လစ်ဗျား ခေါင်းဆောင် မွမ်မာ ကဒါဖီ ၏ တပ် များ က နှစ် လကျော် ကြာ ၀ိုင်းပတ် ပိတ် ဆို့ 
တိုက်ခိုက်ခံနေရသည့် မစ်ဆူရာတာမြို့ တွင် လစ်ဗျား သူပုန် များ က နေတိုး လေကြောင်း ပစ်
ကူဖြင့် မြို့ ကို ပြန်လည် သိမ်းပိုက် နိုင်ပြီး စစ်ဘက် ၊အရပ်ဘက် လေဆိပ် နှင့် လစ်ဗျား စစ်
တက္ကသိုလ် တို့ ကို ယနေ့ သိမ်းပိုက် နိုင်သည် ဟု ယနေ့ ထုတ် နယူးယောက် တိုင်း (မ်း) သတင်း
စာ တွင် ရေးသား ထားသည်။
မစ်ဆူရာတာ မြို့ သည် နိုင်ငံ ၏ တတိယ အကြီး ဆုံး မြို့ ဖြစ်ပြီး စစ်ဘက် အခြေစိုက် စခန်း များ
နှင့် ဒုတိယ အကြီး ဆုံး ဆိပ် ကမ်း မြို့ လည်း ရှိသည်။ လစ်ဗျား သူ ပုန် များ များ သည် ထရီပို လီ
မြို့ နှင့် မိုင် ၁၀၀ ခန့် အကွာ အဝေး ထိ သိမ်းပိုက် လာ နိုင် ခဲ့သည်။ နိုင်ငံ ၏ အနောက် ပိုင်း တွင်
လည်း တူနီးရှား နယ်စပ် အနီး မှ မြို့ များ နှင့် ၀ါဇင်၊ ဇင်တန် စသည့် မြို့ ငယ် များ ကို လစ်ဗျား သူ
ပုန် များ က ထိန်းချုပ် ထား နိုင် ခဲ့သည်။
နိုင်ငံအရှေ့ ပိုင်း တွင် မူ အက်ဒါဘီယား နှင့် မစ်ဆူရီတာ မြို့ များ ကို ပြန်လည် သိမ်း ပိုက် နိုင် ခဲ့ပြီး ရပ်
(စ)လာ နုဖ် နှင့် ဘင်ဂျဝတ် နှင့် ကဒါဖီ ၏ မွေးရပ် မြေ နှင့် စစ်တပ် အငြိမ်းစား အရာ ရှိ များ နေ
သည့် ဆာတ် မြို့ များ ကို ပြန်လည် သိမ်းပိုက် နိုင်ရန် တိုက် ခိုက် လျှက် ရှိသည်။
ရေနံထွက် ရှိရာ ဘရေဂါ မြို့ ကို ပြန်လည် သိမ်းပိုက် နိုင်ရန် တိုက် ခိုက် နေသည့် လစ်ဗျား သူပုန် များ
၏ အသွင်း ကူးပြောင်း ရေး အစိုး ရ အဖွဲ့ သစ် တွင် လစ်ဗျား ခေါင်းဆောင် ကဒါဖီ ၏ အကျဉ်းထောင်
ထဲ ဉ် နိုင်ငံရေး အကျဉ်းသား အဖြစ် နှစ် ပေါင်း များ စွာ နေထိုင် ခဲ့ရသည့် အဗ္ဗဒူလ်လာ ရှာမီးယား ကို
ပြည်ထဲရေး နှင့် ကုန်သွယ်ရေး ၀န်ကြီး အဖြစ် ခန့် အပ် လိုက်သည်။
လစ်ဗျား ခေါင်းဆောင် ကဒါ ဖီ သည် ဧပြီ လ ၂၉ ရက် နေ့ တွင် နေ တိုး တပ်ဖွဲ့ များ ၏ တိုက် ခိုက် မှု
ကြောင့် ၎င်း ၏ သား ဖြစ်သူ သေဆုံး ပြီး သီတင်း နှစ်ပတ် အကြာတွင် သူ နှင့် လစ်ဗျား မျိုး နွယ်စု ခေါင်း
ဆောင် များ တွေ့ ဆုံမှု ကို လစ်ဗျား ရုပ်သံ မှ ထုတ်လွှင့် ခဲ့သည်။
လစ်ဗျား ခေါင်းဆောင် ကဒါဖီ သည် မြို့ တော် ထရီပိုလီ နှင့် ရွာနီးချုပ် စပ် ကို သာ ထိန်းချုပ် နိုင် တော့
၍ ၎င်း ၏ အာဏာ ဆက်လက် တည် မြဲ နိုင်မှု မှာ သေချာ မှု မရှိ တော့ ဟု မစ်ဆူရာတာ မြို့ မှ လစ်ဗျား
သူပုန် ခေါင်းဆောင် အာမက် ရှာ မားဇီယာ က အယ်(လ) ဂျာဇီယာ ရုပ်သံ သို့ ပြောသည်။
မစ်ဆူရီတာ မြို့ ကို ပြန် လည် ထိန်းချုပ် နိုင်ခြင်းသည် လစ်ဗျား သူပုန် တို့ ၏ မဟာဗျူဟာ ကျသည့်
အောင် ပွဲ တစ် ခုဖြစ်သည်။

Misurata , Libya

LYBIA’s peoples are near final victory and so,need to promote their revolution.