ငြိမ်းချမ်းငြိမ်း ၊ ၊‘ငါးစိမ်းသည်က ငါးခေါင်းကို ဘယ်နေ့ က ခုတ်ခဲ့လဲ ဆိုတာ မှတ်မိမှာ
မဟုတ် ပေမဲ့.. ငါးကတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး’ ဆိုတဲ့ လောဂျစ် ရှိပါတယ်။ အိုစမာ
ဘင်လာဒင် သေပြီးနောက် အိုဘားမား ပြောတဲ့ ‘Justice Has Been Done’ (ဘာသာ ပြန်တာ
မဟုတ်ဘဲ မြန်မာမှု ပြုရင်တော့ ကိုယ့်တရား ကိုယ်စီရင်တာ) ဆိုတဲ့စကားက အခု မူဘာရက်
တို့ ကဒါဖီ တို့ ဖြစ်နေတဲ့ What goes around comes around စတာတွေဟာ သစ္စာမဲ့သူ၊
အကျင့်ပျက်သူ၊ ဖိနှိပ်တဲ့အာဏာရှင်တွေ၊ သူရဲဘောကြောင်တဲ့ အကြမ်းဖက်သမားတွေကို
ကမ္ဘာကြီးမှာ ပုန်းစရာနေရာ ကွန်းခိုစရာအရိပ်တောင် မရှိဘူးဆိုတာကို ပြလိုက်တာပါပဲ။
ဒါက စကားချီး ပါ။

ကျွန်တော် ကာလတစ်ခုမှာ လူတွေနဲ့ ပတ်သက်ပြီး အတော် လေ့လာခဲ့ပါတယ်။ ရိုးသားတဲ့ လူ၊
ကောက်ကျစ်တဲ့ လူ၊ လိမ်ညာ လည့်ဖျားတဲ့ လူ၊ သစ္စာရှိတဲ့ သူ၊ သစ္စာမဲ့တဲ့သူ၊ ကိုယ်ကျင့်တရား
ကောင်းသူ ၊ ကိုယ်ကျင့်တရား ခေါင်းပါးသူ စုံလို့ ပါပဲ။ တစ်ချို့ တွေက သူတို့ ဘ၀ကို တည်ဆောက်
ကြတယ်၊ တည်ဆောက်နည်း မျိုးစုံနဲ့ တည်ဆောက်ကြတာပါ။ တစ်ချို့ကတော့ မတည်ဆောက် ပါဘူး၊
ကံဇာတ်ဆရာ အလိုကျ ဆိုတဲ့ သဘောမျိုးနဲ့ ဘ၀ဇာတ်ခုံ ပေါ်မှာ အော်စကာဆုရ ရုပ်ရှင်တွေလို
ဇာတ်သိမ်းပြီး ချုပ်ငြိမ်းသွားကျတာကို တွေ့ ရမှာပါ။
ဒီနေရာမှာ လူတွေရဲ့ စိတ်ထဲမှာ မှားယွင်းစွာ တွေးဆမိတာကတော့ သူဌေး၊ သူကြွယ် ပညာတတ်တွေ
ဆိုရင် ဘ၀ကို အကောင်းဆုံး တည်ဆောက်ကြတယ်။ လမ်းဘေးမှ ဆိုက်ကားနင်းနေတဲ့ သူတစ်ယောက်၊
ရထားတွဲတွေမှာ နာရီပိုင်း စာအုပ်လိုက်ငှားနေတဲ့ သူတစ်ယောက်ဟာတော့ဖြင့် ဘာမှ ဦးတည်ချက်မရှိတဲ့
လူတွေလို့ ထင်ထားကြတယ်။ လူတွေကို တန်ဖိုး ဖြတ်တဲ့ ဒဿန အရဆိုရင် ဆင်းရဲသားတွေဟာ ဘာမှ
အထင်ကြီးစရာမရှိတဲ့ လူတွေလို့ လူတော်တော်များများ က ထင်ထား ကြတာပါပဲ။
အမှန်တော့ ဘ၀ကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက် နေကြတဲ့ သူတွေဟာ ချမ်းသာတာ
ဆင်းရဲ တာ၊ အောင်မြင်တာ၊ မအောင်မြင်တာတွေနဲ့  မဆိုင်ပါဘူး။ ဆိုင်တာတစ်ခုကတော့.. သူတို့
တွေဟာ သူတို့ရဲ့  အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် တွေကို ဘယ်လို ဖြတ်သန်းခဲ့ကြသလဲ၊ အောင်မြင်မှုနဲ့
ရှုံးနိမ့်မှု ၊ ခါးသီးမှုနဲ့ လောကဓံတွေကို ဘယ်လို ကျော်ဖြတ်ခဲ့ ကြလဲ ဆိုတာပါပဲ။ ကြမ်းတမ်းတဲ့ နေ့ညတွေ
မျှော်လင့်ချက်မဲ့တဲ့ စက္ကန့် မိနစ်တွေ ၀မ်းနည်းစရာ ကောင်းတဲ့ အမှောင်ဆုံး ညတွေကို သူတို့ ဘယ်လို
ရင်ဆိုင်ခဲ့ကြသလဲ။
