တရုတ်၏ ဟက်ကာ တိုက်ခိုက်မှု အား FBI က စုံစမ်းပြီ

ဒယ်နီယလ် ကိန်း၊                   ၊ဗုဒ္ဓဟူးနေ့က ဂူဂယ်မှ Gmail သုံးစွဲသူ တရုတ်နိုင်ငံရေးလှုပ်ရှားသူများ၊
အမေရိကန်နှင့် အာရှနိုင်ငံအချို့မှ အစိုးရအရာရှိများ၊ အမေရိကန် သမ္မအိမ်ဖြူတော် မှ ၀န်ထမ်းများ
၏ Gmail Password များကိုရယူရန် နှင့် ၄င်းတို့၏ Email Account  များကို စောင့်ကြည့်ရန်အတွက်
ထိုးဖောက်လာသည့် ဆိုင်ဘာသူလျှိုတိုက်ခိုက်မှုတခုကို ထောက်လှမ်း သိရှိခဲ့ပြီး ဟန့်တားခဲ့ရသည်။ ဂူဂယ်လ်ကုမ္ပဏီမှ ဆိုင်ဘာသူလျှိုတိုက်ခိုက်မှု၏ အဓိကပစ်မှတ်သည် အာရှတိုက်နိုင်ငံအချို့၏ အစိုးရအရာရှိများ
၊ အမေရိကန်အရပ်ဘက်နှင့်စစ်ဘက်မှ ထိပ်တန်းအရာရှိများနှင့်ဂျာနယ်လစ်များ၏ Gmail Account များဖြစ်
သည်ဟု ပြောကြားခဲ့ပြီး
တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှခါတိုင်းလိုပင် ငြင်းပယ်လိုက်သည်။ ဂူဂယ်လ်
ကုမ္ပဏီမှ တရုတ်အစိုးရကို တိုက်ရိုက်မစွပ်စွဲသော်လည်း ဤတိုက်ခိုက်မှုသည် တရုတ်နိုင်ငံ၊ ရှန်တုန်းပြည်
နယ်၏မြို့တော်ဖြစ်သည့် ကျီနန်မြို့ မှဖြစ်သည်ကိုဖေါ်ထုတ်ခဲ့သည်။

ဂူဂယ်မှ ထိုးဖောက်တိုက်ခိုက်ခံခဲ့ရသည့် Gmail User များနှင့် သက်ဆိုင်ရာအစိုးရများသို့ အသိပေးအကြောင်း
ကြားခဲ့သည်။
အိမ်ဖြူတော်မှ ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး အစီရင်ခံစာများအရ စုံစမ်းစစ်ဆေးနေကြောင်းနှင့်
အမေရိကန်အစိုးရအရာရှိများ၏ Gmail A­ccount
  များ ထိုးဖောက်ခံရခြင်းမရှိဟုယုံကြည်ကြောင်း ပြောကြား
ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို (FBI)
မှ ယခုဖြစ်ရပ်အား စုံစမ်းစစ်ဆေးမည်ဖြစ်သည်ဟုပြောကြားခဲ့သည်။


အမှန်မှာ ပြည်တွင်းတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအားဖော်ထုတ်ဖမ်းဆီးရန်လည်းကောင်း၊ နည်းပ
ညာနှင့်စီးပွားရေးအရ အနောက်နိုင်ငံများနှင့်မယှဉ်နိုင်သည့်အတွက် တရုတ်အစိုးရနှင့်တရုတ်စစ်ဘက်မှ
အဓိကပံ့ပိုးမှုပေးသည့် တရုတ်ဟက်ကာများအား  နိုင်ငံတကာရှိအစိုးရများနှင့်ကုမ္ပဏီကြီးများ၏ သတင်း
အချက်အလက် မှတ်တမ်းများ၊ အစိုးရအရာရှိများနှင့်စစ်ဘက်အရာရှိများ၊ ကုမ္ပဏီကြီးများ၏အရာရှိများ၊
ပြည်တွင်းပြည်ပဂျာနယ်လစ်များ၊ ကွန်မြူနစ်စနစ်ကိုဆန့်ကျင်သည့် တရုတ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ
စသူတို့၏ အီးမေးလ်အကောင့်များကို ဦးတည်၍တိုက်ခိုက်စေပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ နည်းပညာ၊
ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များနှင့် Email
Password များကို ခိုးယူလေ့ရှိသည်။ တချီတွင်
ဂျာမနီအစိုးရ၏ သတင်းအချက်အလက်များ ခိုးယူရန်အတွက် တရုတ်မှဆိုင်ဘာသူလျှိုတိုက်ခိုက်မှုလုပ်ခဲ့ရာ
အလွန်ဒေါသထွက်သွားသည့် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်မှ တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်အား ချက်ချင်းဖုန်းဆက်၍ ပြစ်တင်ကန့်ကွက်ခဲ့သည်အထိဖြစ်ခဲ့ဘူးသည်။

 

