နေတိုး တပ်ဖွဲ့  တွေ ရဲ့  တိုက် ခိုက် မှု ကြောင့် ကဒါဖီ ဟာ သေစေနိုင်လောက် တဲ့ အထိ ပြင်းပြင်း
ထန်ထန် ထိခိုက် ဒဏ်ရ ရရှိ တယ် လို့  အီတလီ နိုင်ငံခြားရေး ၀န် ကြီး Franco Frattini က ပြော
တာ ကို လစ်ဗျား ခေါင်းဆောင် ကဒါဖီ က ငြင်းပယ် လိုက် ပြီး နေတိုး တပ် ဖွဲ့ ဝင် တွေ သူ့ ကို မှဲ့ 
တစ်ပေါက် တောက် မစွန်း စေနိုင် ဘဲ လစ်ဗျား ပြည်သူ တွေ ရဲ့  အသက် အိုးအိမ် စည်းစိမ် တွေ ကို
ကာကွယ် စောင့်ရှောက် နေတယ်” လို့ တုန့် ပြန်ပြောကြား လိုက်ပါတယ်။
လစ်ဗျား နိုင်ငံမှာ ရောက်ရှိ နေတဲ့ နယူးယောက် တိုင်း သတင်းစာ ရဲ့ သတင်းထောက် C.J
Chivers က လစ်ဗျား ခေါင်းဆောင် ကဒါဖီ ဟာ နေတိုး တပ်ဖွဲ့ ရဲ့ တိကျတဲ့ လေကြောင်း တိုက်
ခိုက်မှု တွေ ကြောင့် ထရီပိုလီ မြို့ က နေရာ အနှံ မှာ ပုန်းရှောင် နေရ ပြီး သူဟာ ကျီးလန့် စာစား
ဖြစ်နေ ပုံ ရတယ် လို့  နယူးယောက် တိုင်း သတင်း စာ ကို ပေး ပို့ တဲ့ သူ့ ရဲ့  သတင်းဆောင်းပါး
မှာ ဖော်ပြထား ပါတယ်။
နေတိုး တပ်ဖွဲ့ တွေ ရဲ့ လေကြောင်း တိုက် ခိုက် မှု ကြောင့် ကဒါဖီ ဟာ ထရီပိုလီ မြို့ ပြင်က လျှို့ ဝှက်
ဥမင် လှိုဏ်ခေါင်း တစ် ခု မှ ပုန်း အောင်း နေတယ် လို့ အင်္ဂလန် က ဂါဒီးယန်း သတင်းစာ က ဖော်
ပြပြီး ၊ CNN သတင်းဌာန ကတော့ ကဒါဖီဟာ နိုင်ငံ တကာ သတင်းထောက် တွေ စခန်း ချတဲ့
ထရီပိုလီ မြို့ က ဟို တယ် တစ်ခု မှ ပုန်းအောင်း နေရ တယ် လို့  ဖော်ပြထား ပါတယ်။
နေတိုး တပ်ဖွဲ့ တိုက်လေယာဉ် တွေ ဟာ နိုင်ငံ အရှေ့ ပိုင်း ဘရီဂါ မြို့ မှာ လဲ ကဒါဖီ ရဲ့ အရေးပါတဲ့
စစ်ဌာန ချုပ် တွေ ကို တိုက် ခိုက်မှု တွေ ပြုလုပ် ခဲ့ပြီး လစ်ဗျား အစိုးရက တော့ နေတိုးတပ် ဖွဲ့ ဟာ
ဗလီ ၁၅ ခု ထက် မနည်း ကို ဗုံး ကြဲ ခဲ့တယ် လို့ ဆိုပါတယ်။ လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်
စီက တော့ လစ်ဗျား ခေါင်း ဆောင် ကဒါဖီ ရဲ့ တပ် တွေ က အကြီးအကဲ တွေ ဟာ ဗလီ တွေ နဲ့ စာ
သင်ကျောင်း တွေ မှာ ပုန်းအောင် နေတယ် လို့  ပြောပါတယ်။
ထရီပိုလီ က အာဏာပိုင် အသိုင်း အ၀ိုင်း က လာတဲ့ သတင်းတွေအရ ဆိုရင် လစ်ဗျား ခေါင်း
ဆောင် ကဒါဖီ ဟာ မြို့ တော် ထရီပို လီ မှာ မှာ မရှိ တော့ ဘူး လို့  ဆိုပါတယ်။ ကဒါဖီ ဟာ နိုင်
ငံတွင်း က ထွက် ပြေး တာ မျိုး တော့ မဟုတ် ပေမယ့် ထရီပိုလီ မြို့  မိုင် ၁၀၀ ခန့် အကွာက
စစ်ဌာန ချုပ် တစ်ခု မှာ ကဒါဖီ ခို အောင်း နေတယ် လို့  ထရီပို လီ က လာတဲ့ နောက် ဆုံးရ
သတင်း တွေ မှာ ဖော်ပြထားပါတယ်။
