Update ယီမင် သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး အား လေးလ ကျော်ကြာ ဆန္ဒပြနေသူများ
သည် နောက် ဆုံး တွင် ပြည်သူများ နှင့် ပူးပေါင်း ခဲ့သည့် တပ်များ ၏ ကျောထောက် နောက်ခံ
ပြုမှု များ ဖြင့်လက်နက် ကိုင် တော်လှန် ရေး ကို စတင် ရာ ယနေ့  မြို့ တော် ဆာနားရှိ အရေးပါ
သည့် အဆောက်အဦများ နှင့် နိုင်ငံ အနောက်ပိုင်း ရှိ မြို့ များ ကို သိမ်းယူလိုက်သည် ဟု သတင်း
ရရှိသည်။
လွန်ခဲ့သည့် တစ်လ ကျော်က ပင်လယ်ကွေ့  နိုင်ငံ များ ပူးပေါင်းဆာင်ရွက်ရေး အဖွဲ့  GCC ၏
ကြားဝင် ကမ်းလှမ်း ချက် ဖြင့် အာဏာစွန့် လွှတ် မည် ဟု သဘောတူခဲ့ မှု ကို ချိုးဖောက်မှု ဖြင့်
ဖြင့် ယီမင် မျိုး နွယ်စုများ နှင့် ဘက်ပြောင်းသွား သည့် ယီမင် စစ်ဗိုလ်ချုပ် များ ၏ အကူအညီ
ဖြင့် အဗ္ဗဒူလ်လာ ဆာလေး ဆန့် ကျင်ရေး လက်နက် ကိုင်တော်လှန် မှု ကို စတင်ကြခြင်း ဖြစ်
သည်။
တနင်္လာနေ့ က စတင် ခဲ့သည့် ယီမင် လက်နက်ကိုင် တော်လှန် ရေး တွင် ၃၇ ဦး ထိ သေဆုံး
ခဲ့ပြီး သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး က မြို့ တော် တွင်း ရှိ လက်နက် ကိုင် ပုန် ကန် သူများ
ကို တွန်းလှန် ရန် အမေရိကန် အကြမ်းဖက် တိုက် ဖျက် ရေး အဖွဲ့ မှ အထူး ယူနစ် အချို့ ကို
အစိုးရ အဆောက် အဦ အချို့ တွင် ဖြန့် ကျက် ချထား သည် ဟု သိရသည်။
ယနေ့ နံနက် အစောပိုင်း တွင် မြို့ တွင်း လမ်းမ အချို့ ကို ဘက်ပြောင်းသွား သည့် စစ်တပ်က
ပိတ် ဆို့ ထားပြီး ဟာရှစ် မျိုးနွယ်စု ၀င် လက်နက် ကိုင် များက အစိုးရ အဆောက်အဦ အချို့ 
ကို သိမ်းပိုက်ထားသည်။
ဆန္ဒပြ သူများ ဖြင့် ပူးပေါင်းသွား ခဲ့သည့် ယီမင် ကာကွယ်ရေး ၀န်ကြီး ဟောင်း ဗိုလ်မှုးချုပ်
အဗ္ဗဒူလ်လာ အလီ အယ်လီဝါ က ဘက်ပြောင်းသွားသည့် ယီမင် စစ်တပ် မှ အရာရှိများ တပ်
သားများ နှင့် ပြည်သူများ ကို ဦးဆောင် ကာ တိုက်ပွဲ ၀င်လျှက်ရှိသည်။
ယီမင် စစ်တပ် မှာ ထိပ်တန်း အရာရှိ နှစ်ဆယ် ကျော် နှင့် စစ်တပ် အရာရှိ များ သည် ပြည်သူ
များ နှင့် ပူးပေါင်း ခဲ့ပြီး ဖြစ်သည်။
နောက်ဆုံးရရှိသည့် သတင်းများအရ ယီမင် နိုင်ငံ ၏ သြဇာအရှိ ဆုံး ဗိုလ် ချုပ်ကြီး ဖြစ်သည့်
အလီ မိုဆန် အယ်(လ) အာမာ တပ် စွဲ ထားရာ ဌာနချုပ် နေရာ များ ကို အစိုးရ တပ် က ၀ိုင်းဝန်း
တိုက် ခိုက် နေရာ မှာ ပြန်လည် ဆုတ်ခွာပေး ခဲ့ရသည်။
အလီ မိုဆန် ကို ထောက်ခံ သည့် ဟာရှစ် မျိုး နွယ်စု တွေ ဟာ မနေ့ က ဆာနား မြို့ တော်က နိုင်ငံ
တကာ လေဆိပ် ကို သိမ်းပိုက် ဖို့ ကြိုး စား ခဲ့ကြပြီး မြို့ ပြင်မှာ တော့ ရေနံ လှောင်ကန် တွေ၊ ဆေး
ရုံ နှင့် ဓာတ်အားပေး စက်ရုံ အချို့ ကို သိမ်းပိုက် ထားကြသည်။
