ဒယ်နီယလ် ကိန်း၊ ၊ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ၀ီလျှံ ဟိဂ် လစ်ဗျား နိုင်ငံ အရှေ့ ဘက်ခြမ်းရှိ
အတိုက်အခံ တို့ ထိန်းချုပ်ထား ရာ ဘန်ဂါဇီ မြို့ သို့ ရောက်ရှိ နေချိန်တွင် နေတိုးတိုက်ခိုက်ရေးရဟတ်
ယာဉ်များမှလည်း ၄င်းတို့၏ပထမဆုံး ရဟတ်ယာဉ် ဖြင့် အနီးကပ် တိုက်ခိုက်မှုကို ဇွန်လ ၄ ရက်နေ့တွင်
စတင်ခဲ့ပြီဖြစ်ကြောင်းနေတိုးမှ ကြေငြာခဲ့သည်။
လစ်ဗျားနိုင်ငံ အနောက်ဖက်ခြမ်းရှိမြို့များတွင် ဒီမိုကရေစီလို လားသည့် လက်နက်ကိုင်တို့  အောင်ပွဲခံပြီး
ထရီပိုလီမြို့တော်သို့ လစ်ဗျားအတိုက်အခံတပ်များ ထိုးစစ်ဆင်ချီတက်လာစဉ်တွင် တော်ဝင်ကြည်းတပ်၊
လေကြောင်းတိုက်ခိုက်ရေးတပ်မ (Royal Army, Air Corps) ၏ အပါချီ (Apache AH-MK 1)တိုက်
ခိုက်ရေးရဟတ်ယာဉ်များနှင့်အတူပြင်သစ်တိုက်ခိုက်ရေးရဟတ်ယာဉ်များပါ ပူးပေါင်းပါဝင်ခဲ့ပြီး၊ ကဒါဖီ
တပ်များ၏ စစ်ဘက်ယာဉ် ၂ စီး၊ စစ်ဘက်ရေဒါစခန်း ၁ ခု နှင့် လက်နက်တပ်ဆင်ထားသည့်လုံခြုံရေးစခန်း
၁ ခုတို့ကို တိုက်ခိုက်ချေမှူန်းခဲ့သည်။

အပါချီရဟတ်ယာဉ်များ၏အခြေစိုက်ရေယာဉ်ဖြစ်သောတော်ဝင်ရေတပ်မှအကြီးဆုံးစစ်သင်္ဘောဖြစ်
သည့် HMS Ocean ရဟတ်ယာဉ်တင်စစ်သင်္ဘော၏ ရေယာဉ်မှူးမှ အပါချီရဟတ်ယာဉ်များမှ ပစ်မှတ်
များကို အောင်မြင်စွာချေမှူန်းနိုင်ခဲ့ကြောင်းပြောကြားခဲ့၍၊ ယခုစစ်ဆင်ရေး၏ နေတိုးတပ်မှူးကြီး ကနေ
ဒါလေတပ် ဒုတိယဗိုလ်ချုပ်ကြီး ချားလ်စ်ဘူချတ် (Commander of Operation Unified Protector )
မှ ယခုအောင်မြင်မှုသည် မြေပြင်ထိုးစစ်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်များ၏ အားသာချက်များကို
ပြောကြားခဲ့ပြီး စစ်ဆင်ရေးကာလတလျှောက်လုံး လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာတွင် တိုက်ခိုက်ေ
ရးရဟတ်ယာဉ်များမှဆက်လက်ပြီှး တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟုပြောကြားလိုက်သည်။
အပါချီ (သို့မဟုတ်) ခြင်
အပါချီရဟတ်ယာဉ်များတွင် ၃၀မီလီမီတာစက်အမြောက်၊ ၇၀ မီလီမီတာရော့ကက်များ (သို့) တင့်ကား