နေတိုး တပ်ဖွဲ့ တွေ ဟာ မနေ့ က ကဒါဖီ လူလုံးပြ ပြီး နောက် တစ်နေ့ မှ ကဒါဖီ ပုန်းအောင်
နေတယ် လို့ ယူဆ နေရာတွေ ကို အတိအကျ တိုက် ခိုက် ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား
ဆီရီးယား နိုင်ငံ မှာ သောကြာနေ့ က ထပ်မံ ဆန္ဒပြမှု တွေ အတွင်းမှာ ဆန္ဒပြသူ ၁၅ ဦးခန့် ထပ်မံ
သေဆုံး ခဲ့ပြီး ဆီးရီးယား အစိုးရ ကတော့ အတိုက်အခံ တွေ နဲ့ ဆွေးနွေး မယ် လို့ ဆိုပါတယ်။
ကုလသမဂ္ဂ က ခန့် မှန်း ထားချက် အရ မတ်လ ကတည်း က စတင်ခဲ့တဲ့ ဆီးရီးယား ပြည်သူ လူထု
အုံကြွမှု မှာ အနည်း ဆုံး ၈၀၀ ကျော် သေဆုံး ခဲ့ တယ် လို့ ဆိုပါတယ်။
ဆီးရီးယား အစိုးရ က ဆန္ဒပြသူ တွေ ကို ဖမ်းဆီး ထောင်ချတာနဲ့ ပစ်သတ် တာတွေ ပိုမို လုပ်ဆောင်
နေပေမယ့် ဆန္ဒပြသူတွေ က လည်း ပိုပြီး တော့ အင်အားကောင်း ပြီး ညီညွတ် လာတယ် လို့ ဓားမစကတ်
မြို့ က NPR သတင်းထောက် ရဲ့  သတင်း ပေး ပို့ ချက် မှာ ဖော် ပြထား ပါတယ်။
အီဂျစ်
အီဂျစ် နိုင်ငံ မှာ ယခင် သမ္မတ ဟောင်း ဟိုစနီ မူဘာရက် ရဲ့  ဇနီး ဆူဇန် မူဘာရက် ကို ကိုင်ရို
မြို့ အကျဉ်းထောင် မှာ ဖမ်းဆီး ထိန်းသိမ်း ထား လိုက် ပြီ လစ်ဗျား ကြားဖြတ် အစိုးရက ယနေ့ 
သတင်း ထုတ်ပြန် ခဲ့ပါတယ်။
ဆူဇန် မူဘာရက် ဟာ အကျဉ်းထောင် ထဲ ကို စတင် ၀င်ရောက် ချိန် မှာ ပဲ သတိလစ် ပြီး မေ့လဲ
ကျသွား လို့  အကျဉ်းထောင် ဆေးရုံ မှာ တင်ထားရတယ်လို့ ကိုင်ရို ပုလိပ် မင်းကြီး က ရိုက်တာ သတင်း
ဌာန ကို ပြောပါတယ်။
အိုင်ဗရီကိုစ်
အိုင်ဗရီကိုစ် သမ္မတ ဟောင်း နဲ့  ဇနီး ဟာ အကျဉ်းထောင် အတွင်း ဖမ်းဆီး ချုပ် နှောင် ထား ချိန်မှာ
အကျဉ်းသား အခွင့်အရေး အပြည့်အ၀ ရမှ ဖြစ်ပေမယ့် အာဏာရယူထား စဉ် အတွင်း မတရားမှု၊
လူ့ အခွင့်အရေး ချိုးဖောက် မှု ဖိနှိပ်ညှင်းပန် မှု တွေ အတွက် တရား ရင် ဆိုင်ရမှာ ဖြစ်ပြီး အဲဒီ အတွက်
ဘာ အကွယ် မှ ရမှာ မဟုတ် ဘူး လို့  လက်ရှိ အစိုးရ ပြောရေး ဆို ခွင့်ရှိ သူ တစ်ဦး က ပြောပါတယ်။
သမ္မတ လောရင့် ဘက်ဘို အာဏာရှိချိန် အတွင်း က အတိုက် အခံ တွေ ကို ဖမ်းဆီး ထောင် ချခဲ့မှု
တွေ အကျဉ်းသား အခွင့် အရေး တွေ ကို လစ်လျှု ရှု ခဲ့ပါတယ်။
Related articles
- Libya Rebels Advance on Oil Town of Brega After Misrata Victory – BusinessWeek (news.google.com)
- Gadhafi may have fled Tripoli (macleans.ca)

အာဏာရှင်တွေအတွက် ကြိုးစင်နဲ့ငရဲပဲရှိတယ်.
သတင်းတွေကိုအချိန်နဲ့ တပြေးညီတင်ပေးနေတဲ့အတွက်ကျေးဇးပါပဲ