ဒယ်နီယလ်ကိန်း၊ ၊အမေရိကန်နိုင်ငံ ကင်တပ်ကီပြည်နယ်၌ အီရတ်နိုင်ငံသားဒုက္ခသည်
၂ ဦးအား အီရတ်နိုင်ငံရှိအယ်လ်ကိုင်ဒါအဖွဲ့ (Al-Qaeda, Iraq) သို့ ငွေကြေးအပါအ၀င် လက်
ဖြောင့်သေနတ်များ၊စက်သေနတ်များ၊ C4 ပလပ်စတစ်ဖေါက်ခွဲရေးပစ္စည်းများ၊ RPG ခေါ် ဒုံးကန်အား
သုံးဗုံးများ၊ မြေပြင်မှဝေဟင်ပစ် စတင်ဂါဒုံးကျည်များ စသည်တို့ကို တရားမ၀င်ဝယ်ယူ၍ ပို့ဆောင်ရန်
အားထုတ်မှုဖြင့်အက်ဖ်ဘီအိုင် (FBI) အဖွဲ့မှဖမ်းဆီးရမိခဲ့သည်။ဆက်လက်ပြီး ၄င်းတို့အား အယ်လ်ကိုင် ဒါအကြမ်းဖက်အဖွဲ့အား ထောက်ပံ့မှုဖြင့် အမေရိကန်ပြည်ထောင်
စုအစိုးရရှေ့နေများမှ ကင်တပ် ကီပြည်နယ်၊ လူးဝစ်ဗင်းလ်မြို့တွင် တရားဆွဲဆိုခဲ့သည်။
ကင်တပ်ကီပြည်နယ်၊ ဘိုးလင်းဂရင်းန်မြို့နေ ၀ါအဒ်ရာမာဒန်အယ်လ်ဝမ် (၃၀နှစ်) နှင့် မိုဟာနဒ်ရှရစ်ဖ်
ဟမ်မဒီ (၂၃နှစ်) တို့ အမေရိကန်နိုင်ငံသို့ ၂၀၀၉ ခုနှစ်တွင်ရောက်ရှိခဲ့ပြီး ၅ လခန့်အကြာ ၂၀၀၉၊ စက်
တင်ဘာ မှစတင်၍ ၄င်းတို့အား အက်ဖ်ဘီအိုင်မှ လပေါင်းအတန်ကြာစုံစမ်းထောက်လှမ်းခဲ့အပြီးတွင်
ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းတို့မသိခဲ့သည့်အချက်တခုမှာ အီရတ်နိုင်ငံရှိ အယ်လ်ကိုင်ဒါလက်ထဲသို့ ရောက်ရှိသွားခဲ့မည်ဟု
ယုံကြည်စွာ၎င်းတို့ပို့ဆောင်ခဲ့သည့် လက်နက်များနှင့်ငွေကြေးများသည်အက်ဖ်ဘီအိုင်နှင့်အခြား
ဥပဒေစိုးမိုးရေးအေဂျင်စီများ ပူးပေါင်း၍ ကင်တပ်ကီပြည်နယ်ပြင်ပ ရောက်မသွားအောင်ထိန်းချုပ်
ထား၍ အီရတ်အယ်လ်ကိုင်ဒါလက်သို့ ဘယ်တုန်းကမှရောက်ရှိမသွားခဲ့ပေ။ ပုံဖျက်စိမ့်ဝင်ထိုးဖောက်
ခဲ့သော အက်ဖ်ဘီအိုင်အေးဂျင့်(Undercover Agents) များမှ ၄င်းတို့ ဝယ်ယူခဲ့သောလက်နက်များ
အား ပစ်ခတ်၍မရအောင် တင်ကြိုလုပ်ဆောင်ခဲ့ပြီးဖြစ်သည်။
ဝါအဒ်ရာမာဒန်အယ်လ်ဝမ်သည် ၂၀၀၆ ခုနှစ်တွင် အီရတ်အာဏာပိုင်များ၏ဖမ်းဆီးမှုကို ခံခဲ့ရသူဖြစ်ပြီး
နောက်ပိုင်းတွင်လွတ်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စုတရားရေးဝန်ကြီးဋ္ဌာန အရာရှိတဦးမှ လက်
လုပ်ဗုံးကျွမ်းကျင်သူ အယ်လ်ဝမ်သည် အဓိကတရားခံတဦးဖြစ်၍ ၄င်းကိုယ်တိုင် လက်လုပ်ဗုံးများပြုလုပ်ကာ
ဗုံးခွဲရန်နေရာသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုခဲ့သည်။ စွဲချက် ၂၃ ခု တင်ထားသော ယခုတရားစွဲဆိုမှုတွင်
