ရခိုင်ပြည်နယ် မြို့ အချို့ တွင် မငြိမ်မသက် ဖြစ်နေ

ရခိုင်ပြည်နယ်မြောက်ဦး မြို့  တွင် ရှိ သည့် လောက မဉ္စူရှေ့ ဟောင်း စေတီတော် ကြီး ကို ပြန်
လည် တူးဖော်ရာ မှ ရရှိ ခဲ့သည့် အလေးချိန် ၄ ပိသာ ၆၄ ကျပ်သား ရှိ ရှေးဟောင်း ရွှေဆင်း တု
တော်ကြီး အား နေပြည်တော် သို့ ပြောင်းရွှေ့ ရန် ပင့် ဆောင် ခြင်း ကို ယနေ့ နေ့ လည် မှ စ၍
ဒေသခံ များ က ကန့် ကွက် ဆန္ဒပြကြရာ ယဉ်ကျေးမှု ၀န်ကြီး ဌာန က ထိုအစီအစဉ် ကို ဖျက်
သိမ်းလိုက်ရသည် ဟု သတင်း ရရှိသည်။ မြောက်ဦးခောတ်၊ဝေသာလီခောတ်၊ဓည၀တီ ခောတ် များ က ရွှေဆင်းတု၊ကြေးဆင်းတု၊
ကျောက်ဆင်း တော် များ ကို အရည်အသွေး စစ်ဆေးရန် အတွက် ဟု ဆိုကာ နေပြည်တော်
သို့ ပင့်ဆောင်ရန် စီစဉ် နေ စဉ် ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည် ဟု မိဘ ဘိုးဘွားစဉ်ဆက်
မြောက် ဦး မြို့ တွင် နေထိုင်သူ တစ်ဦး ဖြစ်သည့် ဦးကျော်လှသိန်း က FNG သို့ ပြောသည်။

ရခိုင်ပြည်နယ်မှ ဘာသာရေး ယဉ်ကျေးမှု အမွေ အနှစ် များ တည်ရှိ ရာ ဒေသများ ဖြစ်သည့်
မြောက် ဦး၊ စစ်တွေ ၊မြေပုံ နှင့် မင်း ပြား မြို့ များ တွင် ရှေးဟောင်း ဆင်းတုတော် နှင့် ယဉ်
ကျေးမှု အမွေ အနှစ်များ ကို နေပြည်တော် သို့ ရွှေ့ ပြောင်း ရန် စီစဉ် နေမှု ကြောင့် မြောက်ဦး
မြို့  နှင့် စစ်တွေ မြို့ များ တွင် ဒေသခံ ပြည်သူများ က သယ်ဆောင်ခြင်း မပြု ရန် သက်ဆိုင်ရာ
အာဏာပိုင်များ လမ်းပေါ်ထွက်၍ ကန့် ကွက်  နေသည် ဟု FNG မှ သတင်း ရရှိသည်။
ယမန် နှစ် နှစ်ဆန်း ပိုင်း ကတည်းစ၍ မြောက်ဦး-မင်းဘူး ရထား လမ်း ဖောက်လုပ်ရာတွင် ထို
ရထား လမ်းကြောင်း ကျရာ ဒေသ များ မှ ရှေးဟောင်း သမိုင်းဝင် စေတီ ဘုရားပုထိုးများ ကို
မြေတူး၊မြေကော် စက်များဖြင့် ဖယ်ရှား ပစ်ခဲ့သည်။

ယနေ့ ညနေ ၅ နာရီ နောက်ဆုံး ရရှိသည့် သတင်းအရ အာဏာ ပိုင်များ က မြောက်ဦမြို့ 
ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေ့ ဝိုင်းရံ ထား သူများ ကို ဆုတ် ခွာပေးရန် ဆော်သြနေကြသည်
ဟု သတင်း ရရှိသည်။

One thought on “ရခိုင်ပြည်နယ် မြို့ အချို့ တွင် မငြိမ်မသက် ဖြစ်နေ

  1. ကိုယ့်နေရပ်ဌာနေက ဘိုးစဉ်ဘောင်ဆက် ကိုးကွယ်ခဲ့တဲ့..ရှေးဟောင်းအမွေအနှစ် ဘုရားတွေကို နေပြည်တော် မပြောနဲ့ တခြားနေရာကို ပင့်ဆောင် သွားမယ်ဆိုရင်တောင် ဘယ်သူမှ စိတ်မချမ်းသာနိုင်ပါ…ရခိုင်လူမျိုးမဟုတ်ပေမယ့်..သူတို့နေရာကနေ ခံစားမိလို့ပါ..နေပြည်တော်ကို ပင့်ဘို့ လုပ်တယ်ဆိုတော့ ပိုဆိုးတာပေါ့….

Comments are closed.