မြို့ တော်ဝန် ဟောင်း ဦးအောင်သိန်းလင်း ကို စုံစမ်းစစ်ဆေး

နေမျိုးဦး၊              ၊ယခင် ရန်ကုန်မြို့ တော်ဝန် ဟောင်း ဖြစ်သည့် ဗိုလ်မှုး ချုပ်ဟောင်း
ဦးအောင်သိန်းလင်း ကို ၎င်း တာဝန်ယူထားစဉ် အတွင်း လာဘ်စားမှု ၊ နိုင်ငံတော် ဘဏ္ဍာ
ငွေကြေးများ ကို အလွဲ သုံး စား လုပ်မှု များ ဖြင့် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန နှင့်
ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ မှ တာဝန်ရှိ သူများ က ပူးပေါင်း စစ်ဆေး
မေးမြန်းမှု များ ပြုလုပ် နေသည် ဟုဈေးများ ဌာန မှ ၀န်ထမ်း တစ်ဦးက FNG သို့ ပြောသည်။

ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ မြို့တော်ဝန်တာဝန်
ထမ်းဆောင်ခဲ့သည့် ကာလအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ငွေကြေးများ
အား ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခဲ့ကြောင်း၊ အလွဲသုံးစားလုပ်ထားသော ငွေကြေးပမာဏမှာ
အနည်းဆုံး ကျပ်သန်းပေါင်း ၂ ထောင်ကျော် (အမေရိကန်ဒေါ်လာ ၂ သန်းဝန်းကျင်) ရှိကြောင်း
အတည်မပြုနိုင်သော သတင်းအရ သိရသည် ဟု မြန်မာ သတင်းဌာန တစ်ခု ဖြစ်သည့် ထိုင်း နိုင်ငံ
အခြေစိုက် ဧရာဝတီ သတင်းဌာန အင်တာ နက် စာမျက် နှာ တွင် ဖော်ပြထားသည်။

ဦးအောင်သိန်းလင်း ကို စစ်ဆေး မေးမြန်း နေသော် လည်း ဖမ်းဆီး ချုပ် နှောင်ထား မှု များ မရှိ
ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းသည် ရန်ကုန် မြို့ တော် စည်ပင်သာယာရေး ကော်မတီ
မှ ပိုင်ဆိုင်သည့် စည်ပင်ဘဏ် ဟု လူသိများ သည့် မြို့ တော် ဘဏ် မှ အများ ပြည်သူ အပ် နှံငွေ
များ နှင့် လမ်းတံတား ဌာန မှ ရရှိသည့် အခွန် ငွေကြေး များ ကို ကိုယ်ကျိုး အတွက် သုံးစွဲ ခဲ့သည်
ဟု စည်ပင် အရာ ရှိ များ မှ ယုံကြည်ကြသည်။

အတည်ပြု ၍ မရသည့် အခြား သတင်းရင်းမြစ် များ တွင် မြို့ တော်ဝန် ဟောင်းဦးအောင်သိန်း လင်း
စစ်မေးခံရခြင်း မှာ ကြံ့ဖွတ် ပါတီ အနိုင်ရရှိရန် အတွက် အင်တိုက် အား တိုက် အကျိုးဆောင် ပေး ခဲ့
သည့် သူ့ အား ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က မြို့ တော် ၀န် ရာထူးမှ ဖယ်ရှား လိုက်ခြင်း အတွက် သူက
အခဲ မကျေ ဖြစ်ရာ မှ စသည် ဟု ဆိုသည်။

ရန်ကုန် မြို့ တော် စည်ပင်သာယာရေး ကော်မီတီ သည် အစိုးရ၏ ဘဏ္ဍာငွေကြေး ခွဲတမ်း ကို မှီခို
ရခြင်း မရှိ ဘဲ ကိုယ်ပိုင် ဘဏ္ဍာ ငွေကြေး ဖြင့် လည်ပတ် ရန် ခွင့်ပြုထားသည့် တစ်ခု တည်း သော
အစိုးရ အဖွဲ့ အစည်း တစ်ခု ဖြစ်သည်။

3 thoughts on “မြို့ တော်ဝန် ဟောင်း ဦးအောင်သိန်းလင်း ကို စုံစမ်းစစ်ဆေး

  1. ဘာတွေများ လုပ်ဇာတ်ထပ်ပြဦးမလဲ မသိဘူး ။ မျက်လှည်ဆန်ဆန်၊ ပဉ္စ္စလက်ဆန်ဆန်ပေါ့ ။

  2. သူတို့အချင်းချင်း ဘဲဗျာ ။ ဒီတိုင်း ဘဲ ထားပြီး မေ့ချင်ရောင်ဆောင်နေကြ မှာပါ။

  3. သူခိုးတယောက် ကောင်းရာရောက်ဖို. တယောက်သ၀ှက် ဘ၀ပျက်တာ မ္မတာပဲ။

Comments are closed.