မုဒုံ မြို့ နယ် ဆက်သွယ်ရေး ရုံး ကို လက်နက်ကိုင်များ တိုက်ခိုက်

မွန်ပြည်နယ် မုဒုံ မြို့ နယ်ရှိ ကြေးနန်း ဆက်သွယ်ရေး ရုံး ကို အင်အား ၂၀ ကျော်ခန့် ပါဝင်သည့်
လက်နက် ကိုင် အဖွဲ့  တစ်ဖွဲ့ က ၀င်ရောက် စီးနင်း တိုက် ခိုက် ပြီး မိုင်းထောင် ဖောက် ခွဲ ခဲ့သည်
ဟု FNG မှ သတင်းရရှိသည်။

မုဒုံ မြို့ နယ် က ကြေးနန်း ဆက်သွယ်ရေး ရုံး ကို ၀င်ရောက် တိုက် ခိုက်ရာမှာ ဒေသခံ ခြေလျှင်တပ်
တစ်ခု နဲ့  တိုက် ပွဲ ဖြစ်ပွား ပြီး မှ အသေခံ တပ် ဖွဲ့ ဝင် သုံး ဦးက ဒီကြေး နန်း ရုံး ကို စွန့် စွန့် စားစား
မိုင်းထောင် ဖောက် ခွဲ လိုက် နိုင်တယ် ဟု  မော်လမြိုင်  မြို့ နယ် က အမည် မဖော် လို တဲ့ အစိုးရ အရာရှိ တစ်
ဦးက ပြောသည်။

မိုင်းထောင် ဖောက်ခွဲ ပြီး နောက် ကြေးနန်း ဆက်သွယ် ရေး ရုံး နဲ့  တယ်လီ ဖုန်း ဆက်သွယ်ရေး တိုင်
များ ပျက်စီးသွား ခဲ့ပြီး မုဒုံ မြို့ နယ် ရှိ တယ်လီဖုန်း ဆက်သွယ် မှု လိုင်းများ ပြတ်တော် သွားကာ လုံခြုံ
ရေးများ တိုးမြှင့် ချထားသည်။

ယခု လက်နက်ကိုင် တိုက် ခိုက် ခံရသည့် မွန် ပြည်နယ် မုဒုံ မြို့ နယ် နှင့်  သထုံ မြို့ နယ် သည် ရန်ကုန် နဲ့
ပဲ ခူး မြို့ က ကြံ့ဖွတ် နဲ့ စွမ်း အားရှင်တွေ ကို အခြေခံ စစ်သင် တန်း တွေ တိတ်တစ် ဆိတ် ပေး ရာ နေရာ
ဟု ရန်ကုန် မြို့ က မြန်မာ ၀ီကီလိခ် အင်တာနက် စာမျက် နှာ ၏ တာဝန် ရှိသူ တစ်ဦး က ပြောသည်။

9 thoughts on “မုဒုံ မြို့ နယ် ဆက်သွယ်ရေး ရုံး ကို လက်နက်ကိုင်များ တိုက်ခိုက်

  1. အဲဒီကောင်တွေက ဘာမှမသိဘူး… သတ်မယ်ဖြတ်မယ်ဆိုတာပဲသိတယ်… ကျန်တာဘာမှနားမလည်ဘူး…. ထမင်းစားလို့ သာလူဖြစ်နေတာ… အဲလောက်ဆိုသိရောပေါ့…

  2. ဒီ ရုံး သွားလုပ်လို့ ဘာအကျိုးရှိမှာလည်း တပ်စခန်းတွေကိုချပေါ့ စောက်ရူးတွေဘဲ။

  3. မြန်မာသမိုင်းအမြဲရိုင်းသည်။
    သွေးစည်းညီညွတ်ကင်းမဲ့သည်။
    မြန်မာအချင်းချင်းနားလည်ဖို့လိုပြီ။မြင့်မြတ်စိတ်ထား။နှုတ်ချိုစကား၊ပြောဖို့လိုအပ်ပြီ။

  4. ဒို့ တိုင်းပြည်မှာ သူရဲကောင်း တွေ သိပ်ပေါများတယ် ဒီတော့တိုက်ချင်ခိုက်ချင်စိတ်တွေကလည်းအရမ်းများတယ် ဒါ့ကြောင့်
    ပါ နားလည်ပေးကြပါဗျာ။

  5. Very good job, we must support any anti irregular government events happened in Burma.

  6. good.they don’t want peace.they are never do good for public.good news and good idea.

  7. ကမ္ဘာ့အကြီးဆုံး (ဂရင်းနစ်စံချိန်ဝင်)သချိင်္ုင်းကုန်းနိုင်ငံ။

    1. ဘာကိုဆိုလိုတာလဲ ပြည်သူ နီဖြူ? ခင်ဗျားတို.ကျုပ်တို.ရဲ.ဆွေမျိုးတွေလည်း မြန်မာပြည်မှာကျန်ရှိနေသေးတယ်နော်။ စဉ်းစားပြီးပြင်ပါအုံး။ နောက်ဆုံးစကားမဖြစ်စေနဲ.ကိုယ်.လူ။

Comments are closed.