ခွင်းငရဲမီးဒုံးကျည် (Hellfire Missiles) များတပ်ဆင်ထားပြီး ၅ မိုင်ပတ်လည်အတွင်းရှိ တင့်ကားနှင့်
မည်သည့်သံချပ်ကာယာဉ်များကိုမဆို ထိရောက်စွာချေမှူန်းနိုင်သည်။ အာဖဂန်တာလီဘန်များနှင့်
အယ်လ်ကိုင်ဒါများသည် အဆင့်မြင့်နည်းပညာများသုံး၍ နေ့ညမရွေးတိုက်ခိုက်နိုင်သော အပါချီရဟတ်
ယာဉ်မှ ပစ်ခတ်ရန်ချိန်ရွယ်နေခြင်းကိုတောင်မျှမသိလိုက်ရပဲ ထိမှန်မှသာသိရပြီး မည်သည့်အရပ်မှ
မည်သူကပစ်ခတ်နေသည်ကို မတွေ့ရလိုက်ရပဲ အသက်ပျောက်သွားလေ့ရှိကြ၏။ အသေခံဗုံးခွဲလေ့ရှိ
သည့် အာဖဂန်တာလီဘန်များနှင့် အကြမ်းဖက်သမားများကမူ အပါချီရဟတ်ယာဉ်ကို “ ခြင် ” ဟုခေါ်ဝေါ်
ကြပြီး၊ ဤ “ ခြင် ” ကိုက်လျှင်အသေသာဖြစ်ကြောင်း ၄င်းတို့အသိဆုံးဖြစ်၍ အလွန်ကြောက်ရွံ့ကြ၏။
အပါချီ၏အားသာချက်များ
နေတိုးတပ်များမှ တိုက်ခိုက်ရေးရဟတ်ယာဉ်များကို အသုံးပြုလာရသည့်အဓိကအကြောင်းရင်းမှာ အများပြည်
သူဆိုင်ရာဆေးရုံများ၊ကျောင်းများအတွင်းနှင့် သာမန်ပြည်သူများကြား၌ အခွင့်ကောင်းယူပုန်းအောင်းနေသည့်
ကဒါဖီသစ္စာခံတပ်ဖွဲ့များနှင့် စနိုက်ပါလက်ဖြောင့်သေနတ်သမားများအား ပေ ၂၀၀၀၀ မှ ဗုံးကြဲတိုက်ခိုက်ခြင်း
ထက် ပိုမိုထိရောက်စွာ တိုက်ရိုက်ချေမှုန်းနိုင်လာမည်ဖြစ်သောကြောင့်ဖြစ်သည်။ အခြားမသက်ဆိုင်သည့် လူ
များနှင့်အဆောက်အဦးများ ထိခိုက်မှုကို လျှော့ချလိုက်နိုင်မည်လည်းဖြစ်သည်။
အပါချီရဟတ်ယာဉ်များသည် ပုံမှန်ရဟတ်ယာဉ်များအတွက်ကန့်သတ်ချက်ကို ကျော်လွန်၍ ပေ ၁၀၀ အောက်
အနိမ့်တွင်၊ ၁ နာရီလျှင် မိုင် ၃၀ အောက်နှူန်းဖြင့်လည်း ပျံသန်းတိုက်ပွဲဝင်နိုင်ကြသည်။ တိုက်လေယာဉ်များကဲ့သို့
လည်း ပက်လက်ပျံသန်းခြင်း၊ ကျွမ်းထိုးခြင်းတို့ကို ပြုလုပ်နိုင်သည်။

ဇွန် ၂၊ နေတိုးလေကြောင်းထိုးစစ်
လွန်ခဲ့သောကြာသပတေး၊ ဇွန်လ ၂ ရက်နေ့ကလည်း နေတိုးတပ်ပေါင်းစု၊ တော်ဝင်လေတပ်တိုက်လေယာဉ်များ
မှ ပေ့ဗ်ဝေး (Paveway) အမျိုးအစား ပဲ့ထိန်းဗုံးများကြဲ၍ ကဒါဖီတပ်များ၏ ပင်မတိုက်ပွဲဝင်တင့်ကား ၂ စီး နှင့် စစ်
