မြန်မာနိုင်ငံ တွင်းရှိ အကျဉ်းထောင် များ တွင် အကျဉ်း ကျခံနေရသူများ မူလချမှတ်
ထားသည့် ပြစ်ဒဏ်များ မှ တစ် နှစ် ပြစ်ဒဏ် လျှော့ ပေါ့ ပေး လိုက်သည် ဟု မြ၀တီ
ရုပ်မြင်သံကြား မှ ယနေ့ ည တွင် ကြေငြာ သည် ဟု FNG မှ သတင်းရရှိသည်။
နိုင်ငံ ရေး အကျဉ်းသား များ အား လွတ်ငြိမ်းချမ်းသာခွင့် မဟုတ် ပဲ ထောင်ဒဏ် တစ်နှစ် သာ
လျှော့ ပေါ့ ပေးလိုက် ခြင်း ဖြစ်ပြီး ၊သေဒဏ် ကျခံ နေရ သူများ ကို တစ်သက် တစ်ကျွန်း ပြစ်ဒဏ်
သို့ ပြောင်း ပေး ခြင်း သာ ဖြစ်သည်။
မြန်မာ စစ်အစိုးရ သစ် သည် နိုင်ငံရေး အကျဉ်းသား များ ပြန်လည် လွှတ် ပေးခြင်း မပြုပဲ ဒီမိုကရေစီ
ဖော်ဆောင် ရေး ဟု ကျွေး ကျော် နေခြင်း မှာ ယုတ္တိမတန် ဟု မြန်မာ နိုင်ငံ ဆိုင် ပြင်သစ် သံရုံးမှ
သံ အမှု ထမ်း တစ်ဦး က ပြောသည်။
ယနေ့ ည ထုတ်လွှင့် ခဲ့သည့် သတင်း အရ ယခု ထောင်ဒဏ် ၁ နှစ် လျှော့ ပေါ့ မှု များ ကို ကဆုန်လ ပြည့်
နေ့  တွင် စတင် မည် ဟု ဆိုသည်။
စစ်ဗိုလ်ချုပ် တစ်ဖြစ် လဲ ဦးသိန်းစိန် အစိုးရသည်
နိုင်ငံရေး အကျဉ်းသား များ ကို ပြန်လည် လွှတ်ပေးရန်
အတွက် အစိုးရ အဖွဲ့ အတွင်း၊ စစ်တပ် နှင့် ဗိုလ်ချုပ်မှုး
ကြီး သန်းရွှေ ဦးဆောင် သည့် နိုင်ငံ ဥသျှောင် အဖွဲ့ 
ကြား သဘောထား ကွဲ လွဲမှု များ ရှိ သည် ဟု နေပြည်တော်
နိုင်ငံ ခြား ရေး ၀န်ကြီး ဌာန မှ ၀န်ထမ်း တစ်ဦး
က ပြောသည်။
မြန်မာ နိုင်ငံ အကျဉ်းထောင် နှင့် ရဲဘက်စခန်း များ တွင်
နိုင်ငံ ရေး အကျဉ်းသား ၂၂၀၀ ကျော် ရှိသည် ဟု
ထိုင်း နိုင်ငံ မဲဆောက် မြို့ အခြေစိုက် နိုင်ငံရေး အကျဉ်းသား
ကူညီစောင့် ရှောက် ရေး အဖွဲ့  AAPP ၏ သတင်း ထုတ် ပြန် ချက် များ တွင် ဖော်ပြထားသည်။
ယခင် စစ်အစိုးရသည် မြန်မာ နိုင်ငံ ရေး တက်ကြွ လှုပ်ရှား သူများ အား နှစ် ရှည် ထောင် ဒဏ် များ ချမှတ် ရာ
အသက် ၂၂ နှစ် အရွယ် ရှိ အထက်မြန်မာ ပြည် ကျောင်းသား ခေါင်းဆောင် ဘိုမင်းယုကို အား ထောင်ဒဏ်
၁၀၈ နှစ် အထိ ချမှတ် ခဲ့ပြီး လောင်စာဆီ ဈေးနှုန်း ကန့် ကွက် ဆန္ဒပြမှု ကို ဦးဆောင် ခဲ့သည့် ကိုမင်းကိုနိုင်
