ကဒါဖီ ပုန်းအောင်းရာ နေရာ များ ကို ပစ်မှတ် ထားပြီး တိုက်ခိုက်
နေတိုး အထွေထွေအတွင်းရေးမှုးချုပ် အန်ဒါ ဖော့ဂ်ရာမူဆန် က “လစ်ဗျား ခေါင်းဆောင် ကဒါဖီ
အတွက် အနဂတ် မရှိ တော့ ဘူး ” ဟု ပြောကြား ပြီး နာရီ ပိုင်း အကြာတွင် နေတိုး လေကြောင်း
တိုက်ခိုက်မှု များမှ ကဒါဖီ ပုန်းခိုရေ နေရာ များ ကို ထိမှန် အောင် တိုက် ခိုက် ခဲ့သည် ဟု ထရီပိုလီ
မှလာသည့် အေပီ သတင်း တစ်ရပ် တွင် ဖော်ပြထားသည်။
တနင်္လာ နေ့  နှောင်းပိုင်း နှင့် အင်္ဂါ နေ့ နံနက် အာရုံတက် ချိန် တွင် တိုက်ခိုက် ခဲ့သည့် စစ်ဆင်ရေး
များ အတွင်း နေတိုး တိုက်လေယာဉ် များ က ကဒါဖီ ပုန်းခိုနေသည် ဟု ယူဆရသည့် နေရာ ၈ ခု
ထက် မနည်း ကို ပဲထိန်း ဗုံးများ ၊ ပရီဒေတာ မောင်းသူမဲ့ တိုက်လေယာဉ် များ ဖြင့် တိုက် ခိုက်ခြင်း
ဖြစ်သည်။
တိုက်ခိုက်မှု များ အတွင်း စစ်တပ် စခန်း အချို့ နှင့် ကဒါဖီ ၏ ဘန်ကာ များ မှာ ပျက်စီးသွားသော်
လည်း အသေအပျောက် သတင်း ကို ဆက်လက် စုံစမ်း နေဆဲဖြစ်သည်။
ကုလသမဂ္ဂက ချမှတ် ထားသည့် လေယာဉ် မပျံ သန်းရဇုန် ဥပေဒ  ကို ချိုး ဖောက် ပြီး ကဒါဖီ ၏
တိုက်လေယာဉ်များ သည် လစ်ဗျား နိုင်ငံ အနောက် ပိုင်း ရှိ သူပုန်များ ထိန်းချုပ် ထားရ တစ်ခု
လစ်ဗျား သူပုန် များ က ကဒါဖီ အခြေစိုက်ရာ ထရီပိုလီ မြို့ ကို သိမ်းပိုက် နိုင်ရန် အတွက် နိုင်ငံအနောက် ပိုင်းမှ မြို့ များ ကို ပြန်လည် ရယူနိုင်ခဲ့သည်
နေတိုး တပ် ဖွဲ့  များ  ၏ လေကြောင်း ပစ်ကူ များ ကြောင့် ဒီမိုကရေစီ လိုလားသည့် လစ်ဗျား လက်
နက် ကိုင်များ သည် နိုင်ငံအရှေ့ ပိုင်း ဘရီဂါ နှင့် ရစ်လာ နုဖ် မြို့ များ ကို ပြန်လည် တိုက်ခိုက် နိုင်ခဲ့
ပြီး အနောက် ပိုင်း ရှိ  မစ်ဆူရီတာ မြို့ ကို ၀ိုင်းရံ ပိတ် ဆို့ ထားသည့် ကဒါ ဖီ ၏ တပ် များ ကို လည်း
ပြန်လည် မောင်း ထုတ် နိုင်ခဲ့သည်။
ကဒါဖီ၏ တပ်များ က ၀ိုင်းပြီး မုဒိမ်းကျင့် ခံရသည့် လစ်ဗျား အမျိုး သမီး အိုင်မန် အယ်(လ) အိုဘီ
ဒီ သည် ၎င်း အား ဖမ်းဆီးထားသည့် နေရာ မှ တစ်ဆင့် အခြား နေရာ တစ်ခု သို့ မျက်နှာ ကို စွပ်၍
