တက်ကြွလှုပ်ရှား သူ လူငယ် များ ကို ပုံစံ တစ်မျိုး ဖြင့် ဖမ်းဆီးနေ

FNG၊                 ၊အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ဦးဆောင်ပြုလုပ် နေသည့် နိုင်ငံရေး
အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှု များ တွင် တက်ကြွစွာပါဝင် ဆောင်
ရွက်နေသည့် စာရေးဆရာ ဝေမှုးသွင် ကို မေလ ၇ ရက်နေ့  စနေ နေ့ ညက ၎င်း နေ ထိုင်ရာ
ကန်တော်လေး မင်္ဂလာတောင်ညွန့် ရှိ နေအိမ်တွင် သက်ဆိုင်ရာ အာဏာပိုင် များ က လာရောက်
ဖမ်းဆီး သွား သည် ဟု သတင်း ရရှိသည်။

စာရေး ဆရာ ဝေမှုးသွင် အား နှင့် အခြား တက်ကြွသူ လူငယ် ၃ ဦးခန့် ကို ဖမ်းဆီးပြီး နောက်
ပိုင်း တွင် အာဏာပိုင် များ နှင့် ဆက်စပ်သည့် အဖွဲ့ အစည်းများ က မူးယစ် ဆေးဝါးမှု ဖြင့်
ဖမ်းဆီးထား သည် ဟု သတင်း လွှင့် ခဲ့ပြီး မန္တလေး တိုင်း အတွင်း မှ ဖမ်းဆီး
ခဲ့သူ တစ်ဦး နှင့် ပဲခူး တိုင်း မှ ဖမ်းဆီး ခဲ့သူ နှစ်ဦး ကို မူ ဥပဒေမဲ့ ပစ္စည်း လက်ဝယ် ထား ရှိမှု ၊
ခြိမ်းခြောက် မှု စသည် တို့ ဖြင့် ဖမ်းဆီး ခဲ့သည် ဟု သတင်း ရရှိသည်။

စာရေး ဆရာ ဝေမှုး သွင် ဖမ်းဆီး ခံရခြင်း နှင့် ပတ်သက်၍ အပတ်စဉ် ထုတ် သတင်းဂျာနယ်
တစ်စောင် ကို တည်းဖြတ် နေသူ တစ်ဦးက “ကိုဝေမှုးသွင်းက ဒီရက် ပိုင်း အတွင်း မှာ နိုင်ငံရေး
အကျဉ်းသား တွေ လွတ်မြောက်ရေး အတွက် လက်မှတ် ထိုး လှုပ်ရှားမှု မှာ စည်းရုံး လှုံ့ ဆော်
နေတာ ပါ။ ကျွန်တော် တို့ ဆီကို လည်း လက်မှတ် ထိုးရမယ်. ဖောင် တွေ ယူလာပြီး လက်မှတ်
ထိုးဖို့ လိုက် စည်း ရုံးတယ် ၊ စာပေ နဲ့ ရုပ်ရှင် နယ် မှာ လည်း သူပဲ လက်မှတ် တွေ ကို လိုက်
ကောက် ခံနေတာ ပဲ ဟု Freedom News Groupသို့ ပြောသည်။

စစ်အစိုးရတစ်ဖြစ်လဲ ကြံ့ဖွတ် အဖွဲ့  ၏  လက်ကိုင်တုတ် စွမ်းအား ရှင် အဖွဲ့ သည် နိုင်ငံရေး
အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားနေသူများ ကို နယ်မြို့ အချို့ တွင် လိုက်လံ နှောင့်ယှက်
မှု များ ပြုလုပ် နေသည် ဟု လက်မှတ် စုဆောင်း သူ တစ်ဦးက ပြောသည်။

စာရေးဆရာ ဝေမှုးသွင် ဖမ်းဆီးခံရမှု ကြောင့် နိုင်ငံတ၀ှမ်းရှိ တက်ကြွလှုပ်ရှား သူ လူငယ် များ
က လည်း ၎င်း တို့ ကို ထိုကဲ့သို့  အင်္ဂလိပ် ခောတ်က လို သိက္ခာ ချ ဘိန်းပစ် ဖမ်းဆီးမှု များ
ပြုလုပ် လာမည် ကို စိုးရိမ် နေကြသည် ဟု သိရသည်။

စာရေး ဆရာ ဝေမှုး သွင် သည် ၁၉၉၆၊၁၉၉၈ နှင့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလ
အတွင်း တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့ပြီး တက်ကြွလှုပ်ရှား သူလူငယ် များ ကို အကူအညီ
ပေး နေသူ တစ်ဦး လည်း ဖြစ်သည်။

စစ်အစိုးရသည် နိုင်ငံရေး အကျဉ်းသား များ ကို ပြန်လည် လွှတ်ပေးခြင်း မရှိသေး ဘဲ နိုင်ငံရေး
အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူများ ကို ပင် ထပ်မံ ဖမ်းဆီး ခဲ့သည်။

