ကြာသပတေးနေ့  မနက် အာရုံ တက် ချိန် တည်း ကတည်း နေတိုး တိုက် ခိုက် ရေး လေယာဉ်
တွေ ဟာ လစ်ဗျား ခေါင်းဆောင် ကဒါဖီ ရဲ့  လက်နက် တိုက် တွေ၊ ရေတပ် စခန်း တွေ နဲ့  သူ
ပုန်း အောင်း တယ် လို့ ယူဆရ တဲ့ နေရာ တွေ ကို အရှိန် မြှင့် ပြီး တိုက် ခိုက် ရာ မှာ ကြာသပ
တေး နေ့ က Sirte မြို့ က အကြီးဆုံး ရေတပ် စခန်း အပါအ၀င် အခြားရေတပ် စခန်း သုံးခု က
တိုက်ရေယာဉ် ရှစ် စင်း ကို ဖျက်ဆီး နိုင်ခဲ့ ပြီး ဂျူပီတာ လို့ အမည် ပေး ထား တဲ့ ရေနံ တင်
သင်္ဘော တစ်စင်း ကို ကြားဖြတ် ဖမ်းဆီး နိုင် ခဲ့ ပါတယ်။
နေတိုး တပ် ဖွဲ့  ရဲ့  ဗုံး ကြဲ တိုက် ခိုက် မှု တွေ ဟာ ယခု တစ်ပတ် အတွင်း မှာ ပို မို ပြင်းထန် လာ
ပြီး ထရီပိုလီ မြို့ ထဲ နဲ့  မြို့  ပြင်က ကဒါဖီ ရဲ့  လက် နက် တိုက် တွေ ကို လည်း တိုက် ခိုက် ခဲ့ပါတယ်။
ကဒါဖီ ဟာ သူ့ ရဲ့  ရေတပ် နဲ့  အပြစ်မဲ့ အရပ် သား တွေ ကို တိုက် ခိုက် မှု လုပ် နေတာကြောင့် အခု
လို တိုက် ခိုက် ဖျက် ဆီး ခဲ့ရတာ လို့  နေတိုးတပ် ဖွဲ့ က ကင်မရွန်း ရိုမီယို သတင်းစာ ရှင်း လင်း ပွဲ မှာ
ပြောကြား ခဲ့ပါ တယ်။
လစ်ဗျား နိုင်ငံ အလယ် ပိုင်း က Sebha မြို့ က တပ်တွင်း ရိက္ခာ ထုတ်လုပ် ရေး နဲ့  ထောက်ပံ့ရေး
စက်ရုံ တွေ ကို လည်း ဖျက် ဆီး ခဲ့ပြီး ကြာသပတေး နေ့  တစ် နေ့  လုံး အကြိမ် ပေါင်း ၁၆၆ ကြိမ်
တိုက် ခိုက် ရာ မှာ ၇၈ ကြိမ်ဟာ ပစ် မှတ် တွေ ကို ကို တိုက်ရိုက် နဲ့  တည့်တည့် ကျကျ ထိမှန် တယ်
လို့  အယ်(လ) ဂျာဇီးယား ရုပ် သံ သတင်း မှာ ဖော်ပြ ခဲ့ပါတယ်။
Al Khums မြို့  ရေတပ် စခန်း ကို တိုက် ခိုက် ရာမှာ ဆိုဗီယက် လုပ် ရေငုပ် သင်္ဘော တစ်စင်း ကိုထိ
မှန် ခဲ့ တယ် လို့  ရိုက်တာ သတင်း တစ်ရပ် မှာ ဖော်ပြထား ပါတယ်။
ကဒါဖီ သစ္စာ ခံ တပ် တွေ ရဲ့  သတ် ဖြတ် မှု တွေ ကြောင့် မြေထဲ ပင်လယ်ကို ဖြတ်ပြီး ထွက် ပြေး လာတဲ့
အပြစ်မဲ့ ပြည်သူတွေ ကို လစ်ဗျား ရေတပ် က လိုက် လံ နှောင့် ယှက် ပြီး ပစ်ခတ် မှု တွေ အကြိမ်ပေါင်း
