ဘင်လာဒင် နှင့် တော်ဝင် လက်ထပ်ပွဲ အရောင်းရ စာရင်းဝင်

ဧပြီလ ၂၉ ရက်နေ့ က ဗြိတိသျှ အိမ်ရှေ့ မင်းသား ချားလ် နှင့် ၁၉၉၇ ခုနှစ် သြဂုတ်လအတွင်း
ကွယ်လွန် သွား ခဲ့ပြီဖြစ်သည့် ဒိုင်ယာနာတို ၏ သားဖြစ်သူ မင်းသား ၀ီလျှံ သည် သူ နှင့် ကာလ
ကြာရှည် ချစ်မေတ္တာ မျှ နေသည့် ကိတ်မင်ဒယ်တန် တို့ နှစ် ဦး  ထိမ်းမြား မင်္ဂလာ ဆောင်သည့်
ဗီဒီယို မှတ်တမ်း ခွေ နှင့် မေလ ၁ ရက် နေ့ က အမေရိကန် အစိုးရက အိုစမာ ဘင်လာဒင် အား
အလစ်အငိုက် ဖမ်းဆီး သတ်ဖြတ် နိုင်ခဲ့သည့်  ဗီဒီယို ခွေ များ သည်   ရန်ကုန် မြို့  လမ်းဘေး
ဒီဗီဒီ ဆိုင်များ ဉ် အရောင်း ရ ဆုံး ဖြစ်နေသည်။

လန်ဒန် မြို့ ဝတ်မင်နီစတာ အဘေး ခရစ်ယာန် ဘုရားကျောင်းကြီး ဉ် စုလျှား ရစ်ပတ် လက်ထပ်
မင်္ဂလာ ဆောင် သည့် ၀ီလျှံ နှင့် ကိတ် တို့  ၏ လက်ထပ် မင်္ဂလာ အခမ်း အနား မှာ မူ လူကြိုက်
များ ပြီး နှစ် ခွေ တွဲ ဒီဗီဒီ အား ၁၅၀၀ ကျပ်ဖြင့် ရောင်းချသည်။

ယခင်က လ ဂျပန် စုနမိ ငလျှင် ဘေးဒဏ် ဗီဒီယို မှတ်တမ်း နှင့် လစ်ဗျားနိုင်ငံ ကို အမေရိကန် နိုင်ငံ
က ထိုး စစ်ဆင် တိုက် ခိုက်သည့် ဗီဒီယို မှတ်တမ်း များ မှာ လမ်းဘေးခွေ ဆိုင်များ တွင် ရောင်း ကောင်း
သည် ဟု လမ်းဘေးခွေ ရောင်းသူ တစ်ဦးက Freedom News Group သို့ ပြောသည်။

အိုစမာဘင် လာဒင် အား ဖမ်းဆီးသည့် စစ်ဆင်ရေး ဗီဒီယို ခွေ တွင် မှတ် တမ်းများ  တွင် ယခင်
အာဖဂန် နစ္စတန် စစ်ပွဲများ နှင့် ၉/၁၁ ပုံရိပ် များ ကို ထည့်သွင်း ဖြတ်ညှပ် ဖော်ပြထားသည်။

ယခင်လ က လူကြိုက်များ ခဲ့သည့် လစ်ဗျား စစ်ပွဲ ဗီစီဒီ ခွေ များ တွင် အချို့ က ဟောလိဝုဒ် စစ်ကား
များ နှင့် ရမ်ဘို ကားများ မှ ပုံရိပ် များနှင့်ရော ကာ ပြုပြင် တည်းဖြတ်ထား ခြင်း များ ရှိပြီး “ရောင် နီ ပျို့ 
သို့ ခရီးရှည် ” ဆိုသည့် စာတမ်းဖြင့် ဖွင့်ကာ အမေရိကန် လေယာဉ် တင် သင်္ဘောများ တိုမာဟောခ်
ဒုံးကျဉ် များ ဖြင့် ပစ်လွှတ် ပုံ ဖြင့်စဖွင့် ထား သည့် ဗီဒီယို ခွေ မှာ မူ အဖြစ်အပျက် အကျဉ်း ကဒါဖီ နှင့်
လစ်ဗျား နိုင်ငံ ၏ သမိုင်း ကြောင်း ဆန္ဒပြမှု များ စသည် တို့ ပါဝင်ပြီး မြန်မာ ဘာသာ ဖြင့် နောက်ခံ
စကား ပြော သံ များ ထည့် သွင်းထား ၍ ဈေးကွက် တွင် လူကြိုက်များသည်။