10 thoughts on “တက်ကြွလှုပ်ရှား သူ လူငယ် များ ကို ပုံစံ တစ်မျိုး ဖြင့် ဖမ်းဆီးနေ

  1. ကို စစ်သွေးရေ

    ကိုစစ်သွေးက Brain Wash အလုပ်ခံထားရတယ်လို့ ကျနော် ယူဆတယ်ဗျ၊ ခွင့်လွှတ်ပါတယ်။

  2. ဟုတ်ပြီ…ခင်ဗျားတို့ ပြောသလို… အာဏာပိုင်တွေကိုအောက်ခြေကနေတွန်းလှန်ဖို့ အတွက်… လူတိုင်း တွန်းလှန်ချင်စိတ်ရှိနေပြီလား… ကျနော်တွေတဲ့ လူတွေထဲမှာတော့… မြန်မာပြည်သားတော်တော်များများဟာ….တွန်းလှန်ဖို့ မပြောလေနဲ့ .. နိုင်ငံရေးအကြောင်းပြောလိုက်တာနဲ့ ..ဖင်တွန့် နေပြီ….တချို့ ဆိုရင်… ဘာပြောတယ်ထင်လဲ.. နိုင်ငံလုပ်လို့ .. ဘာအကျိုးထူးမှာတုန်းတဲ့.. ကိုယ့်ရှိမှကိုယ်စားရတာတဲ့…ကိုယ့်နိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတာတကယ်ပဲမသိတာလားဒါမှ မဟုတ့် ..မသိချင်ဟန်ပဲဆောင်တာလားတော့မသိဘူးပေါ့နော်….မြန်မာပြည်ကလည်းအဲလိုမျိုးလူတွေရှိနေလို့ … အခုအချိန်ထိစစ်အာဏာရှင်စနစ်က မလွှတ်သေးတာပေါ့….အခုအချိန်တိုင်းသာဆိုရင်..ဗမာပြည်ရဲ့ အနာဂတ်က.. ချီးတုန်းဝဲလည်ခတ်နေမှာသေချာတယ်………အဲဒါကြောင့်လူတိုင်းတွန်းလှန်ချင်စိတ်ရှိလာအောင်.. လှုံဆော်တိုက်တွန်းပေးဖို့ လိုအပ်လိမ့်မယ်လို့ ကျနော်ထင်တယ်….

  3. သွေးကိုသွေးနဲ့ တောင်းရတယ်ကွ၊မှတ်ထား။ဒီနည်းနဲ့ အောင်မြင်မှဖြင့်ကြာပြီပေါ့။သူတို့ ကိုယ်ချင်းစာတတ်အောင်ညီအကိုမောင်နှမ၊သားသမီးမြေးမြစ်အထိတူသောအကျိုးကိုရရာနည်းနဲ့ ပေးပြီးလက်စားချေရတယ်ကွ

  4. ဗျို့— ဗမာပြည်ကို ကျွန်ပြုထားတဲ့ စစ်အမျိုးအဆွေတို့ရေ။
    ခင်ဗျားတို့လုပ်သမျှ ပြည်သူတွေကို တရားလက်လွှတ်ဖမ်းသမျှ၊ နိုင်ငံရေးမှုမပါ၊ ရာဇဝတ်မှုတွေနဲ့ချည်းပဲဗျ။
    နောက်ကိုယ့်အလှည့်ကျ မနွဲ့စတမ်းဗျ။ မကြောက်ပါနဲ့။
    ခင်ဗျားတို့ကြောက်ရင်လည်း ဘာလုပ်ရမလဲသိကြပါဗျာ။
    နော် ကိုဂျိုကား။

  5. အကောင်းမြင်ဖို့ထက် ၊ေ-ဖန်မှုတွေပဲပြုတဲ့သူတွေ
    ထောက်ခံဖို့ထက် ၊ တော်လှန်ဖို့ပဲ အားသန်သူတွေ
    ဒါတွေဒါတွေကြောင့် ဒို့မြန်မာပြည်မတိုးတက်ရတာပဲ … ကိုယ့်လူတို့ရေ
    သူများကို အရင်မမြင်စမ်းပါနဲ့လေ ။
    ကိုယ့်ကိုယ်ကို အရင်ပြုပြင်ကြပါဦး။

  6. အနာတော့ သိပါရဲ့ ဆေးကမတွေ့ သေးတာ ကျွန်တော့်တစ်သက်ရှိပြီ။….. :'(

  7. Hi All,

    Where is that “second penglong Conference” anyway. Our great leader Daw ASSK is very good on political strategy and making all A Yuu Chee Pann things. She has to better mean what she talk. Otherwise, all the youth activists like Wai Hmu Thwin would be arrested for non sense. We have watched her for 23 years and proved that she is not a real leader who can lead us to Democracy.

  8. By arresting of Writer-Wai Muu Thwin,Thein Sein’s 1/4 miliary diactorship government has neglected democratic forces,all included in their Myanmar’s future democratic process and so,all Burma’s democratic forces & global democratic forces should know their wicket planning and so,should avoid to eat two times stool.

  9. ချီးထုပ်ပေါ် ထိုင်ရင် ချီးနံ့ က ဘယ်ပျေက်နိုင်မှာလဲ ။ ဘယ်လိုမျိုး အခြေခံ ဥပဒေ နဲ့ ကိုင်တွယ်နေတယ် ဆိုတာ မြန်မာပြည်သူ ပြည်သား အားလုံးမမေ့သင့်ဘူး။

  10. တို့မြန်မာပြည်က…. အောက်ခြေကနေစပြီး သန့်ရှင်းမှရတော့မယ်…. အဲဒါကြောင့် အမျိုးချစ်တဲ့သူတိုင်း အာဏာပိုင်တွေကို အောက်အခြေကနေစပြီးတွန်းလှန်မှ ရမယ်လို့ အကြံပြုချင်ပါတယ်….

Comments are closed.