မလာဒစ် ကို နိုင်ငံတကာ တရားရုံး သို့ လွှဲပြောင်း

ယခင် ဘော့စနီယား၊ ဆာဘ် စစ်တပ် အကြီးအကဲ ရာတ်ကို မလာဒစ် ရဲ့  နိုင်ငံတကာ တရား
ရုံးဆီ လွှဲပြောင်းမပေးရေး အယူခံ ရှုံးနိမ့်ပြီး နောက် သူ့ ကို နိုင်ငံ တကာ တရား ရုံး ကို လွှဲပြောင်း
ပေးလိုက်တယ်လို့  အယ်(လ)ဂျာဇီးယား ဂြိုလ်တု ရုပ်သံ လိုင်း သတင်းဌာန က လွှင့် ထုတ် သွား
ခဲ့ပါတယ်။

အသက် ၆၉ နှစ် အရွယ်ရှိပြီး ကျန်းမာရေး မကောင်း တဲ့ မလာဒစ် ကို လွှဲမပေးဖို့  သူ့ ရဲ့ ရှေ့ နေ
တွေက အသနား ခံစာ တင်သွင်း ခဲ့ပေမယ့် ဆာဗီးယား တရား ရုံး က ပယ်ချခဲ့တာ ဖြစ်ပါတယ်။

မလာဒစ် ကို တင်ဆောင် ထား သည့် မော်တော်ကား

တရားရုံး ရုံး အမိန့် ထုတ် ပြန်ပြီး တဲ့ နောက်မှာ မလာဒစ် ကို ချက်ခြင်း ပဲ နယ်သာလန် နိုင်ငံ သည်
ဟိဂ် မြို့မှ အခြေစိုက် တဲ့ နိုင်ငံ တကာ ရုံး ရဲ့  အကျဉ်းထောင် ကို ကျဉ်ကာ စနစ်တွေ တပ်ဆင်ထား
တဲ့ မော်တော်ကား ၊ရဟတ်ယာဉ် တွေ အပါအ၀င် လုံခြုံရေး အစောင့် အကျပ် ထူထပ် စွာ နဲ့  ပို့ဆောင်
ခဲ့ပါတယ်။

၁၉၉၂ ခုနှစ် ကနေ ၁၉၉၅ ခုနှစ် အတွင်း ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယား စစ်ပွဲ နဲ့  ပဋိပက္ခ တွေ
အတွင်း စစ်တပ် အကြီးအကဲ အဖြစ် မလာဒစ် တာဝန်ယူထား ချိန် မှာ မွတ်စလင်  ပြည်သူ ထောင်
ပေါင်း များ ကို ကို သတ် ဖြတ် ခဲ့မှု တွေ အတွက် လူမျိုးတုန်း သတ်ဖြတ်မှု တွေ ၊ အခြား စစ်ရာဇ၀တ်မှု
တွေ နဲ့ ဖမ်းဆီးတရား စွဲ ဆိုထားတာ ဖြစ်ပါတယ်။

မလာဒစ် ကို မေလ ၂၆ ရက်နေ့ အာရုဏ်တက် ချိန် မတိုင် ခင်မှာ ဖမ်းမိ ခဲ့ပြီး အခု နယ်သာလန် နိုင်
ငံ သည်ဟိဂ် မြို့ က ကုလသမဂ္ဂ အကျဉ်းထောင် မှာ ထိမ်းသိမ်းထား ရှိပါတယ်။

ဗိုလ်ချုပ်ကြီး မလာဒစ် ကို အခု လို လွှဲပြောင်း ပေး လိုက်တာ နဲ့  ပတ်သက် ပြီး သူ့ ကို ထောက်ခံတဲ့
ဆာဘ် အမျိုးသားရေး အစွန်းရောက် သူတွေက ဘဲလ်ဂရိတ် ၊ ဘန်ဂျာ လူကာ စတဲ့ မြို့ တွေ မှာ
ဆန္ဒပြ ကန့် ကွက် ကြပါတယ်။

မိမိကိုယ် ကို သတ်သေသွား တဲ့ အန်နာ မလာဒစ် ရဲ့  အုတ်ဂူ

သူ့ ကို တရား ရုံး က အမိန့် မချမှတ် ခင် မှာ ၁၉၉၄ ခုနှစ် က သူ့ ရဲ့  ပစ္စတို သေနတ် နဲ့  မိမိကိုယ်ကို
သတ်သေခဲ့တဲ့ သူ့ သမီး အန်နာ မလာဒစ် ရဲ့  ဂူဗိမာန် ကို လည်းသွား ရောက် ကြည့် ရှုခဲ့ ပါတယ်။
ဘဲဂရိတ် ဆေးတက္ကသိုလ် မှာ တက်ရောက် ပညာ သင်ယူနေတဲ့ အသက် ၂၄ နှစ် အရွယ် အန်နာ
မလာဒစ် ဟာ သူ့ ဖခင် စစ်ပွဲ မှာ ပါဝင်တာ နဲ့  ပတ်သက် ပြီး သတ်သေခဲ့တာ ဖြစ်ပါတယ်။

မလာဒစ် ဟာ သည်ဟိဂ် က ကုလ အကျဉ်းထောင် မှာ တစ်ယောက် တည်း သီးသန့် ခွဲခြား ကာ
ထိမ်းသိမ်း ခံထားရမှာ ဖြစ်ပါတယ်။

The Hague