အပါအ၀င် ကျောင်းသား ခေါင်းဆောင် များ အား ထောင် ဒဏ် ၆၅ နှစ် ထိ ပြစ်ဒဏ် များ ချမှတ် ခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံ တကာ က နိုင်ငံ ရေး
အကျဉ်းသား လွှတ်ပေး ရေး ကို တောင်း ဆိုထား ပြီး လွတ် မြောက်ရေး အတွက် လည်း လှုံဆော် မှုများ
ကို နိုင်ငံတွင်း အခြေစိုက် သည့် အဖွဲ့ များ နှင့် ဆက် စပ် ပြု လုပ် လျှက် ရှိ သည်။
ဦးသိန်းစိန် အစိုးရ အဖွဲ့  ၏ အကြံပေး တစ်ဦး ဖြစ်သူ ဒေါက်တာ နေဇင်လတ် က ကုလ ကိုယ်စားလှယ်
ဗီဂျေ နမ်ဗီးယား နှင့် တွေ ဆုံ ရာ တွင် မြန်မာ နိုင်ငံ တွင်း ဉ် နိုင်ငံ ရေး အကျဉ်းသား မရှိ ဟု ထည့်သွင်း
ပြောဆိုခဲ့သည်။
မြန်မာ နိုင်ငံရေး အကျဉ်းသား အများ စု မှ နှစ်ရှည် ထောင်ဒဏ်များ ချမှတ် ထားခြင်း ခံရသည့် အတွက်
ယခု လျှော့ ပေါ့ မှု ကြောင့် ဘာမှ အကျိုး မထူး ဟု အမျိုးသမီး နိုင်ငံရေး အကျဉ်း သူ တစ်ဦးက ပြောသည်။
လက်ရှိ စစ်အစိုးရသစ် သည် နိုင်ငံရေး အကျဉ်းသား များ ပြန်လည် လွှတ်ပေး ခြင်း မပြု ပါက ပြည်သူများ
၏ ယုံကြည် မှု ကျဆင်း နိုင်ကာ လူထု ၏ ပြန်လည် တွန်းလှန်မှု များ နှင့် ကြုံတွေ နိုင် သည် ဟု နိုင်ငံရေး
အကျဉ်းသား ဟောင်း တစ်ဦးက ခန့် မှန်း ပြောကြားသည်။
မြန်မာ စစ်အစိုးရသစ် သည် လူ့ အခွင့်အရေး ချိုးဖောက် မှု များ အား ဆက် လက် ပြု လုပ် နေပါက
အာဆီ ယံ ဥက္က နေရာ ရယူရေး တွင် အခက် အခဲ ရှိ နိုင်သည်။
Burma, Political Prisoners

တစ်နှစ်ထဲနဲ့တော့လျှော့မနေပါနဲ့တော့ သိန်းစိန်ရယ်..လူကြားလို့လည်း မကောင်းပါဘူး…
Bo Thein Sein’s limitted amnesty avoided to release all political prisoners and to participate all democratic forces in Burma’s democratic developmental process and so,shouldn’t decrease international pressures.
ငါမှန်းခဲ့တာ တစ်ယောက် နှစ်ယောက်၊ အဲဒီမှန်းချက် က အဆိုးဆုံး ထင်ခဲ့တာ။ သူတို့က ဦးနှောက်ကောင်းပေတယ် မကောင်း ဆိုးကြိုးတွေ ထွင်တဲ့ ဘက်မှာဆိုရင်၊ world number one ..
Cheating new government release all political prison now.