လူ့ အခွင့်အရေး တိုးတက်မှု မရှိ သေး ဟု ကင်တားနား ပြော

ကိုဦး၊        ၊ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ
အသင်းတွင် ကမ္ဘာ့ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် (Tomas Ojea Quintana)
သောမတ်အိုဂျေး ကွင်တားနားမှ မြန်မာနိုင်ငံ၏လက်ရှိလူ့အခွင့်အရေးအခြေအနေများကို
သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း FNG မှ သတင်းရရှိသည်။

“မြန်မာနိုင်ငံတွင် ပြည်သူလူထုမှရွေးကောက်သော ဒီမိုကရေစီအစိုးရက အုပ်ချုပ်သည်ဟု
ဆိုသော်လည်း လူ့အခွင့်အရေးများ တိုးတက်လာခြင်းလုံးဝမရှိသေးကြောင်း”ကို ကွင်တာနား
မှပြော ကြားခဲ့သည်။

ပြည်ပအခြေစိုက် လူအခွင့်အရေးလုပ်သောအဖွဲ့များထံမှ သိရသော အစီရင်ခံစာများအရ နယ်စပ်ဒေသများ
တွင် သားမယားပြုကျင့်ခြင်း၊ ပေါ်တာဆွဲခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လယ်ယာ မြေများမတရားသိမ်းယူခြင်း
များကို စစ်တပ်မှ လုပ်နေသည်။ ထိုအပြုအမူများကို သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရ
ဒီမိုကရေစီပြည့်ဝသောအစိုးရ ဖြစ်အောင်ဆောင်ရွက်မည် ဆိုသော သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော
အစိုးရအဖွဲ့သည် မည်သည့်တာဝန်ယူ ဖြေရှင်းမှုများမရှိခဲ့ကြကြောင်းကို လည်းပြောကြားခဲ့သည်။

“လက်တွေ့အားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ဟု ပြောပြီင်္း အကျဉ်းသားတစ်သောင်းလေးထောင်ကို
လွတ်ပေးခဲ့သည်။ ထိုအထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ(၄၀)ဦးခန့်သာ
ပါဝင်ခဲ့ခြင်းသည် လွတ်ငြိမ်းချမ်းသာခွင့်လို့ ပြောလို့မရနိုင်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး
အတွက်ကိုလည်း ရည်ရွယ်ဦးတည်ချက်လုံးဝမရှိကြောင်းကို ပြောကြားခဲ့သည်။”

ကွင်တားနားက “ကျနော့်ရဲ့လုပ်ပိုင်ခွင့်သက်တမ်းမှာ မြန်မာနိုင်ငံသားများ လူ့အခွင့်အရေးရရှိ
ရန် အကောင်းဆုံးဆောင်ရွက် ပေးခဲ့မည့်အကြောင်း” ကို အလွတ်အနေထားဖြင့်ပါ ပြောကြားခဲ့သည်။
သူသည် “မြန်မာနိုင်ငံသို့  ပြည်ဝင်ခွင့်တောင်းထားသော်လည်း မရရှိသေးကြောင်း၊ ရလျှင်ရခြင်း
မြန်မာပြည်သို့သွားရောက်မှာဖြစ်ကြောင်း၊လက်ရှိဦးသိန်းစိန်အစိုးရနှင့် လူ့အခွင့်အရေးကိစ္စများကို
ညှိနှိင်း ဆောင်ရွက်ပေးသွားမည့်” ဟုပြောခဲ့သည်။

မြန်မာ စစ်အစိုးရ ၏ လွတ်ငြိမ်းချမ်းသာခွင့် ဆိုသည် မှာစိတ်ပျက်စရာ ပင် ကောင်းလှကြောင်း သူက ထည့်သွင်း
ပြောကြား သွားသည်။

ကွင်တားနားသည် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံသို့ သွားခဲ့သောခရီးစဉ်နောက်ပိုင်း စစ်အစိုးရက
ပြည်ဝင်ခွင့် ဗီဇာမပေးခဲ့ပေ။

ကွင်တားနားသည် (၂၀၁၀)ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံသို့နောက်ဆုံးအကြိမ် အဖြစ်သာ ရောက်ခဲ့သည်။ ယခုလောလောဆယ်တွင် မြန်မာပြည်သို့ဝင်ခွင့်တောင်းခံထားဆဲ ဖြစ်ကြောင်း သိရသည်။