လူတွေဟာ သူတို့ဘ၀တွေကို အောင်မြင်ဖို့၊ ချမ်းသာဖို့ ပညာတတ်ဖို့၊ ရည်မှန်းချက်တွေ ပြည့်ဖို့အတွက်
အကောင်းဆုံး တည်ဆောက် ကြိုးစားအားထုတ်တဲ့ နေရာမှာ အုတ်မြစ်တွေကို စချရတာပါပဲ။ အိမ်တစ်လုံး
ဆောက်သလိုပေါ့၊ ဘယ်နေရာမှာ အုတ်မြစ်ချမယ်။ တံခါးတွေနဲ့ ခေါင်မိုးလေးကို ဘယ်လိုလုပ်မယ်
စသဖြင့် pattern တွေကို ဖော်ရတာပေါ့။
တစ်ချို့တွေဟာ အောင်မြင်ပြီးမှ ဆုံးရှုံးတာတို့၊ အောင်မြင်မှု မရောက်ခင် ပန်းတိုင်နဲ့ ဝေးသွားတာတို့၊ လမ်းမှားရောက်ပြီးတော့ ရေစုန် မျောသွားတာတို့တွေ တွေ့ ဖူးမှာပါ။
ဘာဖြစ်လို့ သူတို့တွေဟာ လမ်းလျှောက်ရင်း လမ်းပျောက် သွားရတာလဲ။ ဒီလို လမ်းပျောက်သွားတဲ့
သူတွေကို ကျွန်တော်ရဲ့ လေ့လာထားချက်အရတော့ နှစ်ဆယ် ရာခိုင်နှုန်းလောက်က ကံတရားကြောင့် ဖြစ်ပြီး
ကျန် ရှစ်ဆယ် ရာခိုင်နှုန်းကတော့ သူတို ချခဲတဲ့ အုတ်မြစ်တွေ ၊ ပုံဖော်ခဲ့တဲ့ ဒီိဇိုင်းတွေ၊ ပက်တန်တွေနဲ့ 
သက်ဆိုင်နေပါတယ်။
တစ်ချို့ တွေဟာ အကောင်းဆုံး တည်ဆောက်မှုနဲ့ ဘ၀ကို နေထိုင်ကြပြီး ၊ အချို့ က ဘာလို့ ပြိုလဲ သွားကြတာလဲ။
ပြိုလဲသွားတဲ့ ဘ၀တွေကတော့ သူတို့ ဘ၀တွေကို ဘာနဲ့ တည်ဆောက်ခဲ့လဲ ဆိုတာ သူတို့ ကိုယ်တိုင် အသိဆုံး
ဖြစ်မှာဖြစ်ပြီး ၊ မပြိုလဲဘဲ… လူကျင့်ဝတ်၊ လူ ဂုဏ်သိက္ခာ လေးစား တန်ဖိုးထားမှုတွေ နဲ့  ဆက်လက် တည်တန့် 
ခဲ့ ကြသူတွေကတော့ သူတို့ ရဲ့  ဖောင် ဒေး ရှင်းတွေကို သစ္စာတရား၊ အမှန်တရားကို မြတ်နိုးတတ်မှု၊ ယုံကြည်မှု ၊ မွန်မြတ်သန့်စင်မှုတွေနဲ့ တည်ဆောက်ခဲ့လို့ ပဲ ဖြစ်ပါတယ်။
ထောင်နန်းစံ နေရတဲ့ မူဘာရက် နဲ့  အရူးမီးဝိုင်း ဖြစ်နေတဲ့ ကဒါဖီ တို့ ၊ အကျဉ်းစံ ဗိုလ်ချုပ် ခင်ညွန့်၊ အာဏာရှင်
ဦးနေ၀င်း တို့တွေ့ဟာ ဘ၀ရဲ့ အုတ်မြစ်တွေကို ချရာမှာ လိမ်ညာကောက်ကျစ်၊ ဖိနှိပ် ဆိုးယုတ်မှုတွေနဲ့
တည်ဆောက်ခဲ့ကြတာပါ။ ရလဒ် ကတော့ မြင်တဲ့အတိုင်း၊ တွေ့တဲ့အတိုင်းပါပဲ။
သူတို့ တည်ဆောက်ခဲ့တဲ့ ဘ၀တွေနဲ့ သူတို့ အုတ်မြစ်ချခဲ့တဲ့ စနစ်တွေဟာ တည်ဆောက်ပုံ မမှန်တဲ့အတွက်
လူပုဂ္ဂိုလ်အရာ ဇာတ်သိမ်း မကောင်းဘဲ၊ စနစ်နဲ့ ၀ါဒအရမှာတော့ သက်ဆိုးမရှည် ဖြစ်တတ်ကြတာ ပါပဲ။
ဒီတည်ဆောက်မှုတွေရဲ့  တရားကိုယ် သဘောကိုက ဘယ်လောက်ပဲ အောင်လံထူ နိုင်စေအုံးတော့ ပြိုလဲ
ကျသွားတတ်တဲ့ သဘာဝဟာ သူတို့ချခဲ့တဲ့ အုတ်မြစ်မှာကို အလိုလို ကပ်ပါပြီးသား ဖြစ်နေလို့ ပါပဲ။
ဒီလို ပြိုလဲမှုတွေမှာ စနစ်ပြိုလို့ လူပါပြိုတဲ့ သူတွေနဲ့  လူပြိုလို့ စနစ်ပါ ပြိုတတ်တာတွေကို တွေ့ကြမှာပါ။
