လွတ်နီး အချို့ အင်းစိန် အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် (ဓာတ်ပုံ)

Updated ယမန် နေ့  ညနေ ကမြ၀တီရုပ်သံ မှ  ကြေငြာခဲ့သည့် ပြစ်ဒဏ် တစ်နှစ်
လျှော့ပေါ့ ပေးသည့် လွတ်ငြိမ်းချမ်းသာ ခွင့်အရ ယနေ့  မေလ ၁၇ ရက်
ကဆုန် လပြည့် နေ့ တွင် အင်းစိန်ထောင် နှင့် နိုင်ငံတ၀ှမ်း ရှိ အကျဉ်း
ထောင် အသီးသီး  နှင့် ရဲ ဘက် စခန်းများ မှ လွတ်ရက် နီး အကျဉ်း သားများ
ပြန်လည် လွတ်မြောက် လာကြသည် ဟု FNG မှ သတင်းရရှိသည်။
ယနေ့ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား တစ်သောင်း ခွဲ နီးပါ ပြန်လည် လွတ်မြောက် လာသော်
လည်း နိုင်ငံရေး အကျဉ်းသား အနည်း ငယ် သာ ပါရှိသည်။ ပြန်လည် လွတ်မြောက် လာသူများ တွင်
အမျိုး သမီး အကျဉ်းသူ ၂၀၀၀ ကျော် ပါဝင် သည်။ အ.က.စ ညွှန်ကြားရေးမှုး ချုပ် ဦးဇော်ဝင်းက အကျဉ်း
ထောင် များ တွင် နိုင်ငံရေး အကျဉ်းသား မရှိ  ပါ ဟု ထည့်သွင်း ပြောကြား ခဲ့သည်။

ယနေ့ လွတ်မြောက် လာကြသည့် နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ စာရင်း
၁ မသန္တာ    ၂ ထက်ထက်ဦးဝေ    ၃ မြ…မသိန်း ပူတာအို   ၄ စိုင်းမင်းသိမ်း ခန္တီးထောင်
၅ ချိုချိုလွင် ပြည်ထောင်   ၆ ကိုအေးလွင် ပြည်ထောင်
၇ မျိုးသန့် မြင်းခြံ   ၈ ရဲမင်းဦး မြင်းခြံ   ၉ ညီညီအောင် အင်းစိန်ထောင်
၁၀ မီးမီးလေး အင်းစိန်ထောင်   ၁၁ မာမာအေး ပေါင်းတည်
၁၂ ဇင်လင်းအောင် ပေါင်းတည်   ၁၃ ကျော်ဆန်း မိုင်းဆတ်ထောင်
၁၄ မချို   ၁၅ စိန်လှိုင်   ၁၆ ရွှေဂျိုး   ၁၇ ကိုထွေးသိန်း အင်းစိန်ထောင်   ၁၈ မြသန်းထိုက် တောင်ငူ
၁၉ ဇေယျာသော်   ၂၀ နော်အုန်းလှ တောင်ငူထောင်  ၂၁ ဦးကျော်ဆန်း(အမတ်)  ၂၂ အောင်အောင်ဦး
၂၃ မြင့်ထွန်း   ၂၄ ကျော်ဝင်းထွဋ်  ၂၅ ညီညီစံ(ခ)စန္ဒာဒိက  ၂၆ မြင့်စိုး  ၂၇ ၀င်းမြင့်  ၂၈ သိန်းရွှေ
၂၉ ရဲထွဋ်ခေါင်  ၃၀ မြတ်ဆန်းထူး  ၃၁ ဦးငွေစိုး ရမည်းသင်း  ၃၂ ကျော်ညွန့် ခန္တီးထောင်
၃၃ အေးမြင့်ူသရက်  ၃၄ ထွန်းထွန်းနိုင် ဗန်းမော် စသည့် နိုင်ငံရေး အကျဉ်းသား များ လွတ်မြောက်
လာကြ ပြီး ယခင် သမ္မတဟောင်း ဦးနေ၀င်း ၏ သားမက် ဦးအေးဇော်ဝင်း နှင့် သားများ (ဦးနေ၀င်း)
၏ မြေးများ ပြန်လည် လွတ်မြောက် လာကြသည် ဟု သတင်း ရရှိသည်။

လွတ်လူ အကျဉ်းသား များ ကို နိုင်ငံတော် ၏ စေတနာ နှင့် ပတ်သက်ပြီး သြ၀ါဒ ချွေ နေသည့် အ.က.စ ညွှန်ကြားရေးမှုး ချုပ် ဦးဇော်ဝင်း


ယနေ့ လွတ်မြောက် လာသည့် ဒေါပုံ မြို့ နယ် အမျိုး သား ဒီမို ကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် ကိုညီညီအောင်

2 thoughts on “လွတ်နီး အချို့ အင်းစိန် အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် (ဓာတ်ပုံ)

Comments are closed.