ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့ ဝင် ၁၂၀ ကျော် အသတ် ခံရ

ဆီးရီးယား သမ္မတ ဘာရှား အယ်(လ) အာဆတ် ကို သစ္စာခံ တဲ့ လုံခြုံရေး တပ်ဖွဲ့ ဝင် တွေဟာ
ဟာ တနင်္လာ နေ့ က နိုင်ငံမြောက် ပိုင်း ဂျစ်ဆာ အယ်(လ) ရှစ်ဂေါ ဆို တဲ့ မြို့ ကလေး မှာ ခြုံခိုက်
တိုက် ခိုက် ခြင်း ခံရ ပြီး ၁၂၀ ကျော်လောက် သေဆုံး ခဲ့ရတယ် လို့  အယ်(လ)ဂျာဇီယား သတင်း
ဌာန က ထုတ်လွှင့် သွား ခဲ့ပါတယ်။

အမဲပစ် သေနတ်၊ လက်ပစ်ဗုံး နဲ့  ကလက်ရှ်နီကောဗ် အမျိုး အစား ရိုင် ဖယ်တွေ ကို ကိုင် ဆောင်
ထား တဲ့ လက်နက် ကိုင် အဖွဲ့  တစ်ခု ရဲ့  တိုက် ခိုက် မှု ကို ခံရတာ ကြောက့် လုံခြုံရေး တပ်ဖွဲ့ ဝင်
တွေ ဟာ စာတိုက် နဲ့  နယ်ခြား စောင့် တပ် ရုံး လို နေရာ မျိုး မှာ သေဆုံး ခဲ့ရတယ် လို့  ဘေရွတ်
ကလာ တဲ့ သတင်း တွေ မှာ ဖော်ပြထား ပါတယ်။

ဆီးရီးယား ပြန်ကြားရေး ၀န်ကြီး ရီမ် ဟာဒက် ကတော့ လူပေါင်း ၈၀ လောက် က ပြီးခဲ့တဲ့ သီတင်း
ပတ်ကတည်း က အသတ် ခံရတာ ဖြစ်ပြီး ၄၀ ကတော့  ဒီနေ့ မှာ ထပ် ပြီး အသတ် ခံရတာ လို့ 
အယ်(လ)ဂျာဇီးယား သတင်း ဌာန ကို ပြော ပါတယ်။

ဆီးရီးယား နိုင်ငံ ရဲ့  သုံး လ ကျော်ကြာ လူထု အုံကြွှ မှု အတွင်း ဆန္ဒပြသူ ၁၀၀၀ ကျော်လောက် သတ်
ဖြတ် ခံခဲ့ရပြီး ပြီး ခဲ့တဲ့ သီတင်း ပတ် က အစ္စရေး နိုင်ငံ ဂိုလန် ကုန်း မြင့် ထဲ ဖြတ် ကျော် ၀င်ရောက် ခဲ့
တဲ့ ဆီးရီးယား ဒုက္ခသည် တစ်ရာ ကျော်လောက် ကို အစ္စရေး စစ်တပ် က ပစ်ခတ် မှု တွေ ကြောင့်
သေဆုံး ဒဏ်ရာ ရ မှု တွေ ရှိ နေပါတယ်။

အာဆတ် အစိုးရ က ကို ဆန့် ကျင် တဲ့ ဆန္ဒပြ သူတွေ က အချို
့ မြို့ တွေ မှာ လက်နက်စွဲ ကိုင် ဆန့် ကျင် မှုတွေ ရှိနေ ကြောင့်
ဆီရီးယား နိုင်ငံ ဟာ လစ်ဗျား နဲ့  အိုင်ဗရီကိုစ် လို ပြည်တွင်း
စစ်ထဲ တိုး ၀င် နိုင်တယ် လို့  နိုင်ငံတကာ မဟာဗျူဟာ လေ့လာ
ရေး အဖွဲ့ ရဲ့  အစီရင် ခံစာ မှာ ဖော်ပြထား ပါတယ်။

ဆန္ဒပြသူ တွေ ကို ဆီးရီးယား အစိုးရက နိုင်ငံ တ၀ှမ်းမှာ ဖမ်းဆီးထား
တာ ၁၀၀၀၀ ကျော်လောက် ရှိပြီး အချို့ က ဖမ်းဆီး ထား စဉ် အတွင်း
မှာ လူမဆန် စွာ ညှင်းပန်း နှိပ် စက် ခံရတယ် လို့ ဆီးရီးယား ဖေ့ဘွတ်
တော်လှန်ရေး စာမျက် နှာ
မှာ ဖော်ပြထား ပါတယ်။

ဆီးရီးယား ပြည် ထဲ ရေး ၀န်ကြီး ကတော့ လက်နက် စွဲ ကိုင် တိုက် ခိုက်
သူတွေ ကို ပြင်းပြင်း ထန် ထန် အရေးယူ မယ် လို့  သတိပေး ခဲ့ ပေမယ့်
ဆီးရီးယား မြေအောက် နိုင်ငံရေး လှုပ်ရှား တဲ့ အဖွဲ့ တွေ က တော့
လာမယ့် သောကြာ နေ့ မှာ တစ် နိုင်ငံ လုံ တစ်ပြိုင် နက် လူ ထု အုံကြွမှု
စတင် ဖို့  ဆော်သြထား ပါတယ်။

လက်နက် ကိုင် ချုံ ခို တိုက် ခိုက် မှု တွေ လုပ် နေ တဲ့ ဆီးရီးယား မျိုး ချစ်
အဖွဲ့  ဟာ နိုင်ငံ ငံ တွင်း က ရေကာတာ တည်ဆောက် မှု တွေ ၊ သစ်တော
ခေါင်း တွေ ဆီကနေ ဒိုင်း န မိုက် နဲ့  လက်နက် တွေ ကို ၀င်ရောက်
စီး နင်း ရယူ နိုင်ခဲ့ တာ ဖြစ်ပါတယ်။

လက်ဘနွန် နိုင်ငံ ဘေရွတ် မြို့ က လက်နက် မှောင် ခို ဈေးကွက် ကလည်း ဆီးရီးယား ပြည်သူတွေ ကို လက်
နက် ရောင်း ချမှု တွေ ရှိ နေပြီ အချို့ တိုက် ခိုက် ရေး ရိုင် ဖယ် တွေ ကိ အကြွေး နဲ့ ရောင်း ချပေး တယ် လို့ 
အယ်(လ) အာရေး ဗီးယား သတင်း ဌာန က ဖော်ပြ ခဲ့ ပါတယ်။

ဆီးရီးယား မြောက် ပိုင်း  မြို့  အချို့ မှာ တော့ ဆန္ဒပြ သူတွေ ဟာ အစိုးရ အဆောက် အဦ အချို့ ကို သိမ်း ပိုက်
ထား ပြီး ဘာရှား အယ်(လ) အာဆတ် ရဲ့  ဓာတ် ပုံ တွေ ကို ဖြု တ် ချ ခဲ့ ကြ ပါ တယ်။

တနင်္လာနေ့  က တိုက် ခိုက် ခံရမှု ကြောင့် သေဆုံး သူတွေ ထဲ မှာ ဆီးရီးယား ရဲ အရာ ရှိ နှစ် ဆယ်  ကျော် ပါ
ဝင် ပါတယ်။

Armed Smuggler Syria and border countries.