အီရတ်နိုင်ငံ၊ ဘေဂျီမြို့အနီးတွင် တိုက်ခိုက်ရာခဲ့ရာတွင် အသုံးပြုခဲ့သည့် လက်လုပ်ဗုံးတလုံး (IED)
နှင့် ကြိုးပျောက်ဖုန်း (Cordless Phone) တလုံးတို့ ပေါ်တွင် အယ်လ်ဝမ်၏လက်ဗွေရာများကို ဖေါ်
ထုတ်နိုင်ခဲ့ကြောင်းပြောခဲ့သည်။
မေလ ၃၁ ရက်နေ့၊ လွန်ခဲ့သော အင်္ဂါနေ့တွင်ထုတ်ပြန်သော တရားရုံးမှတ်တမ်းများအရ လွန်ခဲ့သော
၈ လ အတွင်း ဤအီရတ်အယ်လ်ကိုင်ဒါအား ထောက်ပံ့မှုများကို ပြုလုပ်ခဲ့ပြီး ၄င်းတို့ ၂ ဦးစလုံးသည်
အမေရိကန်နိုင်ငံသို့ ရောက်မလာခင် ကတည်းက အမေရိကန်တပ်ဖွဲ့ဝင်များကို လက်လုပ်ဗုံးများဖြင့်
တိုက်ခိုက်မည်၊ အမေရိကန်သားနှင့် နေ့လယ်စာရော၊ ညစာပါစားမည်ဟု ကြွားဝါပြောဆိုခဲ့ကြသူများဖြစ်သည်။
ဝါအဒ်ရာမာဒန်အယ်လ်ဝမ်အား စွဲချက်များတွင်အမေရိကန်နိုင်ငံသားများကို သတ်ဖြတ်ရန်ပူးပေါင်းကြံစည်မှု၊ ဖျက်အားပြင်းလက်နက်များကို အသုံးပြုရန်ပူးပေါင်းကြံစည်မှု နှင့် အကြမ်းဖက်သမားများကိုထောက်ပံ့
မှုတို့ပါဝင်၍၊ မိုဟာနဒ်ရှရစ်ဖ်ဟမ်မဒီအပေါ် စွဲချက်များတွင် အကြမ်းဖက်သမားများကိုထောက်ပံ့ရန်အားထုတ်မှု၊
အကြမ်းဖက်သမားများထံ ရိုးရိုးဒုံးကျည်များနှင့် ပဲ့ထိမ်းဒုံးကျည်များကို ပစ်ခတ်မှုပြုလုပ်နိုင်သည့် ကိရိယာကို
သိရက်နှင့်ပိုင်ဆိုင်ရန် သို့ အကြမ်းဖက်သမားများထံ တင်ပို့ရန်အားထုတ်ခြင်းတို့အပါအ၀င် စုစုပေါင်းစွဲချက်
၂၃ ခုဖြင့် တရားစွဲဆိုထားသည်။
၎င်းတို့အနေနှင့်မူအပြစ်မရှိကြောင်းငြင်းဆိုထား၏။ ပြစ်မှုထင်ရှားပါက ပြင်းထန်သောအမေရိကန်တရားစီရင်ရေး
စနစ်အရ ထောင်ဒဏ်တသက်ပြစ်ဒဏ်ချခံရမည်ဖြစ်သည်။ ပြည်ထောင်စုအကျဉ်းထောင်များမှ အကျဉ်းသားများမှာ ခံဝန်နှင့်ကြိုတင်လွှတ်ပေးခြင်းမရှိပဲ အပြည့်အ၀အကျဉ်းချခံကြရသည်။ လောလောဆယ်တွင်မူ ၄င်းတို့ ၂ ဦးစလုံး ပြည်ထောင်စုထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခြင်းခံနေရသည်။
အယ်လ်ဝမ်နှင့်ဟမ်မဒီတို့သည် အမေရိကန်လူဝင်မှုကြီးကြပ်ရေးစနစ်၏ ဟာကွက်တချို့ကို အသုံးချ၍ နိုင်ငံတွင်း
ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး ၄င်းဟာကွက်များအား စီစစ်ဖယ်ရှားပြီးဖြစ်ကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနမှ ရရှိလာသောသတင်းအချက်အလက်သစ်များအရ ၀င်ရောက်လာသူများထပ်မံစစ်ဆေးမှုများပြုလုပ်နေကြောင်း အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဋ္ဌာနအရာရှိတဦးမှ ပြောဆိုခဲ့သည်။ ယခုဖမ်းဆီးမှုသည်အက်ဖ်ဘီအိုင်ညွှန်