များ စွာ ရှိ ခဲ့ တယ် လို့  ဗြိတိသျှ ၀န်ကြီး ချုပ် ဒေးဗစ် ကင်မရွန်းက ပြောပါတယ်။
ဗြိတိသျှ စစ်တပ် က ဗိုလ်မှုး ချုပ် John Lorimer က ကဒါဖီ ရဲ့  စစ် တပ် တွေ ဟာ ချဉ်နဲ့  သွား ပြီး အရှိန်
မြှင့် တိုက် ခိုက် မှု တွေ မလုပ် နိုင် တော့ ဘူး ဆို ပေမယ့် သောကြာနေ့ မနက် အစော ပိုင်းမှာ လစ်ဗျား
နိုင်ငံ အနောက် ခြမ်း က တောင် တွေ ပေါ်မှာ တပ်စွဲ ထား တဲ့ လစ်ဗျား သူ ပုန် တွေ ကို ပြင်းပြင်းထန်ထန်
ထိုး စစ်ဆင် ခဲ့ ပါတယ်။
တူနီးရှား နယ် စပ် ဒီ အနောက် ခြမ်း က တောင် တွေ ပေါ် မှာ ကဒါဖီ ကို ဆန့် ကျင် နေတဲ့ ပြည်သူတွေ နဲ့ 
သူပုန် တွေ ကို ဦးဆောင် နေသူ က တော့ အရင်က လစ်ဗျား စစ်တပ် မှာ အမြင့် ဆုံး စစ်ရေး စွမ်းရည် နဲ့ 
သူရ သတ္တိ ထူး ချွန် မှု ဆု ရရှိ ခဲ့တဲ့ ဗိုလ်မှုး ကြီး ဟူခ်ျ အူစမာ နဲ့  တပ်ကြပ်ကြီး အယ်(လ)ဗေဒါ တို့ က ဦး
ဆောင် နေကြပါတယ်။
ကဒါဖီ ကို သစ္စာခံ တဲ့ တပ် ဖွဲ့  တွေ ဟာ ထရီပိုလီ မြို့  နဲ့  မိုင် ၉၀ လောက် သာ ဇင်တန် မြို့ က အတိုက်
အခံ တွေ ထိမ်းချုပ် ထားရာ နေရာကို လည်း တိုက် ခိုက် ခဲ့ပါတယ်။
မနေ့ က လစ်ဗျား က လာတဲ့ သတင်း တွေ မှာ တော့ လစ်ဗျား ခေါင်းဆောင် ရဲ့  ဇနီး နဲ့  သမီး တို့ ဟာ
တူနီးရှား နိုင်ငံ ကို ဖြတ် ကျော် ထွက် ပြေး သွား တယ် လို့ ဖော်ပြ ကြပေမယ့် လစ်ဗျား အစိုး ရက တော့
ငြင်းဆန် ထားပါတယ်။
တနင်္လာ နေ့  က လစ်ဗျား ရေနံ ၀န်ကြီး Shokri Ghanem ဟာ တူနီးရှား နိုင်ငံ ကို ဖြတ် ပြီး အင်္ဂလန် မှာ
နိုင်ငံရေး ခိုလှုံ ခဲ့ပါတယ်။ လစ်ဗျား နိုင်ငံ အစိုးရ အဖွဲ့  မှာ ရေနံ ၀န်ကြီး ရာထူး ဟာ သြဇာ တိက္ကမ ရှိတဲ့
ရာ ထူး တစ်ခု ဖြစ်ပါတယ်။
နေတိုး တပ် ဖွဲ့  ဟာ မတ်လ ၃၁ ရက် နေ့  က စပြီး လစ်ဗျား ခေါင်းဆောင် ကဒါဖီ ရဲ့  စစ်ရေး ပစ်မှတ် တွေ
ကို အကြိမ် ပေါင်း ၇၄၂၈ ကြိမ် တိုက် ခိုက် ပြီး ဖြစ်ပါတယ်။




