂိုး တက္ကသိုလ် များ မှ လည်း မဟာဝိဇ္ဇာ ဘွဲ့ 
များ ရရှိထား သူ ဖြစ်သည်။

အယ်(လ)အော်လာကီ သည် အင်တာနက် အွန်လိုင်း မှ တစ်ဆင့် နိုင်ငံ တကာ မှ အစ္စလာမ် မစ်လူ
ငယ်များ ကို အစွန်းရောက် ၀ါဒ သင်ကြား ပေး နေသူ တစ်ဦး ဖြစ်သည်။သူသည် အိုစမာ ဘင် လာ
ဒင် နေရာ ဆက်ခံ ရန် အတွက် ရေပန်းစား နေသည်။

အမေရိကန် လွှတ်တော် အမတ် များ က ဘင်လာဒင် ခိုအောင်းနေသည် ကို ရေငုံနှုတ်ပိတ် နေသည့်
ပါကစ္စတန် အစိုးရ အား ငွေကြေး အကူ အညီများ ထောက်ပံ့ပေး အပ်မှု ဖြတ်တောက် ရန် အိုဘား
မား အစိုးရ ကို တိုက် တွန်း ထားသည်။

မေလ ၁ ရက်နေ့ က အမေရိကန် ၏ အိုစမာဘင် လာဒင် သုတ်သင်ရေး စစ်ဆင်ရေး အတွင်း ပါကစ္စ
တန် နိုင်ငံ အဘော့တာဘတ် မြို့ မှ ၎င်း နေထိုင်ရာ အိမ်အတွင်း ရှိ ဗီဒီယို မှတ် တမ်း ဓာတ် ပုံ များ ကို
ကွန်ပျူတာ နှင့် အချက် အလက် သိုလှောင် သည့် ကွန်ပျူတာ ဆက်စပ် ပစ္စည်း များ ကို သိမ်းဆည်း
ရမိ ခဲ့သည်။