သည်တင်သံချပ်ကာယာဉ် ၂ စီးတို့ကို ဖျက်ဆီးချေမှူန်းနိုင်ခဲ့ကြောင်းနှင့် ကဒါဖီတပ်များသည် လစ်ဗျားအနောက်ဖက်
ကုန်းမြင့်ဒေသနေ ပြည်သူများအားတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေသည်ဟု နေတိုးမဟာဗျူဟာဆိုင်ရာဆက်
ဆံရေးအရာရှိဖြစ်သူ ဗိုလ်ချုပ်ဂျွန်လိုရီးမားမှပြောကြားခဲ့သည်။ ဇွန်လ ၂ ရက်နေ့ တရက်တည်းတွင် နေတိုးတိုက်လေ
ယာဉ်များမှ စုစုပေါင်း ကဒါဖီတပ်များ၏ ထရီပိုလီမြို့အနီးရှိ မြေပြင်မှဝေဟင်ပစ်ဒုံးပစ်စင် ၄ ခု၊ တင့်ကား ၂ စီးနှင့် စစ်
သည်တင်သံချပ်ကာယာဉ် ၂ စီး၊ သံချပ်ကာတိုက်ခိုက်ရေးယာဉ် ၂ စီး၊ ဟွန်မြို့၊ ကာယက်မြို့နှင့် မစ်ဇဒါမြို့များမှ လက်
နက်တိုက်များ၊ ဘရီဂါမြို့အနီးရှိ ကွပ်ကဲရေးနှင့်ထိန်းချုပ်ရေးအဆောက်အဦး ၁ ခုနှင့် ထိုအနီးရှိရေဒါစခန်း ၁ ခု တို့ကို
ချေမှူန်းနိုင်ခဲ့သည်။
လုံခြုံရေးကောင်စီမှ နေတိုးစစ်ဆင်ရေးသက်တမ်းတိုးမြှင့်ခြင်း
၂၀၁၁၊ မတ်လ ၃၁ ရက်နေ့မတိုင်မီအထိ လစ်ဗျားသို့စစ်ရေးအရအရေးယူဆောင်ရွက်မှုကို ပြင်သစ်၊ အင်္ဂလိပ်နှင့်
အမေရိကန်တို့မှသာ ဦးဆောင်ခဲ့ပြီး၊ ယင်းနောက်တွင် နေတိုးအဖွဲ့မှဆက်လက်ဦးဆောင်ခဲ့သည်။ စစ်ရေးအရအရေး
ယူဆောင်ရွက်မှု အချိန်ကာလအား ရက်ပေါင်း ၉၀ သတ်မှတ်ခဲ့ပြီး၊ ၂၀၁၁၊ ဇွန်လ ၂၇ ရက်နေ့တွင်သက်တမ်းပြည့်
မည်ဖြစ်သော်လည်း ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ၏ ဆုံးဖြတ်ချက်
အမှတ်-၁၉၇၃ (UNSCR 1973) အရ နေတိုးမှ လစ်ဗျားအားစစ်ရေးအရအရေးယူဆောင်ရွက်မှုကို ရက်ပေါင်း ၉၀
ထပ်မံသက်တိုးခဲ့ပြီးဖြစ်သည်။
အတိုက်အခံတပ်များ၏တိုးတက်အောင်မြင်မှုများနှင့် လက်တကမ်းမှလစ်ဗျားနိုင်ငံတော်သစ်
အတိုက်အခံတပ်များ၏ခြေကုပ်စခန်းတခုဖြစ်သည့် ဇင်တန်မြို့နှင့် ၂၅ မိုင်အကွာရှိ ယက်ဖရင်မြို့နှင့် ၄င်းအနီးရှိ
ကစ်ကလာမြို့များအား ၄င်းတို့မှထိုးစစ်ဆင်နိုင်ခဲ့ပြီး ကဒါဖီတပ်များ၏လက်အောက်မှ လွတ်မြောက်စေခဲ့သည်။
ဇင်တန်မြို့တွင်အတိုက်အခံတပ်များနှင့်ကဒါဖီတပ်များ ရင်ဆိုင်တိုက်ပွဲဝင်နေပြီး၊ ထိုမြို့၏အရှေ့ဘက် ၇ မိုင် ကျော်
