ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် အထူးသံ တွေ့ ဆုံ

အရှေ့ အာရှ နှင့် ပိစိဖိတ် ဒေသဆိုင်ရာ အမေရိကန် ဒု လက်ထောက် လက်ထောက် နိုင်
ငံခြားရေး ၀န်ကြီး JosephY Yun မြန်မာ နိုင်ငံသို့ ရောက်ရှိ နေစဉ်   အမျိုးသား ဒီမိုကရေစီ
အဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်ပါတီ ခေါင်းဆောင် များ နှင့် တွေ့ ဆုံ ခဲ့ပြီး
မြန်မာ နိုင်ငံ ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး နှင့် အမေရိကန် အစိုးရ ၏ မြန်မာ နိုင်ငံ
ဆိုင်ရာ သဘောထား များ ကို ဆွေးနွေး ခဲ့ကြသည် ဟု သတင်း ရရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှ တာဝန်ရှိ သူများ နှင့် မတွေ့ ဆုံမှီ မစ္စတာ ဂျိုးဆက်ယွန်း
သည် နေပြည်တော် ဉ် နိုင်ငံခြားရေး ၀န်ကြီး ဦ၀ဏ္ဏမောင် လွင် ၊ ပြည်သူ့ လွှတ်တော် ဒုတိ
ယ ဥက္ကဌ ဦး နန္ဓ ကျော်စွာ တို့  နှင့် တွေ့ ဆုံ ခဲ့ ပြီး ညဘက် တွင် နိုင်ငံခြားရေး ၀န်ကြီးဌာနဓ
ဒုတိယ ၀န်ကြီး ဒေါက် တာ မျိုးမြင့် က ရွှေနန်းတော် ဟိုတယ် ဉ် တည့် ခင်း ဧည့်ခံသည့် ညစာ
စား ပွဲ ကို တက်ရောက် ခဲ့သည်။

ဒု လက်ထောက် နိုင်ငံခြား ရေး ၀န်ကြီး မြန်မာ ပြည် လာရောက် ချိန်သည် ယခု အစိုးရသစ်
လက်ထက် ဉ် ပထမ ဦး ဆုံး အကြိမ် ဖြစ်ပြီး အမေရိကန် အစိုးရက မြန်မာ နိုင်ငံ အပေါ် အရေး
ယူ ပိတ် ဆို့ မှု တစ် နှစ် ထပ်မံ သက်တမ်း တိုး ပြီး နောက် တစ်နေ့ တွင် ဖြစ်သည်။

မစ္စတာ ယွန်း ၏ လေးရက် ကြာ မြန်မာ နိုင်ငံ ခရီးစဉ် တွင် တိုင်းရင်းသား ခေါင်းဆောင် များ
နှင့် လည်း တွေ့ ဆုံ မည် ဖြစ်သည်။

အမေရိကန် ကိုယ်စား လှယ် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ အပြီး တွင် သူမက ကုလ
သမဂ္ဂ အနေဖြင့် မြန်မာ နိုင်ငံ ဆိုင် ရာ အထူး ကိုယ်စား လှယ် တစ်ယောက် ကို အချိန် ပြည့်
ထား ပေးရန် ကုလ သမဂ္ဂ အထွေထွေ အတွင်း ရေး မှုးချုပ် ထံ ပန်ကြား ခဲ့သည်။