ဟိန်းခိုင်ထွန်း ၊ ၊မတ်လ ၃၀ ရက်နေ့ က နိုင်ငံ တော် အာဏာကို လွှဲပြောင်း
လက်ခံ ရယူခဲ့သည့် စစ်အစိုးရသစ် သည် သတင်း နှင့် မီဒီယာ လုပ်ငန်း အပေါ် ပို ၍
တင်းကျပ် မှု များ ပြု လုပ် လာပြီး သတင်း လွတ် လပ် ခွင့် များ ကို လည်း ပိုမို ထိန်းချုပ်
လာသည် ဟု FNG မှ စုံစမ်း သိရှိရသည်။
ဗဟန်း မြို့ နယ် ၀င်္ကာပါ လမ်း တွင် အခြေစိုက်သည့် စာပေစီစစ်ရေး ဌာနသည် နာဂစ် ၃ နှစ်ပြည့်
အမှတ်တရ အတွက် ပြည်တွင်း ဂျာနယ် အသီးသီး မှ ဧရာဝတီ ရှိ ဒေသများ သို့ သွားရောက်ကာ
ရိုက်ကူးထားသည့် ဓာတ်ပုံ ၊ သတင်း နှင့် ဆောင်း ပါးများ ကို ထည့်သွင်း ခွင့် မပေး ဟု သိရသည်။
၂၀၀၈ ခုနှစ်မေလက တိုက်ခတ်ခဲ့သည့် နာဂစ် လေမုန် တိုင်း ကြောင့် လူ ၁၀၀.၀၀၀ ကျော် သေ
ဆုံးခဲ့ရသည့် ဧရာဝတီ တိုင်း ဒေသ သို့ သွားရောက် သတင်းယူ ခဲ့သည့် သတင်း ထောက် တစ်ဦး
က သူ၏ ဓာတ် ပုံ နှင့် သတင်း ဆောင်း ပါး များ ကို စာပေစီစစ်ရေး မှ လုံးဝ ဖော်ပြ ခွင့် မပြု ခဲ့ဟု
Freedom News Group သို့ ပြောသည်။
နာဂစ် မုန်တိုင်း ဒဏ် ကို ပြင်းထန် စွာ ခံစား ခဲ့ရသည့် ဧရာဝတီ တိုင်း ဒေသ များ တွင် ယခု ထိ ပြန်
လည် ထူထောင်း ခြင်း လုပ်ငန်း များ မလုပ် နိုင်သေး ဘဲ ကျန်ရှိ နေသည့် ဒေသများ ၏ အခြေအနေ
များ ကို သတင်း သွားရောက် ရယူခဲ့သည့် သတင်း များ ကို လည်း အခြား ဂျာနယ် အချို့ တွင် ဖြုတ်
ပယ် ပြီး မှ ဖော်ပြခွင့် ပြုသည်။
နိုင်ငံရေး
အစိုးရသစ် ၏ လှုပ်ရှား ဆောင် ရွက် မှုများ ထဲ မှ အချို့ ကို သာ အကန့် အသတ် ဖြင့် ဖော်ပြခွင့် ပြုပြီး
အတိုက် အခံ နှင့် နိုင်ငံ ရေး အဖွဲ့ အစည်း များ မှ လှုပ်ရှား ဆောင်ရွက် မှု များ နိုင်ငံရေး အကျဉ်းသား
သတင်း များ ကို မူ လုံးဝ ဖော်ပြ ခွင့် မပြု ဟု သိရသည်။
နိုင်ငံရေး သတင်းများ ကို တင်းကျပ်စွာ ပိတ်ပင် ထားခြင်း နှင့် ပတ် သက်၍ နိုင်ငံရေး အကျဉ်းသား
ဟောင်း တစ်ဦး ဖြစ်သည့် စာရေး ဆရာ တစ်ဦးက ဒီမိုကရေစီ အစိုးရ လို့  ကြေငြာထားရင် ဒီမိုကရေစီ
ကျင့် စဉ် တွေ ကို လိုက် နာဖို့ လိုတယ်။ စာပေစီစစ်ရေး ဆို တာ ထား ဖို့ ကို မလို တော့ တာ အစိုးရ ဘက်
က လှုပ်ရှား တဲ့ သတင်း တွေ ထည့် သလို့ အတိုက် အခံ ဘက် က သတင်း တွေ လဲ ဖော်ပြ ပေးသင့် တယ်
ဟု ပြောသည်။
တာချီလိတ် ငလျှင်
မတ်လ ၂၄ ရက်နေ့ က လှုပ်ခတ် ခဲ့သည့် တာချီလိတ် ငလျှင် သတင်း များ တွင် လည်း သေဆုံး သူ
ဦးရေ ကို ဖော်ပြရာ တွင် ယခင် စစ်အစိုးရက ထုတ်ပြန်ထားသည့် သေဆုံးသူ ဦးရေ ထက် ပို မို ထုတ်
