၁၉၉၂ မှ ၁၉၉၅ ခုနှစ် အတွင်း ဖြစ်ပွား ခဲ့သည့် ဘော့စနီးယား ပဋိပက္ခ များ အတွင်း ဌာနေ
မွတ်စလင် များ ကို ၈၀၀၀ ကျော် ကို ရက်စက် စွာ သတ်ဖြတ် ခဲ့သည့် ဘော့စနီးယား ဆာဘ်
ဗိုလ်ချုပ် တစ်ဦး ဖြစ်သူ ရက်ကို မလာဒစ် ကို ၎င်း ပုန်းအောင် နေရာ ဆာဗီးယား မြောက် ပိုင်း
ရှိ ဗော့ဗိုဒစ် ခရိုင် လာဇာရေဗို မြို့ ငယ်လေး တွင် ယနေ့ အာရုဏ် တက်ချိန် ၀င်ရောက် စီးနင်းမှု
ဉ် ဖမ်းဆီး ရမိသည် ဟု ဆာဗီယား သမ္မတ Boris Tadic က သတင်း ထုတ်ပြန် ခဲ့သည်။
မလာဒစ် သည် ၂၀၀၈ ခုနှစ် က ဖမ်းဆီးရမိခဲ့သည့် ရာဒိုဗန် ကာရာဇစ်(မလာဒစ် ၏ ဆရာ)
၊ သမ္မတဟောင်း ဆလို ဗိုဒန် မီလို ဆီဗစ် တို့ ပြီးလျှင် အဆင့် မြင့် ဆုံး စစ်ရာဇ၀တ် ကောင်
ဖြစ်ပြီး ၁၉၉၅ ခု နှစ် နိုင်ငံ တကာ ရာဇ၀တ်မှု ဆိုင်ရာ တရား ရုံး မှ ဖမ်းဝရမ်း ထုတ် ပြီး ချိန်
မှ စ၍ ၁၆ နှစ် ကျော် တိမ်းရှောင်ပုန်းအောင် နေခဲ့သည်။
အသက် ၆၉ နှစ် အရွယ်ရှိ ပြီ ဖြစ်သည့် ဗိုလ်ချုပ်ကြီး မလာဒစ် ကို နယ်သာလန် နိုင်ငံ The Hague
မြို့ တွင် အခြေစိုက်သည့် နိုင်ငံ တကာ တရား ရုံး သို့ လွှဲပြောင်း ပေး အပ်မည် ဖြစ်သည်။
မလာဒစ် သည် ဘော့စနီးယား ပြည်တွင်း စစ်အတွင်း ၁၉၉၅ ခုနှစ် ဉ် ဆာရာယေဗို မြို့ ကို ၄၃ လ
ကြာ ပိတ်ဆို့ ထားစဉ် အတွင်း ခြောက်လသား ကလေး မှာ စဤ အသက် ၈၉ နှစ် အရွယ် ထိ လူ
ပေါင်း ၈၀၀၀ ကျော်ကို ရက်စက် စွာသတ် ဖြတ်ရန် အမိန့် ပေး ခဲ့သူ ဖြစ်ပြီး သူ၏ တပ်ဖွဲ့ များ က
သတ် ဖြတ်မှု ကြောင့် သေဆုံးသူများ တွင်အမျိုးသမီး နှင့် ကိုယ်ဝန်ဆောင် များ လည်း ပါဝင်သည်။
မလာဒစ် ကို ဖမ်းဆီးရ နိုင်ခဲ့ ခြင်း အပေါ် အမေရိကန် ၊ ကုလသမဂ္ဂ နှင့် ဥရောပ နိုင်ငံ များ က ကြို
ဆိုလိုက်ပြီး ယခင် က ဘော့စနီးယား ဆာဗ် များ ၏ မတရား မှု ကို ခါးသီးစွာ ခံခဲ့ရသည့် ဆာဗီးယား
၊ခရိုအေးရှား၊ ဟာဇီဂိုးဗီးနား စသည့် နိုင်ငံ များ နှင့် လည်း ဆက်ဆံရေး ပြန်ကောင်း လာနိုင်သည်
ဟု အီးယူ နိုင်ငံ ခြားရေး မူဝါဒ အကြီး အကဲ ကတ်သရင်း အက်ရှက်တန် က သုံး သပ် ပြောဆိုလိုက်
သည်။

ဘော့စနီးယား စစ်တပ် ၏ အကြီးအကဲ အဖြစ် မလာဒစ် တာဝန် ယူထားစဉ် အတွင်း ဖြစ်ပွား ခဲ့သည့်
ဒေသတွင်း စစ်ပွဲ များ ဉ် မွတ်ဆလင် နှင့် ခရိုအေးရှား ပြည်သူ ပါင်း ၂၀၀,၀၀၀ ကျော် သေဆုံး ခဲ့သည်။
မလာဒစ် ၏ တပ်ဖွဲ့ များ လက်ချက် ကြောင့် မိခင်၊ ခင်ပွန်း နှင့် သားသမီး များ သေဆုံး ခဲ့ရသည့် ဆာရာ
ယေဗို မြို့ မှ ဟက်ဂါ ဆာတိုလစ် က သူမ ၏ ခင်ပွန်း ဖြစ်သူ ကို သူ့ အရှေ့ တွင် ပင် မလာဒစ် ၏ တပ်ဖွဲ့ ဝင်
များက ရက်စက်စွာသတ်ပစ် ခဲ့ပုံ အကြောင်း ကို France 24 သတင်း ဌာန သို့  ပြန်ပြောသည်။
ယမန်နှစ် သြဂုတ်လ က ဘောစနီးယား အစိုးရက မလာဒစ် ကို ဖမ်းမိနိုင်ရေး အတွက် ဆုငွေ တစ် သန်း
ထုတ်ပြန် ထားရာ မှ ဆုငွေ ၁၄ သန်း သို့ တိုးမြှင့် ပြီး နောက် တွင် ဖမ်းဆီး ရရှိ မိခဲ့ခြင်း ဖြစ်သည်။
မလာဒစ် သည် ၁၉၆၁ ခုနှစ် မာရှယ် တီးတိုး လက်လက် ထက် တွင် ယူဂိုဆလာဗီးယား တပ်မတော်
သို့  ၀င်ရောက် ခဲ့သည်။

Mladic

သူ က အ မိ ခံ ရ မှာ ပေါ့ ဗေ ဒင် မ ယုံ လို့  ထင် တယ်… :D
သန်းရွှေနဲ့ စစ်ရာဇ၀တ်ကောင်တွေကို ဖမ်းစေချင်တာ တပြည်လုံးရဲ့ဆန္ဒပါ..ချွင်းချက်တော့ ရှိတာပေါ့လေ..သန်းရွှေ ရဲ့စစ်အုပ်စုကို မျက်စိမှိတ်ထောက်ခံနေတဲ့သူတွေကလွဲလို့ပေါ့..
စစ်ရာဇ၀တ်ကောင်သန်းရွှေနဲ့ သိန်းစိန်ကို ဘယ်တော့ဖမ်းမလည်း……. ပြည်သူလူထုက စောင့်ကြည့်နေပါတယ်….
your turn baby.Now, how about your last life and how about your history?
It’s worst……….oh……very bad history of your life..