အရီဇိုးနား ပြည်နယ် အထက် လွှတ်တော် အမတ် ဂျွန် မက်ကိန်း သည် မြန်မာ့ ဒီမို ကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ ၏ တက္ကသိုလ် ရိပ်သာ လမ်း နေ အိမ် တွင်
ယနေ့ တွေ့ ဆုံ သည် ဟု သတင်း ရရှိသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံရာ ဉ် ဂျွန်မက်ကိန်းက မြန်မာ့ ဒီမိုကရေစီ ရေး အတွက်
ဆက်လက် အားပေး ထောက်ခံ သွား မည် ဟု ပြောကြား ခဲ့သည်။
မက်ကိန်းသည် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံခြင်း မပြု မှီ ဒဂုံမြို့သစ် တောင်ပိုင်းရှိ HIV
/AIDS လူနာ စောင့်ရှောက်ရေး ဂေဟာ နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ နာရေးကူညီမှု အသင်း
သို့ သွားရောက် ပြီး တွေ့ ဆုံမှု များ ပြုလုပ် ခဲ့သည် ဟု Freedom News Group မှ သတင်းရရှိ
သည်။
ရက်(ပ) အဆိုတော် တစ်ဦလည်း ဖြစ်သည့် မကြာသေး ခင် ကမှ အကျဉ်းထောင် မှ ပြန်လည်
လွတ်မြောက် လာသူများ တွင် တစ်ဦး ဖြစ်သည့် ဇေယျာသော်အပါအ၀င် အခြား နိုင်ငံရေး
အကျဉ်း သားများ နှင့် နေ့ လည်စာ အတူ သုံးဆောင် ခဲ့သည်။
ဂျွန်မက်ကိန်းသည် မြန်မာ နိုင်ငံတွင်း သုံးရက်ကြာ နေထိုင်စဉ် အတွင်း အမျိုးသား ဒီမိုကရေစီ
အင်အား စု အပါအ၀င် အခြား နိုင်ငံရေး အင်အား စု များ နှင့် လည်း တွေ့ ဆုံ မည် ဖြစ်သည်။
ဂျွန်မက် ကိန်း ၏ မြန်မာ နိုင်ငံ ခရီးစဉ် သည် မြန်မာ့ ဒီမိုကရေစီ ရေး အတွက် အရေး ပါသည်
ဟု မြန်မာ့ နိုင်ငံရေး အင်အား စု များ က သုံးသပ်ကြသည်။