တရုတ်နိုင်ငံ၏သူလျှိုများမှအမေရိကန်ပြည်ထောင်စု၏ လျှို့ဝှက်သတင်းအချက်အလက်ခိုးယူမှုများကို အရှိန်မြှင့်
လုပ်ဆောင်လာကာ ယင်းအချက်အလက်တို့အား တရုတ်စစ်ရေးနှင့်စီးပွားရေးတည်ဆောက်ရာတွင် အသုံးပြုနေခြင်းနှင့်
ပတ်သက်၍ အမေရိကန်အကြံပေးပညာရှင်အဖွဲ့တစ်ခုဖြစ်သော အမေရိကန်-တရုတ် စီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာ
ပြန်လည်စိစစ်ရေးကော်မရှင်
(US-China Economic and Security Review Commission) မှ ၂၀၀၉ ခုနှစ် နိုဝင်
ဘာလတွင် ထုတ်ပြန်သောအစီရင်ခံစာ၌ှ သတိပေးခဲ့ဘူးသည်။

 

အဆိုပါသတိပေးအစီရင်ခံစာတွင် တရုတ်ဆိုင်ဘာသူလျှိုတိုက်ခိုက်မှုသည် ပိုမိုပြင်းထန်၍ အဆင့်မြင့်လာနေကြောင်း
ကို ဖေါ်ပြထားခဲ့သည်။ တရုတ်နိုင်ငံသည်၎င်း၏ သူလျှိုလုပ်ငန်းဆောင်ရွက်မှုလုပ်ငန်းကှို လမ်းကြောင်းပြောင်း
လာနေကြောင်း ၎င်းအကြံပေးအဖွဲ့၏ဥက္ကဌ ကယ်ရိုလင်းဘာသိုလိုမြူ (ယခင် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြံပေးအရာရှိ နှင့် အမေရိကန်အောက်လွှတ်တော် ထောက်လှမ်းရေး
ဆိုင်ရာ ကော်မတီအဖွဲ့ဝင်)
မှတရားဝင်ပြောကြားခဲ့သည်။


အမေရိကန်စစ်ဘက်အထက်တန်းအရာရှိ ဗိုလ်မှူးကြီးဂေရီမက်အလမ် မှ ၂၀၀၈ ခုနှစ် အတွင်း အမေရိကန်ကာကွယ်ရေး
ဝန်ကြီးဌာန၏ ကွန်ယက်စနစ်အတွင်းသို့နှောင့်ယှက် ထိုးဖောက်မှု အကြိမ်ပေါင်း ၅၄၆၄၀ ခန့်ရှိခဲ့၍ ၂၀၀၇ ခုနှစ်နှင့်နှိင်း
ယှဉ်လျှင် ၂၀% မြင့်တက်လာ၍ယခုနှစ် (၂၀၀၉) တွင် အလားတူဖြစ်ရပ်မျိုး ၆၀% ထပ်မံ မြင့်တက်လာမည်ဟု မျှော်လင့်
ရကြောင်း ၎င်းအကြံပေးအဖွဲ့အား အသိပေးပြော ကြား ခဲ့သည်။ ၎င်းသတိပေးအစီရင်ခံစာတွင် ဤထိုးဖောက်မှုများအားလုံးသည် တရုတ်နိုင်ငံမှမဟုတ်သော်လည်း အဓိကလက်သည်မှာ တရုတ်နိုင်ငံဖြစ်ကြောင်း ရှင်းလင်းစွာဖေါ်ပြထား၍၊ တရုတ်၏အာကာသဆိုင်ရာနည်းပညာပိုင်းကို တိုးတက်မှူရရှိစေခဲ့သည့် နည်းပညာသူလျှိုမှု  ၂ ခု ကိုလည်း ဖေါ်ထုတ်ထားသည်။


အမေရိကန်ပြည်ထောင်စုလွှတ်တော် အားတင်ပြခဲ့သည့် စာမျက်နှာ (၃၆၇) ပါ ၎င်းအစီရင်ခံစာတွင် ကျယ်ပြန့်၍ယုံကြည်စိတ်
ချရသည့် မှုခင်းဆိုင်ရာအထောက်အထားအချက်အလက်များမှ ယင်း
ဆိုင်ဘာသူလျှိုတိုက်ခိုက်မှုဖြစ်ရပ်များတွင် တရုတ်အစိုးရ၏ပါဝင်ပတ်သက်နေမှုကို အခိုင်အမာဖေါ်ပြနေကြောင်း ဤအကြံပေးပညာရှင်အဖွဲ့မှထောက်ပြထားခဲ့သည်။ ဝါရှင်တန်အခြေစိုက်တရုတ်သံရုံး၏ပြောရေးဆိုခွင့်ရှိသူ ၀မ်ပေါင်းတောင် မှမူ ဤသတိပေးအစီရင်ခံစာပါ သူလျှိုလုပ်ငန်း
လုပ်ဆောင်မှု များနှင့်ပတ်သက်၍ အခြေအမြစ်မရှိပဲ၊ မခိုင်မာသည့် အကြောင်းမဲ့စွပ်စွဲမှုများသာ ဖြစ်သည်ဟုပြော၍ ထုံးစံ
အတိုင်းငြင်းဆိုခဲ့သည်။

တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစဉ်ကာလသတင်းအချက်အလက်ခိုးယူအမြတ်ထုတ်မှုများသည် အဓိကအားဖြင့် အမေရိကန်နိုင်ငံရှိ စစ်ရေးပစ်မှတ်များ၊  ပြည်ပရောက်တရုတ်အတိုက်အခံအဖွဲ့အစည်းများ နှင့်သက်ဆိုင်သော ထောက်လှမ်းရေးဆိုင်ရာသတင်း
အချက်အလက်များ ပေါ်တွင် အာရုံထားလေ့ရှိကြောင်းနှင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့်စစ်ဖြစ်လျှင် အမေရိကန်တပ်များ ဒေ
သတွင်း ဝင်ရောက်လာခြင်းမှ ပိတ်ဆို့ဟန့်တားနိုင်ရန်ရည်ရွယ်၍ တရုတ်ရေတပ် (PLAN) အား တိုးချဲ့တည်ဆောက်နေကြောင်း
တို့ကိုလည်း ၎င်းတွင်ဖေါ်ပြထားသည်။ အဓိကအမေရိကန်နိုင်ငံရေးပါတီကြီးနှစ်ခုမှ အကြံပေးပညာရှင်အဖွဲ့ဝင် (၁၂) ဦး ဖြင့်ဖွဲ့ထားသောအဆိုပါကော်မရှင်အား ကြီးထွားနေသော အမေရိကန်-တရုတ် ကုန်သွယ်ရေးမှ ဖြစ်ပေါ်လာမည့် နိုင်ငံရေး
သက်ရောက်မှုများအား အသေးစိတ်စိစစ်ရန်အတွက် ၂၀၀၀ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။


နိုင်ငံရေးနှင့်စီးပွားရေးကိစ္စရပ်များ၊ နည်းပညာများ၊ သယံဇာတနှင့်တွင်းထွက်ပစ္စည်းများနှင့်ပတ်သက်၍ ၄င်း၏အကျိုးစီးပွားကို
သာရှေးရှု၍
ဂုဏ်သိက္ခာကိုအလေးမထားပဲ တကိုယ်ကောင်းဆန်ဆန်နိမ့်ကျစွာ ပြုမူဆောင်ရွက်လေ့ရှိသည့်အတွက် တရုတ်နိုင်
ငံအား
ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ အိန္ဒိယ အစရှိသည့် ဒီမိုကရေစီထွန်းကားသောနိုင်ငံများ၊ ယုတ်စွအဆုံး ၄င်း၏လက်အောက်ခံဒေသများဖြစ်သည့် ဟောင်ကောင်၊ မကာအို၊ တိဘက်၊ စင်ကျန်၊ မွန်ဂိုးလီးယားအစရှိသည့်ဒေသများမှပင်လိုလားခြင်းမရှိကြပါ။ မြန်မာနိုင်ငံတွင်လည်း မြန်မာပြည်သူများမှ နှစ်မြို့ခြင်းမရှိကြပဲ ယခုချိန်တွင် တရုတ်ရေတပ်သင်္ဘော
များဆိုက်ရောက်လာနေပြီး တရုတ်ကုမ္ပဏီလုံခြုံရေးအကြောင်းပြပြီး တရုတ်စစ်တပ်များပင် ၀င်ရောက်တပ်စွဲတော့မည်
အထိဖြစ်လာနေပြီဖြစ်ပါသည်။  မြန်မာ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံများကိုဆက်စပ်၍ ပုလဲသွယ်မဟာဗျူဟာ
(String of Pearls Strategy) ဖြင့်
အိန္ဒိယသမုဒ္ဒရာတွင်း ရေကြောင်းစိုးမိုးမှုရယူရန်ကြိုးပမ်းခြင်း၊ တောင်တရုတ်ပင်လယ်ကို ၄င်းပိုင်နက်ဟုသတ်မှတ်ထားပြီး စပရက်တ်လီကျွန်းများနှင့် ပါရာဆယ်ကျွန်းများကို လက်အုပ်ကြီးအုပ်၍ မြေအောက်သယံဇာ
တများကိုရယူရန်ကြိုးစားနေခြင်းကြောင့် အရှေ့တောင်အာရှနိုင်ငံအချို့နှင့် ပဋ္ဋိပက္ခအသွင်ဆောင်နေ၍ ကြိုကြားကြိုကြား တိုက်ပွဲငယ်များဖြစ်ပွားခဲ့ရာမှ ဒေသတွင်းနိုင်ငံများမှ တရုတ်ရေတပ်၏ အန္တရာယ်ကို ကာကွယ်ရန်အတွက်
သြစတြေးလျနှင့်
အိန္ဒိယအပါအ၀င်
အရှေ့တောင်အာရှနိုင်ငံအချို့မှ ၄င်းတို့၏ရေတပ်နှင့်လေတပ်ကို တိုးချဲ့ရန် အပြိုင်အဆိုင်အားထုတ်လာခဲ့ကြ
ရပြီဖြစ်သည်။

Daniel Kane

Ref: China Rejects Gmail Spying Claims, China Steps up Cyber-spying on US