ဘာလို့ ဒီတည်ဆောက်မှုတွေ ပြိုလဲသွားရတာလဲ။ အကြောင်းတွေထဲက တစ်ခုကို ဆိုရရင်တော့ အထက်
စကားချီး ဖြစ်တဲ့ “ငါးစိမ်းသည်က ငါးခေါင်းကို ဘယ်နေ့က ခုတ်ခဲ့လဲဆိုတာ မှတ်မိမှာ မဟုတ်ပေမဲ့.. ငါး
ကတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး ဆိုတဲ့ လောဂျစ်” လိုပါပဲ။ နေ၀င်းတို့ သန်းရွှေတို့၊ မူဘာရက်တို့၊
ကဒါဖီ တို့က သူတို့ ဘယ်လို အုတ်မြစ်ချခဲ့လဲ ဆိုတာ သူတို့ ကိုယ်တိုင် မသိတော့ပေမဲ့၊ သူတို့ ချခဲ့တဲ့
အုတ်မြစ်တွေမှာ စတေးရသူတွေကတော့ ဘယ်လိုမှ မမေ့ ကြပါဘူး၊
အိုဘားမား ပြောတဲ့ JusticeHas Been Done ဆိုတဲ့ စကားလို ပါပဲ။ သူတို့ တရားကို သူတို့ စီရင် ရမယ့်
အချိန်က မလွဲမသွေ ရောက်လာ ကြုံတွေ့ ရတတ်ပါတယ်။ အခု မူဘာရက် တို့၊ ကဒါဖီတို့ ၊ ခင်ညွန့်တို့၊
နေ၀င်းတို့ ကြုံတွေ့ ရသလို ပါပဲ။ ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတဲ့ နောင်တ (What goes around
comes around) ဆိုတဲ့ နောင်တပါပဲ။
ဒီဒဿန အယူအဆဟာ လူမှုရေး၊ နိုင်ငံရေးနဲ့  စီးပွားရေး အယူအဆတွေမှာပါ အကြုံးဝင်ပြီး၊ စနစ်သာမက
လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလဘ၀တွေ အပေါ်မှာ ဆန်းစစ်ထားတဲ့ အယူအဆ ဖြစ်ပါတယ်။
ဘယ်လို တည်ဆောက်ခဲ့ကြသလဲ၊ ဘာကြောင့် ပြိုလဲသွားကြတာလဲ (အပိုင်း ၂)ကို ထပ်မံတင်ပြပါဦးမယ်၊ ကျေးဇူးတင်ပါတယ်။
ငြိမ်းချမ်းငြိမ်း
(၀၆.၀၅.၂၀၁၁)

အေးဗျာ ဒီဆောင်းပါးလေးကို ဖတ်ပြီး လူးကြီး လူငယ် လူလတ် အားလုံး ဗဟုသုတနဲ့  အသိတရား တိုးပွားကြပါစေ ခွေးမသားကြီး သန်းရွေကိုလည်း အပြစ်ပေးနိုင်ကြပါစေ ။။
အေးဗျာ ဒီဆောင်းလေးကို ဖတ်ပြီး လူးကြီး လူငယ် လူလတ် အားလုံး ဗဟုသုတနဲ့  အသိတရား တိုးပွားကြပါစေ ခွေးမသားကြီး သန်းရွေကိုလည်း အပြစ်ပေးနိုင်ကြပါစေ ။။
there are two kinds of human’s history and these are “the history between birth & death periods” and ” the universal history with the world’s period”.
လူငယ်တွေ ကို ပေးချင်တယ့် အတွေးအမြင် တွေ ဖြစ်မယ်ထင်တယ်။ လူကြီးတွေကတော့ ဒီတရားကိုယ် တွေကို
သဘောပေါက်ပြီး လောက်ပြီ နေမယ်။ (မပေါက်သေးတဲ့ လူလည်း ရှိမယ်…အဏာရှင်တွေ ဘက်မှာ ရော..အာ
ဏာရှင် ကို ဆန့် ကျင်တယ် ဆိုတဲ့သူတွေ ဘက်မှာ ရော။ အကြောင်းအရာက Universal Truth ဖြစ်တာ သ
ဘောကျတယ်။ ဒီထက် သဘော ကျတာ က စာကို စဖွင့် ထားတဲ့ opening this statement ကို Ending
မှာ Conclusion အနေဲ့  ပြန်ဆုံး တာ ကိုပါပဲ။
P.S. ရုပ်ရှင် ဆောင်းပါးတွေ လဲ ဖတ်ချင် တယ်ဗျာ
ကောင်းတယ်ဗျာ…………