အာရပ် စတိုင် တော်လှန်ရေး လုပ်လျှင် မြန်မာ အစိုးရ အခက်ကြုံမည် ဟု မက်ကိန်း သတိပေး

“Governments that shun evolutionary reforms now will eventually face revolutionary
change later. This choice may be deferred. It may be delayed. But it cannot be denied.”

McCain said in a telephone interview on CNN

နိုင်ငံတွင်း မှာ အခြေစိုက်သည့် ပြည်တွင်း၊ပြည်ပ သတင်း ထောက် များ နှင့် အရီဇိုးနား အထက်
လွှတ်တော် အမတ် ဂျွန် မက်ကိန်း တွေ့ ဆုံရာ မှာ သူက မြန်မာ ဒီမိုကရေစီ ရေး ကို ဆက်လက်အားပေး နေမှာ ဖြစ်ပြီး မြန်မာ – အမေရိကန် ဆက်ဆံရေး ကို ဒီထက် ပိုလို့  တိုး
တက် ဖို့ ရည်မှန်း ထားရင် လက်ရှိ အစိုးရ အနေနဲ့ လုပ်သင့် လုပ်ထိုက်တာတွေ ကို အချိန် မဆိုင်း
ပဲ လုပ်ရမယ်လို့  ဒီနေ့  အမေရိကန် စင်တာ မှ ပြုလုပ် သည့် သတင်းစာ ရှင်း လင်း ပွဲ တွင် ပြောကြား
ခဲ့သည်။

ရန်ကုန် မြို့ အမေရိကန် သံရုံး တွင် သတင်း ထောက်များ နှင့် တွေ့ ဆုံနေသည့် လွှတ် တော် အမတ် ဂျွန်မက်ကိန်း

မြန်မာ့ဒီမိုကရေစီ ရေး ကို စိတ် အား ထက်သန်မှု အရှိ ဆုံး လွှတ်တော် အမတ် ဖြစ်သည့် ဂျွန်မက်
ကိန်းက မြန်မာ ပြည် အကျဉ်းထောင် များ တွင် နိုင်ငံတကာကြက်ခြေ နီ အဖွဲ့  (ICRC) သွားရောက်
ခွင့် ၊ စစ်အစိုးရ က ဒီမိုကရေစီ ပြောင်းလဲမှု ကို ဖော်ဆောင် လိုလျှင် ဒေါ်အောင်ဆန်းစုကြည် လွတ်
လပ်စွာ သွား လာခွင့် နှင့် လုံခြုံရေး တို့ ကို တာဝန်ယူရမည် ဟု သူက ပြောကြား ခဲ့သည်။

သတင်းထောက် များ နှင့် တွေ့ ဆုံရာဉ် မြန်မာ ပြည်သူများ အနေဖြင့် အာရပ် စတိုင် ပြောင်းလဲ
မှု စလျှင်စစ်အစိုးရ အနေဖြင့်  အန္တရာယ် ရှိပြီး အခက် အခဲ ကြုံတွေ့ ရနိုင်သည် ဟု သူက ထည့်
သွင်းပြောကြား သွားသည်။ အမှန်တကယ်ပြုပြင် ပြောင်းလဲမှု မလုပ်သေး သည့် မြန်မာ အစိုးအရ
အတွက် အမေရိကန် ၏ အရေးယူဒဏ်ခတ်မှု များ က ဆက်ရှိ နေ အုံးမည် ဟု သတင်းထောက်
တစ်ဦးက မေးမြန်းသည့် စီးပွားရေး ပိတ်ဆို့ မှု ရုတ် သိမ်း ရေး နှင့် ပတ်သက်သည့် မေးခွန်း တွင်
ပြန်လည် ဖြေကြားခဲ့သည်။

လက်ရှိ အာရပ် နိုင်ငံများ တွင် ပေါ်ပေါက်နေသည့် လူထု အုံကြွှမှု များ တော်လှန် ရေးများ နှင့် ပတ်
သက်ပြီးလည်း မက်ကိန်း က ထောက် ပြ ပြောဆို ခဲ့ပြီး တဖြည်းဖြည်းချင်း ပြုပြင်ပြောင်း လဲမှု ကို
စစ်အစိုးရ အနေ ဖြင့် လုပ်ကိန်ရန် ပျက်ကွက် ခဲ့လျှင်

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း သည် ဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေး လှုပ်ရှားသူ
များ ပြန်လည် လွှတ်ပေး ရေး ကို တောင်း ဆို ခဲ့သည်။