ပြည်သူလူထု ၏ နိုင်ငံရေး အကျဉ်းသား လွတ်မြောက် ရေး ကို ပမာမခန့် ပျက်ရည်
ပြုသည့် ဦးသိန်းစိန် ဦးဆောင်သည့်စစ်အ စိုးရ၏ ယမန် နေ့ က ည ရုပ်သံ
ကြေငြာချက် ထွက်ပေါ် ပြီး နာရီ ပိုင်း အတွင်း မှာ ပင် နိုင်ငံတွင်း ရှိ မြေအောက် နိုင်ငံရေး
လှုပ်ရှား သည့် အဖွဲ့ အစည်း များက နိုင်ငံရေး အကျဉ်းသား များ လွတ်မြောက်ရေး အတွက်
နည်းမျိုး စုံဖြင့်ဆက်လက် လှုပ်ရှားကြရန် နှိုးဆော် မှု များ ထွက် ပေါ်လာသည်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၊၈၈မျိုးဆက်ကျောင်းသားများနဲ့ 
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး တို့ က ပူးတွဲ ထုတ် ပြန်ခဲ့ တဲ့ ကြေ
ငြာချက် မှာတော့ “အကျဉ်းထောင် အသီးသီး မှာ ရှိ တဲ့ နိုင်ငံရေး သမားများ လွတ်
မြောက် ရေး အတွက် ဆက် လက် လှုပ်ရှား ကြဖို့ ” တိုက်တွန်းဆော် ထား သည်။
ပြည်တွင်း အခြေစိုက် ၈၈ မျိုားဆက် ကျောင်းသား တစ်ဦး က နိုင်ငံ ရေး အကျဉ်းသား
လွတ်မြောက် ရေး အတွက် ပြည်သူများ မှ ပုံ သဏ္ဍန် မျိုး စုံ ဖြင့် တိုက် ပွဲ ၀င် ရန် လို
ကြောင်း FNG သို့ ပြောသည်။
မြေအောက် လူငယ် လှုပ်ရှား မှု အဖွဲ့ ဖြစ်သည့် Just Do It Against Military Dictatorship
အဖွဲ့  မြန်မာ ပြည် စစ်အာဏာရှင် စနစ် ဆိုး အောက် မှ လွတ်မြောက်ရေး အတွက် ပြည်သူ
တစ်ရပ် လုံး ပါဝင် ရန် လှုံဆော် ထား ပြီး နိုင်ငံ ရေး အကျဉ်းသား လွတ်မြောက် ရေး လှုပ်ရှား
မှု ကို ယခု အခါ တွင် တစ်ဦးချင်း တစ် နိုင်တစ် ပိုင် လုပ်ဆောင် ရန် တိုက် တွန်းထား ပြီး သြဂုတ်
လ တွင် မူ စုပေါင်း လုပ်ဆောက် ရန် ဆော်အော ထားသည်။
Just Do It အဖွဲ့ မှ ပြောရေး ဆို ခွင့် ရှိ သူ ကိုသီဟတေဇ က “ယမန်နေ့ ညက ဦးသိန်းစိန် အစိုး
ရ၏ သတင်း ထုတ် ပြန် ချက် သည် ပြည်သူကို ပမာမခန့် သွေးတိုး စမ်း သလို့ ဖြစ်နေကြောင်း
တနည်းဆိုရသော် ပြည်သူ ကို စော်ကား သလို မျိုး ပင် ဖြစ်ပြီး ၊ ထိုကိစ္စ အတွက် ဆက် လက် သီး
ခံ ပြီး စောင့် ဆိုင်း စရာ မလိုတော့ ပြီ ဟု ပြောသည်။
ယမန်နေ့ က သတင်း ထုတ် ပြန် ခဲ့သည့် စစ်အစိုးရ ၏ အတုအယောင် လွတ်ငြိမ်းချမ်းသာ ခွင့် ကို
နိုင်ငံ တကာ နှင့် ပြည်တွင်း အင်အား စု များ မှ ပြင်းပြင်းထန် ထန် ဝေဖန် တုံ့ ပြန် ခဲ့သည်။
စစ်အစိုးရ သစ် ၏ ထို ကဲ့ သို့ ပြည်သူ ကို ပမာမခန့်  အပြု အမူ သည် ၎င်း တို့ ၏ ဇာတိရုပ် ကို ထုတ်
ပြခြင်း ဖြစ်သည် ဟု ပြည်တွင်း အဖွဲ့ အစည်းများ က ဝေဖန် စွပ် ဆွဲ ကြသည်။
