ဘင်လာဒင် နေရာ ကို အီဂျစ် နိုင်ငံ သား ဆက်ခံ
မေလ ၁ ရက်နေ့ က သေဆုံး သွား ခဲ့တဲ့ အယ်(လ)ကာယီဒါး အကြမ်းဖက် အဖွဲ့ 
ခေါင်းဆောင်အိုစမာ ဘင် လာဒင် ရဲ့  နေရာ ကို ဆက်ခံ ဖို့  အတွက် ဆာအိဖ်
အယ်(လ) အဒယ် ဆို တဲ့ အီဂျစ် နိုင်ငံ သား တစ်ဦးကို အဖွဲ့  ရဲ့  ယာ ယီ ခေါင်း
ဆောင် အဖြစ် ခေတ္တ တင်မြှောက် ထားတယ် လို့  လက်ရှိ အယ်(လ)ကာယီဒါး
ခေါင်းဆောင် တွေ နဲ့  နှစ်ပေါင်း များ စွာ ရင်း နှီးလာ တဲ့ နိမန် ဘီနုတ် မန်း ရဲ့ 
ပြောကြား ချက် ကို ကိုးကား ပြီး CNN သတင်း ဌာန က နေ သတင်း ထုတ်
ပြန် ခဲ့ပါတယ်။
အယ်(လ)ကာယီးဒါး ခေါင်းဆောင် အဖြစ် ယာယီ တင် မြောက် ခံရတဲ့ ဆာအိဖ် အယ်(လ) အဒယ်
ဟာ အယ်(လ) ကာယီဒါး အဖွဲ့ ရဲ့  အထူးစစ်ဆင်ရေး အကြမ်းဖက် လှုပ်ရှား မှု တွေ မှာ ဦးဆောင်
ခဲ့ သူ တစ်ဦး ဖြစ်ပြီး ၁၉၈၁ ခုနှစ် က အီဂျစ် သမ္မတ အန္ဒ၀ါ ဆဒတ် ကို လုပ်ကြံတဲ့ သူတွေ ထဲ မှာ
ပါဝင် ခဲ့ ကာ ၁၉၈၈ ခုနှစ် မှာ အီဂျစ် နိုင်ငံ က ထွက် ခွာ ခဲ့ပြီး ဆိုဗီယက် တပ် တွေ ကို တွန်းလှန် နေတဲ့ မူဂျာ ဟေဒင် ခေါင်းဆောင်တွေ နဲ့  သွား ရောက် ပူးပေါင်း ခဲ့ပါတယ်။
အဲဒီနောက် တာလီဘန်လှုပ်ရှား မှု တွေ မှာ ပါဝင်ခဲ့ပြီး လက်ဘနွန်၊ ဆူဒန် ၊ ဆီးရီးယား စတဲ့ နိုင်ငံတွေ မှာ
စစ်သင်တန်း တွေ ပေးခဲ့ပြီး ဟစ်ဘို လာ အဖွဲ့  နဲ့  အနီး ကပ် ဆက်ဆံ မှု ရှိ ခဲ့ ကာ ၁၉၉၆ ခုနှစ် မှာ အိုစမာ
ဘင် လာဒင်၊ အီဂျစ် နိုင်ငံ သား ဒေါက်တာ အေမန် အယ်(လ) ဇ၀ါရီ တို့  နဲ့အတူ  ဆူဒန် နိုင်ငံ မှ ပြန် လည်
ထွက်ခွာပြီး အာဖဂန် နစ္စတန် နိုင်ငံမှာ အခြေချ ခဲ့ ပါတယ်။
ဆာအိဖ် အယ်(လ) အဒယ် ဟာ ၂၀၀၁ ခု နှစ် က စပြီး အယ်(လ)ကာယီးဒါး အကြမ်းဖက် အဖွဲ့ ရဲ့ 
ဦးဆောင်မှု နေရာ ကို ရယူခဲ့ပြီး အမေရိကန် ရဲ့  တိုက် ခိုက် မှု ကြောင့် ပြို ကွဲ ခဲ့တဲ့ အကြမ်းဖက် အဖွဲ့ 
ကို ပြန်လည် အသက် သွင်း သူ အဖြစ် လူသိများ ခဲ့ပါတယ်။ သူဟာ အီရန် နိုင်ငံအခြေစိုက် အကြမ်းဖက်
ခေါင်းဆောင်  မူစတာ ဖာ အာမစ် ရဲ့  သမီး ကို လက်ထပ် ခဲ့ ပြီး သားသမီး ငါးဦး ထွန်း ကား ခဲ့ပါတယ်။ FBI အဖွဲ့ က သူ့ ကို