အကွာအဝေးရှိ အယ်ရေယာနာမြို့ကိုမူ ကဒါဖီတပ်များက ၀ိုင်းရံထားဆဲရှိသည်။
လက်ရှိအခြေအနေတွင် အတိုက်အခံများမှ အနောက်ခြမ်းနာဖူဆာတောင်တန်းဒေသရှိ မြို့ ၄ မြို့ကိုထိန်းချုပ်ထား၍
ကဒါဖီတပ်များမှ အတိုက်အခံထိန်းချုပ်ထားသည့် ထိုမြို့များကိုဝိုင်းရံပြီး မြို့များအတွင်းသို့ ပရမ်းပတာအမြောက်နှင့်
ပစ်ခတ်နေသည်။ အတိုက်အခံများ၏အားသာချက်တခုမှာ ကဒါဖီတပ်များထက်နယ်မြေကျွမ်းကျင်မှုရှိ၍ ၎င်းတို့ထိန်း
ချုပ်နယ်မြေများကို ကြိုက်သလိုဝင်ထွက်နိုင်ပြီး ကဒါဖီ၏တပ်များအားထောင်ချောက်ဆင်ခြင်းကာ ၄င်းတို့၏စစ်သုံး
ယာဉ်များကို ဖျက်ဆီးနိုင်ခဲ့ကြသည်။
နာဖူဆာတောင်တန်းဒေသ၏မြောက်ဘက်စွန်းရှိ အချက်အချာကျသည့်လမ်းကြောင်းတခုအနီးတွင်ရှိသော ရှက်ရွှတ်မြို့နှင့်
ကဆာအယ်ဟခ်ျမြို့ ၂ မြို့၌မူ အတိုက်အခံတပ်များမှ ကဒါဖီ၏တပ်များအားမောင်းထုတ်နိုင်ခဲ့ကြသည်။ လစ်ဗျား၏တတိယ
အကြီးဆုံးမြို့ဖြစ်သည့် မစ်ဆူရာတာမြို့အား ကဒါဖီတပ်များမှ ပြင်းထန်ရက်စက်စွာ ၀ိုင်းရံပိတ်ဆို့တိုက်ခိုက်မှုကို လစ်ဗျားအ
တိုက်အခံတပ်များမှတွန်းလှန်နိုင်ခဲ့ပြီး ၄င်းတို့သည်ယခု ထရီပိုလီသို့သွားရာလမ်းကြောင်းပေါ်တွင်ရှိသော ဇလစ်တန်မြို့သို့ ထိုးစစ်ဆင်ချီတက်လာခဲ့ရာ ယခုခရီးတ၀က်သို့ရောက်ရှိနေပြီဖြစ်သည်။ ထရီပိုလီရှိ ကဒါဖီနှင့်အပေါင်းပါတို့အား ဖယ်
ရှားနိုင်ခဲ့လျှင် ကဒါဖီဇာတ်တခန်းရပ်၍ လစ်ဗျားနိုင်ငံသစ်ကို စတင်နိုင်တော့မည်ဖြစ်သည်။
ကဒါဖီနှင့် သားများ၏ ဆုတ်ယုတ်ကျဆင်းမှု
လစ်ဗျားလူထုအုံကြွမှုစတင်အပြီး သံတမန်များ၊ ၀န်ကြီးများ၊ အရပ်ဖက်အရာရှိများ စစ်ဘက်အရာရှိများ မြောက်မြား
စွာတို့သည် ကဒါဖီအားအစုလိုက်အပြုံလိုက်စွန်ခွာ၍အတိုက်အခံဘက်သို့ကူးပြောင်းခြင်း၊ ပြည်ပသို့တိမ်းရှောင်ခြင်း
များ၊ပြည်ပတွင်ကဒါဖီနှင့်၎င်းမိသားစု၊ သစ္စာခံများ၏ပိုင်ဆိုင်မှုများကိုထိန်းချုပ်ခံရခြင်း၊ အာရပ်နိုင်ငံများနှင့် အာဖရိကနိုင်ငံများအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းမှရှုံ့ချပြစ်တင်၍ ပိတ်ဆို့မှုအမျိုးမျိုးပြုလုပ်လာခြင်း၊ နိုင်ငံတကာ