ကြားရေးမှူး ရောဘတ်မြူရဲလား၏ အီရတ်နိုင်ငံတွင်း တိုက်ခိုက်မှုများနှင့်ဆက်စပ်မှုရှိသော အမေရိကန်နိုင်ငံတွင်းရှိ အီရတ်နိုင်ငံသားများအားအက်ဖ်ဘီအိုင် မှ စောင့်ကြည့်နေသည်ဟု လွန်ခဲ့သောဖေဖေါ်ဝါရီလက ပြောကြားခဲ့ခြင်းအပြီးတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ဘိုးလင်းဂရင်းမြို့တွင် အီရတ်
ဒုက္ခသည် ၂၅၃ ဦးခန့်နေထိုင်လျက်ရှိ၍ ဤအုပ်စုအား ယခင်က အမေရိကန်နိုင်ငံကို ခြိမ်းခြောက်မှုတရပ်ဟု မယူဆခဲ့ပေ။
ဤအမှုသည် ၄င်းတို့အပေါ်တွင် ကြီးမားသောဖိအားတခုသက်ရောက်နိုင်ပေသည်။
တနေ့ကပင် အမေရိကန်သမ္မတ အိုဘားမားမှ ၂၀၀၁ ခုနှစ်မှစတင်၍ အမေရိကန်လွှတ်တော်မှအတည်ပြုကာ
ထိုစဉ်အမေရိကန်သမ္မတဘုရှ်မှ လက်မှတ်ရေးထိုး၍ အတည်ပြုပြဋ္ဌာန်းကာ လေးနှစ်တကြိမ်သက်တမ်းတိုးခဲ့သည့်
အကြမ်းဖက်မှုကာကွယ်ရေးအတွက် ရည်ရွယ်ထားသည့် ပြင်းထန်သော US PATRIOT ACT အား ဥရောပမှနေ၍
ဒစ်ဂျစ်တယ်လက်မှတ်ထိုး၍ ၄ နှစ်ထပ်မံသက်တမ်းထပ်မံတိုးခဲ့သည်။နိုင်ငံတော်ထောက်လှမ်းရေးဆိုင်ရာညွှန်ကြားရေးမှူး
ဂျိမ်းစ်ကလက်ပါ၏ DNI (Directorate of National Intelligence) မှ ဦးဆောင်သည့် ထောက်လှမ်းရေးအင်အားစု
(Intelligence Community) လက်အောက်တွင် စီအိုင်အေအဖွဲ့နှင့် အက်ဖ်ဘီအိုင်အဖွဲ့၊ စစ်ဘက်ထောက်လှမ်းရေးတပ်
ဖွဲ့များနှင့်ဝန်ကြီးဋ္ဌာနပေါင်းစုံမှ အဓိကကျသည့်ထောက်လှမ်းရေးအဖွဲ့ချည်း ၁၆ ဖွဲ့ရှိသည်။ ၄င်း ၁၆ ဖွဲ့အပြင် အခြားအဖွဲ့များအပါအ၀င် ပြည်နယ်ရဲတပ်ဖွဲ့များ လည်းထပ်မံရှိသေးသည်။ ၉-၁၁ နောက်ပိုင်း အမေရိကန်ထောက်
လှမ်းရေးကွန်ယက်သည် ချိတ်ဆက်မှုအားအလွန်ကောင်းလာသည်ဟု ယူဆရသည်။
ဤအခြေအနေတွင် တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတို့မှ ဒုက္ခသည်ဟန်ဆောင်ကာ အခြေချ
လာသည့် အကြမ်းဖက်သမားများအနေဖြင့် လုံးဝလွတ်မြောက်ရန် အခွင့်အလမ်းနည်းပါးလှသည်။ အကြမ်းဖက်မှုနှင့်
ဆက်စပ်နေသည့် မည့်သည့်လုပ်ရပ်မဆိုမှ ၄င်းတို့အား နှစ်ရှည်ထောင်ဒဏ် (သို့) ထောင်ဒဏ်တသက်၊ ဒါမှမဟုတ်
အမြန်ဆုံး ပြည်နှင်ခံရခြင်းကို ကြုံတွေ့ရလိမ့်မည်ဖြစ်သည်။