ပြောင်း ရွှေ့ စဉ် အတွင်း လစ်ဗျား စစ်တပ် အရာ ရှိ တစ်ဦး က ကယ် တင်မှု ကြောင့် တူနီးရှား နိုင်ငံ
ကို လွတ်မြောက် ထွက်ပြေး နိုင်ကာ ယနေ့ တွင် ကာတာ နိုင်ငံ ၏ ခိုလှုံ ခွင့်ပြမှု ကြောင့် တူနီးရှား
မှ အထူးလေယာဉ် ဖြင့် ကာတာ နိုင်ငံ သို့ ထွက် ခွာသွားသည်။
ဆီရီးယား
ဆီရီးယား နိုင်ငံ တ၀ှမ်း ပေါ်ပေါက် နေသည့် လူထု အုံကြွှမှု များ ကို ဆီးရီးယား သမ္မတ အာဆတ်
က ရက်ရက် စက်စက် နှိမ်နှင်း ခဲ့ရာ သေဆုံး သူ ၆၀၀  ကျော်ရှိပြီ ဖြစ်ကာ လူပေါင်းထောင် ချီ ၍
ဖမ်းဆီးထားသည်။
ဒီမိုကရေစီ တောင်းဆိုမှု ပြုကြသည့် ပြည်သူများ အား ရက်စက်စွာ နှိပ်ကွပ် ခဲ့သည့် ဆီးရီးယား
အစိုးရအား ဥရောပ နှင့် အမေရိကန် တို့ က ထပ်မံ အရေးယူပိတ် ဆို့ မှု များ ပြုလုပ် ခဲ့ရာ လက်
နက် တင်ပို့ များ ပါ ပါဝင် ခဲ့သည်။
ယီမင်
ယီမင် နိုင်ငံ တွင် သုံးလ ကျော်ကြာ ဆန္ဒပြမှု များ သည် ပိုမို အားကောင်း လာပြီး ယနေ့ တွင် မြို့ 
တော် ဆားနား တွင် ဆန္ဒပြသူများ က တောင်း ဆိုသည် မှာ ယီမင် သမ္မတ အလီ အဗ္ဗဒူလာ ဆာ
လေး သည့် ပင်လယ်ကွေ့ နိုင်ငံ များ နှင့် သဘောတူချက် ကို လိုက် နာက ၄၈ နာရီ အတွင်း သမ္မ
တ ရာထူးမှ နှုတ် ထွက် ပေးရန် တောင်း ဆိုထားသည်။
အိုင်ဗရီကိုစ်
အိုင်ဗရီကိုစ် နိုင်ငံတွင် ရာထူးမှာ ဖယ်ရှား ခံလိုက်ရသည့် သမ္မတဟောင်း လော့ရင့် ဘက် ဘို ကို
လူ့ အခွင့်အရေး ချိုးဖောက် မှု များ အတွက် စတင် စစ်မေး နေပြီး ဆွစ်ဇာလန် နိုင်ငံ တွင် ၎င်း အပ်
နှံထားသည့် ငွေ များ နှင့် ၀ယ်ယူထားသည့် အိမ်များ ကို ဆွစ်ဇာလန် တာဝန် ရှိသူများ က တား
ဆီးထား လိုက်သည်။
လော့ရင့် ဘက် ဘိုသည် ၎င်း အာဏာ ရယူထားစဉ် အတွင်း အတိုက် အခံ များ နှင့် သဘောကွဲ
လွဲ သူများ ကို လုပ်ကြံသတ်ဖြတ်ရန် အမိန့် ပေးခဲ့မှု များ သည် ထင်ရှား ပါက နှစ်ရှည် ထောင်ဒဏ်
အပြစ် ပေးခံရမည် ဖြစ်သည်။
LIBYA
One thought on “ကဒါဖီ ပုန်းအောင်းရာ နေရာ များ ကို ပစ်မှတ် ထားပြီး တိုက်ခိုက်
  1. LYBIA’s war shouldn’t be long time and urgently catch KaDaFi and transfer state power to all LYBIA’a national peoples.
Comments are closed.