ရန်ကုန်၊ နာဂစ် ဒေသ နှင့် နယ်မြို့ များ တွင် ၀မ်းရောဂါ ဖြစ်ပွားနေ
နေမျိုးဦး ၊            ၊ရန်ကုန်တိုင်း မြောက်ဥက္ကလာပ၊ သန်လျှင် ၊ တောင်ဒဂုံ စသည့်
မြို့ နယ် များ နှင့် ပဲခူး တိုင်းပဲခူး မြို့  ၊ တောင်ငူ မြို့ တို့  တွင် ၀မ်းလျှော၊၀မ်းပျက်
ရောဂါ များ စတင်ဖြစ်ပွားနေပြီး ၀မ်းလျှောရောဂါ ကြောင့် ရန်ကုန်ဆေးရုံကြီးတွင်
တက်ရောက် ကုသခံသူ ဦးရေး မှာ မေလပထမပတ် အတွင်းမှာ ပင် ဆယ့်ရှစ်ဦး
ခန့် ရှိပြီ ဖြစ်ကြောင်း FNG မှ သတင်းရရှိ သည်။
မြောက်ဥက္ကလာ ပ ဆေးရုံ နှင့် မြို့ နယ် ဆေးပေးခန်း အချို့ တွင် ၀မ်းလျှောရောဂါ
ဖြစ်ပွားခြင်းကြောင့် လာရောက် ကုသခံသူ အများစု မှာ ရာသီပေါ် သီးနှံ များ နှင့်
ဝမ်းရော ဂါကြောင့် သေဆုံးသူ မရှိသေး သော်လည်း အချိန် မှီ ဆေးဝါးကုသခြင်းမခံရပါက
အသက်ဆုံးရှုံး နိုင်သည်။
ယမန် နှစ်က မူ ၀မ်းပျက် ၀မ်းလျှော ရောဂါ ကြောင့် သေဆုံး မှုများ ရှိ ခဲ့သဖြင့် ရန်ကုန်မြို့ တွင်
ရန်ကုန် တိုင်းစစ်ဌာန ချုပ် နှင့် မြို့ တော် စည်ပင် တို့ ပူးပေါင်းပြီး ၀မ်းနူးစေသော သစ်သီးဝလံ
နှင့် စားသောက်ဖွယ်ရာ များရောင်းချ ခြင်းမပြု ရ ဟု လိုက်လံကြေညာခဲ့ သည်။
သရက်သီး နှင့် အမှည့် လွန် သစ်သီးများ ကြောင့် ၀မ်းရောဂါ ဖြစ်ပွား မှု သည် အများ ဆုံးဖြစ်
ပြီး ရေမြောင်းများ ပိတ်ဆို့ ခြင်း နှင့် ရေလျှံ ခြင်းများ ကြောင့် မသန့် ရှင်းသော ရေများ ရေတွင်း
ရေကန် နှင့် ရေပိုက်များ အတွင်း ၀င်ရောက် ရမှာ လည်း ၀မ်းရောဂါ ဖြစ်သည် ဟု ကျန်းမာ
ရေး ၀န်ကြီးဌာန ၀န်ထမ်း တစ်ဦး က ပြောသည်။
၂၀၀၈ ခုနှစ် မေ လ က နာဂစ် မုန်တိုင်း တိုက် ခတ် ခဲ့သည့် ဧရာဝတီ တိုင်း လပွတ္တာ ၊ ပြင်စလူ
နှင့် ဖျာပုံ မြို့ များ တွင် လည်း ၀မ်းပျက် ၊ ၀မ်း လျှော ရောဂါ ဖြစ်ပွား မှု များ ရှိကြောင်း လပွတ္တာ
မြို့ မှ ဒေသ ခံ ဆရာဝန် တစ်ဦး က ပြောသည်။
မြန်မာ စစ်အစိုးရသစ်သည် ရာသီအလိုက် ဖြစ်တတ်သည့် ၀မ်းပျက် ၊ ၀မ်းလျှော ရောဂါ နှင့် ပတ်
သက်ပြီး တစ်စုံ တစ်ရာ သတင်း ထုတ်ပြန်မှု မပြု သေးဟု သိရသည်။
ဆယ်ကျော် သက် နှင့် လူလတ် ပိုင်း အရွယ်များ မှ တွင် ၀မ်းရောဂါ အဖြစ် အများ ဆုံး ဟု သိရသည်။
ဒဂုံ မြို့ သစ် မြို့ နယ် များ တွင် လမ်းဘေး ဈေးသည် များ ကို ကျန်းမာရေး ၀န်ကြီးဌာနနှင့် စည်ပင်
က စစ်ဆေးလျှက် ရှိသည်။