ဂျပန် နိုင်ငံ တွင် လှုပ်ခတ်ခဲ့သည့် စုနမိ ငလျှင် သဘာဝဘေးဒဏ် ဗီဒီယို ခွေမှာ လည်း လူကြိုက်များ
သည်။

ရန်ကုန် မြို့ မှာ အငြိမ်းစား ကျောင်းဆရာ တစ်ဦးက အိမ်မှာ အင်တာ နက် တို့ စလောင်း တို့ မရှိဘူး
လေ ပထမ နေ့ က အင်တာနက် က သွားကြည့်တယ်။ နောက်နေ့ ကျတော့ အခွေထွက် လာလို့ 
အခွေ ပဲ ၀ယ်ကြည့်တော့ တယ်။ မြို့ ထဲ က ၀ယ် လာ တာ တစ်ခွေ ၃၀၀ ဟု ” တော်ဝင် မင်္ဂလာပွဲ
အခွေ ကို  ၀ယ်ကြည့် ခဲ့သူ တစ်ဦး က ပြောသည်။

ထိုအခွေ များ မှ ပုံရိပ်အများ စု မှာ ဂြိုလ် တု စလောင်းများ မှ ဖြစ်ပြီး အချို့ မှ အင်တာနက် မှ ဗီဒီယို
များ နှင့် ရုပ်ရှင်ဇာတ်ကားများ မှ ဇာတ်ဝင်ခန်းများ ကို ဖြတ်ညှပ်ကတ် ထားခြင်း ဖြစ်သည်။

ဗွီဒီယိုခွေငှားဆိုင်များနှင့်လမ်းဘေးဓာတ်ပြားအရောင်း ဆိုင်တို့တွင်ခိုးကူးခွေများ တွေ့ရှိပါကအစစ်
အဆေးမရှိထောင်(၃)နှစ်ချမှတ်ခံရမည်ဟုသက်ဆိုင်ရာမှအကြောင်းကြားထားကြောင်း မြန်မာ နိုင်ငံ
ဗီဒီယိုအခြေခံအစည်းအရုံး က သတင်း ထုတ် ပြန်ထား သော် လည်း ၀မ်းရေးကြောင့် ရောင်းချသူများ
မှာ ဆေးရုံ နှင့် စက်ရုံ အလုပ် ရုံ ၀န်းများ အထိ သို့ ပင် တိုးချဲ့ လာခဲ့သည်။

ရန်ကုန် မြို့ လမ်းဘေးတွင် ဒီဗီဒီ အခွေ ရောင်းချ ရာမှ အောင်မြင်လာ ပြီး ယခု ယုဇန ပလာဇာ တွင်
ဆိုင်များ ဖွင့်လှစ် ထား သူ တစ်ဦးက က မြန်မာ နိုင်ငံ က ခိုးကူးခွေ ဈေးကွက် ကို ၂၀၀၁ မှာ အိုစမာ
ဘင်လာဒင် က ပဲ စဖွင့် သွား တာ လေ ဗီစီဒီ တွေ ပေါ်ခါ စက တစ်ခွေ ကို ၅၀ တို့  ၁၀၀ တို့ နဲ့  ၉ ၁၁
အခွေ တို့ အာဖဂန် အခွေ တွေ ကို စရောင်းတာ လူကြိုက် များရာ ကနေ နိုင်ငံခြား  ဗီဒီယို ဈေးကွက်
နဲ့  ခိုးကူး ခွေ ဈေးကွက် တွေ ဖြစ်လာတာ “ဟု ပြန်ပြောင်း ပြောပြသည်။