ပြန်မှု မပြုရန် ကန့် သတ် ထား ပြီး ၊ ပျက်စီးဆုံး ရှုံး သည့် အိမ်များ ၊ လမ်း များ နှင့် အဆောက် အဦ
ဓာတ် ပုံ အချို့ ကို ဖော်ပြ ခွင့် မရတော့ ဘဲ ကြံ့ဖွတ် အဖွဲ့ က ဟန် ပြပြင် နေသည့် ဓာတ် ပုံ များ ကို သာ
ဖော်ပြ ခွင့် ပြုသည်။
ငလျှင် ဒဏ်ကြောင့် ထိုဒေသ ရှိ စစ်စခန်း များ ပျက်စီး ဆုံး ရှုံး မှု နှင့် တပ်တွင်း ထိခိုက် ဓဏ်ရာရရှိ
မှု များ ကို မူ လုံးဝ ဖော်ပြ ခွင့် မပေး သည့် ပြင်းထန် သည့် သတိပေး မှု များ ပါ ပြုလုပ် လာသည်
ဟု သိရသည်။
အာဆီယံ သတင်း
အာဆီယံ နိုင်ငံ များ နှင့် ပတ်သက် သည့် သတင်းများ အာဆီယံ အဖွဲ့  အား အခြား နိုင်ငံ များ မှ ဝေဖန်
မှု များ နှင့် ပတ်သက် ပြီး တင်းကျပ်သည့် မူဝါဒ များ ချမှတ် ထားရာ အာဆီ ယံ အဖွဲ့ အား အမေရိကန်
အပါအ၀င် အနောက် နိုင်ငံ များ မှ ဝေဖန်မှု များ ကို လုံးဝ ထည့် သွင်း ဖော်ပြ ခွင့် မပြု ဟု ဆိုသည်။
နိုင်ငံ တကာ သတင်း များ
အာရပ် နိုင်ငံ များ တွင် ပြည်သူ လူထု အုံကြွမှု နှင့် တရုတ် ပြည် တွင် မငြိမ်မသက် မှု၊ တရုတ် အစိုးရ၏
ဖမ်းဆီး မှု နှင့် တရုတ် – အမေရကန် ၊ တရုတ်-မြန်မာ မူဝါဒ များ တွင် နိုင်ငံ တကာ သတင်း များက ဖော်
ပြထား သည့် အတိုင်း တရုတ် အစိုးရ က ကို စိတ် အနှောင့် အယှက် ဖြစ် သွား စေမည့် သတင်း မျိုး ကို
ဖော်ပြ ခွင့် မပြု ဟု စုံစမ်း သိရှိရသည်။
မြန်မာ စစ်အစိုးရသစ် ၏ ပို မို ဖိအား ပေး မှု ကြောင့် စာပေစီစစ်ရေး ဌာန သည် ပို မို တင်း ကျပ်မှု များ
ပြုလုပ် လာခဲ့ရခြင်း ဖြစ်ပြီး သတင်း ဂျာနယ် များ မှ သတင်း ထောက် များ အနေ ဖြင့် ပိုမို ထောင်နှုတ်
ခမ်း နင်း ရသည့် အခြေအနေ နှင့် ကြုံတွေ့ လာ နိုင်ရသည် ဟု သတင်း ဂျာနယ် တစ်ခု မှ တာဝန် ခံ
အယ် ဒီတာ တစ်ဦး က ပြောသည်။
စာပေစီစစ်ရေး သည် သတင်း နှင့် ဘာသာရေး ဂျာနယ် များ မှ အပ အခြား သုတ၊ ရသ စာပေ များ ကို
စီစစ်ရေး တင်စရာ မလို ဘဲ ထုတ်ဝေခွင့် ပြုမည် ဟု ပြောကြား ခဲ့သော် လည်း နိုင်ငံ ရေး အကျဉ်းသား
လွတ်မြောက် ရေး အတွက် ဆိုရွားသည့် ထောင်တွင်း အခြေအနေ ကို တစ်မျက် နှာ ခန့်  ၀တ္ထု တို သဖွယ်
ရေးသား ပြီး ပြည်သူများ ကို လက်ဆင့် ကမ်းကာ နိုင်ငံရေး အကျဉ်း သား လွတ် မြောက်ရေး အတွက်
စာရေး ဆရာ ဝေမှုး သွင် ကို အာဏာပိုင် များ မှ ဖမ်းဆီး ထိမ်းသိမ်း ခဲ့သည်။
နိုင်ငံတကာ တက္ကသိုလ် များ တွင် သင်ကြား ပို့ ချနေသည့် သတင်းစာ ပညာရပ် ကို လေ့လာရန်