ထောင်ဒဏ် ၁ နှစ် လျှော့ ပေါ့ မှု ကြောင့် ယမန် နေ့ က နိုင်ငံရေး အကျဉ်းသား အနည်း ငယ်သာ
လွတ်မြောက် လာခဲ့သည်။
ယမန်နေ့ က ကော့သောင်း အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် လာခဲ့သည့် ဟစ်ဟောပ် အဆိုတော်
ဇေယျာ သော် က နိုင်ငံရေး အကျဉ်းသား များ လွတ်မြောက် ရေး အတွက် ဆက် လက် လုပ်ဆောင် သွား
မည် ဟု ပြောသည်။

ကျွှန်တော်တို. အီဂျစ် လို လုပ်ဖို့ လိုပြီးဗျ၊ စစ်သားတွေ လည်းနားလည်လောက် ပါပြီး၊ကျွှန်တော်တိုလို အမေ၊ အဖေ တွေလည်း အသုံးမကျ ခဲ့လို့ ၊ကျွှန်တော်တို့ပင်စင် က (၁)၇က် စားတောင် မ၇တဲ့ဘ၀ လေ၊
ကျွှန်တော့်  ဆ၇ာ ပင်စင် က သူတောင်းစား ဘ၀တွန်း ပိုက နေ သလိုဘဲလေ။ယခု (၂၀)ကျော် (အိမ်ထောင်မကျလည်းအဖေ ၊အမေအ၇ွယ်ဖြစ်ပါပြီး) အဖေ အမေ တွေ တာဝန်မကျေ ငုံ ခံ နေကျ၇င် တော့ စဉ်းစားကြည့်နောက်နှစ် (၂၀) ပိုနာနာမယ်ဆိုတာတွေးကြ၊မွှေး လာတဲကသား၊သမီး ပြောဖွယ်မရှိ၊ ၊လွတ်မြောက် ရေး အတွက် ဆက် လက် လှုပ်ရှား ကြဖို
ကြောက်မနေကြ၇ အောင် လား၊တစ်ဗိုလ် ကျ တစ်ဗိုလ် ထွက်ကြ၇မဲ့အချိန်လေ။
And so, we should prepare of our democratic struggles for Second 8888-greatest democratic movement, Participated by Students,Monks,workers,Peasants & all national peoples.
We can’t faith for Bo Thein Sein’s 1/4 Myanmar Junta Regime without released of all Political Prisoners as a basic democratic reform and so,we shall have to think their attension,towards long time civil war with supports of ASEAN,China,Russia & India by removing of all democratic forces on Burma’s political stage.
ချကွာ.. ပြောနေတာ ကြာပါတယ်လေ… ဟဲ.. ဟဲ…. ။ မြောက်ပေးတာတော့မဟုတ်ပါဘူး… စဉ်းစဉ်းစားစား လေး လုပ်ကြပါ… ပြည်သူတွေရဲ့သွေး မြေမခ ချင်လို့ပါ… လူမှိုက်တွေက ဦးနှောက်ရှိကြတာမဟုတ်ဘူး..။ သေချာတဲ့ နည်းစနစ်များ နဲ့ ထိရောက်တဲ့ အတွေးအခေါ် လုပ်ကိုင်လုပ်နည်းများနဲ့ လုပ်စေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လုပ်တော့ လုပ်ကြပါ။ အားပေးပါတယ်… … ( နေရောင်အောက် မြင်သမျှ အားလုံး မင်းတို့ နေတဲ့ နေရာ အားလုံး ၊ စစ်တပ်က ပိုင်တယ်) .. ဆိုတာလေး မကြားချင်တော့ပါဘူး……. နိုင်ငံရေးလုပ်တယ်ဆိုတာ မြင့်မြတ်တဲ့သူတွေ အလုပ်ပါ… အားပေးထောက်ခံလျက်ပါ။…..