အလိုရှိ ဆုံး သူ စာရင်း ထဲ မှာ ထည့် သွင်းထား ပြီး သူနေ ထိုင် တဲ့ နေရာ ကို အတိအကျ ပေး နိုင်ခဲ့ရင် ဒေါ်
လာ ငါးသန်း ပေး မယ်လို့  သတင်း ထုတ် ပြန် ထား ပါတယ်။
၂၀၀၁ ခုနှစ်မှာ အီရန် အစိုးရ က သူ့ ကို ဖမ်းဆီး ထိမ်းသိမ်းကာ ခရီသွားလာ ခွင့် ပိတ်ပင် ပြီး နေအိမ် အကျယ်
ချုပ် ချထား ခဲ့ပေမယ့် ၂၀၁၀ ခုနှစ် မှာ ပါကစ္စတန် မှာ ပြန်ပေး ဆွဲခံရတဲ့ အီရန် သံတမန် တစ်ဦး လွတ်မြောက်
ရေး အတွက် အလဲအလှယ် လုပ် ခဲ့ရပါတယ်။
အခြား သတင်းရင်းမြစ် တွေ မှာ တော့ ဆာအိဖ် အယ်(လ) အဒယ် ဟာ အီရန် နိုင်ငံ မှာ နေထိုင် စဉ် တစ်
လျှောက် မှာ လွတ် လပ် စွာ သွားလာ လှုပ်ရှား နိုင်တယ် လို့ ဆိုပါတယ်။
အယ်(လ) အဒယ် ဟာ အယ်(လ)ကာယီဒါး အကြမ်းဖက် အဖွဲ့  ကို စစ်ရေး နိုင်ငံရေး အရ ဦးဆောင် မှု ပေး
နိုင် မယ် လို့  အဖွဲ့ ဝင် တွေ က ယုံကြည်ခဲ့ပြီး အယ်(လ) အဒယ် ဟာ အကြမ်းဖက် သဘောတရာ နဲ့  အကြမ်း
ဖက် နည်း တွေ နဲ့  ပတ်သက် ပြီး စာအုပ် ပေါင်း နှစ် ဆယ် ခန့် ရေးသား ခဲ့ ကာ အယ်(လ)ကာယီဒါး အဖွဲ့  ရဲ့ 
မဟာဗျူဟာ ကို ပြန်လည် ရေး ဆွဲ  ခဲ့ သူ တစ်ဦး လည်း ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံ ဖွား ယီမင် အခြေစိုက် အယ်(လ)ကာယီးဒါး အကြမ်းဖက် ခေါင်းဆောင် အယ်(လ)အော်လာကီကို အယ်(လ)ကာယီဒါး အဖွဲ့  ရဲ့ ခေါင်းဆောင် အဖြစ် လျှာ ထား ခဲ့ကြပေမယ့် နိုင်ငံ အသီးသီး မှာ ရောက် နေတဲ့ ထိပ်တန်း အယ်(လ) ကာယီဒါး ခေါင်းဆောင် တွေ က သူ့ ကို ဆန္ဒပြု ရွေးချယ်
ခဲ့တာ ဖြစ်ပါတယ်။
အယ်(လ)ဇ၀ါရီ ဟာလည်း အီဂျစ် နိုင်ငံ ဖွား သမားတော်ကြီး တစ်ဦး ဖြစ်ပါတယ်။
ယခင်က လစ်ဗျား စစ်သွေးကြွှ အဖွဲ့  ရဲ့  ထိပ်တန်း ခေါင်းဆောင် ဖြစ်ပြီး ယခု လန်ဒန် မှာ နေထိုင် တဲ့ နိမန်
ဘီနုတ် မန်း ကတော့ အယ်(လ)ကာယီဒါးခေါင်းဆောင် ဟာ အစ္စလာမ် ဘာသာတရား အရ မွန်မြတ် သန့် 
စင်တဲ့ မြေဖြစ် တဲ့ အာရေးဗီးယား ကျွန်းဆွယ် နိုင်ငံ တစ်ခုခု မှ သာ မွေးဖွား ခဲ့သူ ဖြစ်ရမယ် လို့ ရိုက်တာ
သတင်းဌာန ကို ပြောပါတယ်။