FNGအရှေ့ အာရှ နှင့် ပိစိဖိတ် ဒေသဆိုင်ရာ အမေရိကန် ဒု လက်ထောက် လက်ထောက် နိုင်
ငံခြားရေး ၀န်ကြီး JosephY Yun မြန်မာ နိုင်ငံသို့ ရောက်ရှိ နေစဉ် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ ချုပ်မှ ဒ်ါအောင်ဆန်းစုကြည် အပါအ၀င် စစ်အစိုးရ အဖွဲ့ ဝင်များ ၊ တိုင်းရင်းသား ခေါင်းဆောင်
များ နိုင်ငံရေး ပါတီ များ မှ တာဝန် ရှိ သူများ နှင့် တွေ့ ဆုံမည်ဟု AP သတင်း တွင် ဖော်ပြထား
သည်။
ဂျိုး ဆက်(ဖ) ၀ိုင်ယွန်း သည် မြန်မာ နိုင်ငံတွင် လေးရက် ခန့် နေ ထိုင်မည် ဖြစ်ပြီး သူ့ ခရီးစဉ်
ဉ် ၀ါရှင်တန် အစိုးရ၏ မြန်မာ နိုင်ငံ အပေါ် ချမှတ် ထား သည့် မူဝါဒ များ နှင့် အညီ မြန်မာ နိုင်ငံ
၏ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေး အတွက် အမေရိကန် ၏ စိတ်ဝင်စား မှု များ အား ထည့်
သွင်း ဆွေး နွေး မည် ဖြစ်သည်။
ဂျိုး ဆက်(ဖ) ၀ိုင်ယွန်း သည် အမေရိကန် နှင့် အရှေ့ တောင် အာရှ နိုင်ငံများ နှင့် အဆီယံ
ဆက်ဆံ ရေး အတွက် လည်း တာဝန် ယူထာသူဖြစ်သည်။သူ၏ မြန်မာ နိုင်ငံ ခရီးစဉ် သည်
ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီး နောက် ပထမ
ဦးဆုံးအကြိမ် ရောက် ရှိ လာခဲ့သည်။
ဂျိုးဆက်(ဖ)ယွန်း သည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး နောက် ပထမ ဦးဆုံး
လာရောက် တွေ့ ဆုံသည့် အမေရိကန် အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အရာရှိ တစ်
ဦး ဖြစ်သည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကလည်း မြန်မာ့ ဒီမိုကရေစီ
ရေး အတွက် အမေရိကန် သံတမန် ကို ပို၍ လိုအပ်ကြောင်း ပြီးခဲ့သည့် သတင်း ပတ်က မှတ်ချက်
ပြု ပြောဆိုခဲ့သည်။
ဂျိုးဆက်(ဖ)၀ိုင်ယွန်း မရောက် လာခင် တစ်ရက် တွင် အမေရိကန် အစိုးရ က မြန်မာ နိုင်ငံအပေါ်
အရေး ယူဒဏ်ခတ် ပိတ် ဆို့ ထား မှု သက်တမ်း အား တစ်နှစ် ထပ်မံ တိုးမြှင့် ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ် အကျယ်ချုပ် ကာလ အတွင်း အမေရိကန် လက်ထောက်
နိုင်ငံခြားရေး ၀န်ကြီး ကတ်ကမ်ဘဲလ် နှင့် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ တွင် တစ်ကြိမ် ယခု နှစ်
မေလ တွင် တစ်ကြိမ် တွေ့ ဆုံခဲ့သည်။
အမေရိကန် အစိုးရ ၏ ကိုယ်စားလှယ် အဖြစ် ဂျိုးဆက်(ဖ) ယွန်း လာရောက် လည်ပတ် ခြင်း မပြု
မှီ ရက်အနည်း ငယ် က ပင် ကုလ အထွေထွေ အတွင်း ရေး မှုးချုပ် ၏ အထူးသံတမန် ဗီဂျေ နမ်ဘီး
ယား မြန်မာ နိုင်ငံ သို့ လာရောက် ခဲ့သေးသည်။