တရားရုံး (ICC) မှ ကဒါဖီနှင့်သားများအပါအ၀င်အခြားသူများကို ဖမ်းဝရမ်းထုတ်ထားခြင်း၊ နေတိုးမှစစ်ရေးအရှိန်အဟုန်
ပိုမိုတိုးမြင့်လာခြင်းနှင့်အတူ အတိုက်အခံတပ်များမှ အောင်မြင်မှုများတိုးတက်ရရှိလာပြီး ထရီပိုလီသို့ဦးတည်ကာ ချီတက်
ထိုးဖောက်လာနေခြင်း စသည်တို့ကြောင့် ကဒါဖီ၏အစိုးရအဖွဲ့သည် တဖြည်းဖြည်းဆုတ်ယုတ်ပျက်စီးလာနေပြီဖြစ်သည်။
လစ်ဗျားလူထုအုံကြွမှုစတင်ချိန်၌ အီရတ်နှင့်အာဖဂန်တွင် ၀န်ပိနေခဲ့သည့် အမေရိကန်မ၀င်နိုင်လျှင် မည်သူမျှဝင်မပါနိုင်ဟုယူဆကာ နိုင်ငံရေးနှင့်စီးပွားရေးနိမ့်ကျနေ၍ အပြောင်းအလဲလိုလားသည့်ပြည်သူများကို ကာကွယ်ရမည့်အစား ပြည်သူ့ဘဏ္ဍာကိုသုံး၊ စစ်တပ်ကိုအသုံးချ၊ ကြေးစားများငှားရမ်း၍ လူမဆန်စွာသတ်ဖြတ်ခဲ့ရာမှ မဟာဗျူဟာအမှားကိုကျူးလွန်ခဲ့ပြီး ကိုယ့်ရှူးကိုယ်ပတ်လာခဲ့ခြင်းပင်။ အမှန်မှာ လူပါးပုလင်းထိဆိုသလို ကဒါဖီအနှပ်ခံလိုက်ရသည်။
အိုဘားမားမှ အမေရိကန်စစ်ဖိနပ်တချက်မနင်းရပဲ လစ်ဗျားပြည်သူများအား လူမျိုးတုန်းသုတ်သင်မှု (Genocide)
လုပ်နေသည့်ကဒါဖီအား လွှတ်ထားလျှင် ဒေသတွင်းလူထုအုံကြွမှုများဖြစ်နေသော အခြားနိုင်ငံများမှ အာဏာရှင်များအား မီးစိမ်းပြသလိုဖြစ်သွားမည်ကိုသိသည့် အနောက်အသိုင်းဝိုင်းနှင့်ညှိုနှိုင်းကာ စစ်ဆင်ရေးအစပိုင်းလေကြောင်းထိုးစစ်တွင်
သာ အမေရိကန်မှပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် ပြင်သစ်နှင့်အင်္ဂလိပ်တို့အားအဓိကဦးဆောင်စေခဲ့ပြီး ဆက်လက်၍နေတိုးတပ်
များမှထိုးစစ်ဆင်စေခဲ့ကာ ကဒါဖီကိုအရူးမီးဝိုင်းဖြစ်စေခဲ့ခြင်းဖြစ်သည်။ ကံမကောင်းလှစွာပဲ ယခုအချိန်တွင်မူ ကဒါဖီနောက်ပြန်လှည့်၍မရတော့ပေ။ စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ ကဒါဖီနှင့်သားများ အသေထွက်မလား၊
အရှင်ထွက်မလား ဆိုသည့်အချက်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ဂုဏ်သိက္ခာကင်းမဲ့စွာဖြင့်သာ ထွက်ရတော့မည်ဖြစ်သည်။
