NLD ရုံးမှာ ကျင်းပတဲ့ ဓာတ်ပုံပြပွဲ

ရန်ကုန်တိုင်း ဗဟန်းမြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရုံးတွင် ယနေ့ နံနက် ကစပြီး
“အလင်း နဲ့  ရေးတဲ့ ပန်းချီ” အမည် ရှိ ဓာတ်ပုံ ပြပွဲ တစ်ခု ကျင်းပနေရာ နိုင်ငံ တ၀ှမ်းမှ ဓာတ်
ပုံ ပညာရှင် များ ၊ သတင်းထောက် နှင့် အခြား ပညာရှင် တက္ကသိုလ် ကျောင်းသား ကျောင်း
သူများ ထဲ မှာ ဓာတ်ပုံ ၀ါသနာ များ ရှင် များ ၏ ဓာတ်ပုံ များ ပါဝင် ပြသကြ သည် ဟု သတင်း
ရရှိသည်။

ပြပွဲ တွင် ပါဝင် ပြသမည့် ဓာတ်ပုံ များ အတွက် အကဲ ဖြတ် ကော်မတီက စိစစ်ရွေးချယ် ပြီး
ဓာတ်ပုံ ဆရာ ၃၈ ယောက် ၏ ဓာတ်ပုံ ၉၆ ပုံ ကို ရွေးချယ် ပြသခဲ့သည်။ ထို ဓာတ်ပုံ ပြပွဲ ကို
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွင့်လှစ် ပေး ခဲ့ပြီး သုံး
ရက် ကျင်းပမည် ဖြစ်သည်။

ပြပွဲ ကျင်းပ ရာ ဉ် ဓာတ်ပုံ တစ်ပုံ လျှင် ကျပ် ၅၀,၀၀၀ နှုန်းဖြင့် ၀ယ် ယူ နိုင်သည်။ ဓာတ်ပုံ ပြ
ပွဲ မှ ရောင်း ရ ငွေ များ ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ လူမှု ရေး လုပ်ငန်းများ ၏ ရံပုံ
ငွေ အဖြစ် ထည့်ဝင် လှုဒါန်း မည် ဖြစ်သည်။

ပြပွဲ တွင် ပြသထား သည့် ဓာတ်ပုံ များ အား စုစည်း ဖော်ပြထား သည့် အယ်(လ)ဘမ်စာ အုပ်
အား ၃၅၀၀ ကျပ်ဖြင့် ရောင်းချသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရုံး တွင် အခါ အား
လျှော်စွာ ပြပွဲ၊ပြိုင်ပွဲ၊ ဈေးရောင်းပွဲ နှင့် သင်တန်း များ ကျင်းပသည်။

One thought on “NLD ရုံးမှာ ကျင်းပတဲ့ ဓာတ်ပုံပြပွဲ

  1. We shall strongly urge to release all political prisoners and sympathy on all political prisoners’ hunger-stikes and request global Burma’s democratic forces to sympathy their hunger-strikes with many strategy & tactics.

    best regards;
    (GSC.KoThiHa8888)
    Patron of B.D.C,U.S.A.
    Ph;(509)582-3261.

Comments are closed.