(Updated) Train Bomb blast Kills Three people and several wounded
ရန်ကုန် မှ မန္တလေး သို့ သွား သည့် စာပို့ အဆန် ရထား အမှတ် ၃ ပေါ်ဉ် ယနေ့ ညနေ ၅ နာရီ
အချိန် ခန့် က မြန်မာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် မြို့ အနီးရှိ တပ်ကုန်း မြို့ နယ် ဆင်သေ
ဘူတာ အနီးတွင် ဗုံးပေါက် ကွဲရာ အနည်းဆုံး သုံးဦး သေဆုံးပြီး ၁၈ ဦး ထက်မနည်း ဒဏ်ရာရရှိ
သည် ဟု မီးရထား ၀န်ကြီးဌာန မှ တာဝန်ရှိ သူ တစ်ဦးက Freedom News Group သို့ ပြောသည်။
ဗုံးပေါက်ကွဲ မှု ကြောင့် အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးသွား ကာ ကိုးဦး ဒဏ်
ရာရှိ သွား သည် ဟု မြန်မာ့ ရုပ်မြင့် သံကြား မှာ သတင်း ထုတ်ပြန် ခဲ့သည်။ရထားပေါ်ပါ
ချိန် ကိုက် ဗုံး အမျိုးအစား ပေါက်ကွဲမှု သည် ကရင်အမျိုးသား အစည်း အရုံး (KNU) ၏ လက်
ချက် ဟု စစ်အစိုးရ က ရုပ်သံတွင် စွပ် ဆွဲထားသည်။
ဗုံးပေါက် ကွဲချိန် သည် မြန်မာ စစ်အစိုးရ တာဝန်ရှိ သူများ က အမေရိကန် ဒုလက်ထောက် နိုင်
ငံခြားရေး ၀န်ကြီး ဂျိုးဆက်(ဖ)၀ိုင်ယွန်းအား တွေ့ ဆုံ နေချိန် ဖြစ်သည်။ ဗုံးပေါက်ကွဲမှု ကြောင့်
နေပြည်တော် မြို့ တွင် ချက်ခြင်း ပင် လုံခြုံရေး တင်းကျပ်ထားသည်။
ယခင် တပ်ကုန်း မြို့ ဖြစ်သည့် ယခု နေပြည်တော် မြို့ အတွင်း ဗုံးပေါက်ကွဲမှု တွင် မီးရထား ၀န်
ထမ်းနှစ်ဦးလည်း ပြင်းထန် စွာဒဏ်ရာရှိ ခဲ့ပြီး တပ်ကုန်း ဆေးရုံကြီး သို့  ပို့ ဆောင်ထားသည်။
ယနေ့  ဗုံးပေါက် ကွဲမှု သည် ဒေါ်အောင်ဆန်းစုကြည် ၏ ရက် ၁၀၀ အတွင်း အစစ်အမှန် ဒီမိုကရေစီ ပြောင်းလဲရေး တောင်းဆို ထားမှု ၃ မိနစ်စာ ဗီဒီယို ပေါ်ထွက် လာ အပြီး
ပေါက်ကွဲခြင်း ဖြစ်သည် ဟု FNG မှ သတင်းရရှိသည်။
ယနေ့ ည ၆ နာရီ အချိန် တွင် တွဲ ပေါ်ပါရှိ သူများ ကို တစ်ဦး ချင်း စစ်ဆေး မေးမြန်မှု ပြု ပြီး
နောက် မင်္သကာ သူ နှစ်ဦး နှင့် အခြား လူ လေးဦး ခန့် ကို ဖမ်းဆီးထား သည် ဟု သတင်း
ရရှိသည်။
ည ရှစ် နာရီ မိနစ် ၃၀ အချိန် တွင် ဗုံးပေါက်ကွဲ ခဲ့သည့် လူစီးတွဲ ကို အခြား တွဲ တစ်ခု နှင့် လဲ
လှယ် အစား ထိုးပြီး မန္တလေး သို့ ဆက်လက် ခုတ်မောင်းသွားသည် ဟု သတင်း ရရှိသည်။
ယနေ့ မနက် နောက် ဆုံး ရ သတင်း များ အရ ရန်ကုန် ဘူတာကြီး ၊ မန္တလး ဘူတာကြီး နှင့်
နေပြည်တော် ဘူတာ ကြီး တို့ တွင် ခရီးသည် များ ကို တစ်ဦးချင်း စစ်ဆေး လျှက် ရှိပြီး လုံ
ခြုံရေး တင်း ကျပ် ထားသည်။

The government can complain with this Bomb Blast . That’s why the government did it.
Bome is too small, next time put bigger one,
If not thein sein government don’t understand human word.
ထူးဆန်းလွန်းပါတယ်..ရထားဝန်ကြီးက ယခင်ထောက်လှမ်းရေးဟောင်း..သံဃာ့အရေးအခင်းဖြစ်တုံးကလဲ..ပဲခူးမှာ ကြခတ်ဝိုင်းကို လုပ်ကြံတဲ့
တာဝန်ယူဘူးတယ်…ခုလဲ အချိန်ကိုက် ဗုံးကွဲပြန်တယ်တဲ့…နေပြည်တော်နားမှာ ဖြစ်တာ…ထုံးစံအတိုင်း
ဘဲ..ကေအင်ယူ…နဲ့ ပြည်ပအားကိုးအဖွဲ့လုပ်တယ် လုပ်မယ်…နိုင်ငံရေးကို ကောင်းစွာ အမြတ်ထုတ်မယ်..