ဘာရိန်းနိုင်ငံ ကျန်းမာရေးဝန်ထမ်း ဆန္ဒပြသူများ အား ဆေးကုပေးမှုကြောင့် နှိပ်စက်ညှင်းပန်း ခံရ

DK၊           ၊ဆွန်နီမွတ်စလင်များကြီးစိုးသည့် ဘာရိန်းနိုင်ငံရှိ ဆယ်လ်မဲလ်နီးယားဆေးရုံမှ ရှီယာ
မွတ်စလင်များဖြစ်ကြသည့် ဆရာဝန် ၂၄ ဦးနှင့် သူနာပြု ၂၃ ဦးအား ဆန္ဒပြပွဲများတွင် အစိုးရဆန့်
ကျင်ရေးဆန္ဒပြပွဲများနှင့် ဆက်စပ်နေသောအမှုများဖြင့်ဖမ်းဆီး၍ ဘာရိန်းအာဏာပိုင်များမှ
တရားစွဲဆိုခဲ့သည်။

အမေရိကန် အမှတ် (၅) ရေတပ်အုပ်စု  အခြေစိုက်သည့် ဘာရိန်း ကျွန်း နိုင်ငံငယ်လေးသည်
ဖေဖော်ဝါရီလ နှင့် မတ် လ အတွင်း ဆန္ဒပြမှုများ ဉ် အစိုးရက ပစ်သတ်မှု ကြောင့် လူ ၄၀၀ ကျော်
သေဆုံး ခဲ့သည့် ဆန္ဒပြမှု များ ဖြစ်ပွား ခဲ့သည်။ ဆန္ဒပြမှု များ အားကောင်း လာစဉ် အတွင်း ဘာ
ရိန်း အစိုးရက အကူအညီ တောင်းမှု ကြောင့် အိမ်နီးချင်း ဆော်ဒီ အာရေဗီးယား တပ် များ က
ဝင်ရောက် ဖြေရှင်း ရာ အမေရိကန် အစိုးရ က မျက် နှာ လွှဲ နေခဲ့သည်။

ထိုကျန်းမာရေးဝန်ထမ်းများသည် နှိပ်စက်ညှင်းပန်းခံခဲ့ကြရပြီး မမှန်ကန်သည့် အပြစ်ရှိကြောင်း
ဝန်ခံချက်များကို ဖိအားပေးမှုကြောင့် လက်မှတ်ရေးထိုးခဲ့ကြရသည်ဟု ၄င်းတို့၏မိသားစုဝင်များ
မှ ပြောကြားခဲ့သည်။

ရှီယာမွတ်စလင်များ ဦးဆောင်သော ဒီမိုကရေစီတောင်းဆိုသည့်ဆန္ဒပြပွဲများအား စတင်နှိပ်ကွပ်မှု
များမပြုလုပ်ခင် လွန်ခဲ့သည့် မတ်လလယ်လောက်၌ ဘာရိန်းဘုရင်ဟာမက်မှ အမိန့်ဒီကရီထုတ်ပြန်
ခဲ့သော အရေးပေါ်ဥပဒေများအရဖွဲ့စည်းခဲ့သည့် တရားရုံး၌ ၄င်းတို့အမှုများအား ကြားနာခြင်းအပြီး
တွင် အဆိုပါကျန်းမာရေးဝန်ထမ်းများမှ ၄င်းတို့နှိပ်စက်ညှင်းပန်းခံခဲ့ကြရမှုနှင့် မမှန်ကန်သည့် အပြစ်
ရှိကြောင်းဝန်ခံချက်များကို ဖိအားပေးမှုကြောင့် လက်မှတ်ရေးထိုးခဲ့ကြရပုံကို မိသားစုများအား ပြန်
လည်ပြောပြခဲ့ကြခြင်းဖြစ်သည်ဟု အမည်မဖေါ်လိုသည့် ဆွေမျိုးတော်စပ်သူတဦးမှပြောပြခဲ့သည်။

၎င်းတို့အနက်မှ အမျိုးသမီး ၄ ဦးအပါအ၀င် အယောက် ၂၀ မှာ လက်နက်ပုန်းကိုင်ဆောင်မှု၊ ဆေးရုံအားအပိုင်စီးမှု၊ ဆေးဝါးကုသမှုကိရိယာများအားရယူမှုနှင့် အစိုး
ရပြောင်းလဲရေးတောင်းဆိုမှုများဖြင့် စွဲဆိုခံထားရသည်။ အမျိုးသမီး ၅ ဦးအပါအ၀င် စုစုပေါင်း ၂၈
ယောက်ကိုမူ လူစုဝေးခြင်းများတွင်ပါဝင်မှုစွဲချက်အစား၊ ဘာရိန်းရဲတပ်ဖွဲ့မှ ဆန္ဒပြမှုများအားနှိမ်နင်း
မှုများတွင်  ထိခိုက်သေဆုံးသူအရေအတွက်များကို မမှန်မကန်သတင်းဖြန့်ချိမှုများဖြင့်စွဲဆိုထားကြောင်း
BNA သတင်းဋ္ဌာနမှသတင်းရရှိခဲ့သည်။ တရားရုံးမှ ဤအမှုအား ဇွန်လ ၁၃ ရက်နေ့တွင်  ထပ်မံကြား
နာစစ်ဆေးမည်ဖြစ်သည်။

ပြီးခဲ့သည့် မေလတွင်းကမူ ဘာရိန်းအစိုးရမှ ၄င်းတို့အား အကူအညီလိုအပ်သူအား ကူညီရန်ငြင်းပယ်ခဲ့မှု၊
ပြည်သူပိုင်ဘဏ္ဍာငွေခိုးယူမှု၊ လူသေဆုံးမှုဖြစ်စေခဲ့သောကိုယ်ထိလက်ရောက်တိုက်ခိုက်မှု၊ ခွင့်ပြုချက်
မရရှိပဲ လက်နက်များနှင့်ခဲယမ်းများပိုင်ဆိုင်မှု၊ တာဝန်ထမ်းဆောင်ရန်ငြင်းပယ်မှုများနှင့် အများပြည်
သူအား အသက်အန္တရာယ်ရှိစေမှုများဖြင့် တရားစွဲဆိုထားသည်ဟု ပြောကြားခဲ့သည်။

အာရပ်ဆွန်နီမွတ်စလင်များကြီးစိုးသည့် ဘာရိန်းနိုင်ငံတွင့် မတ်လတွင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများ
အားနှိမ်နင်းမှုများတွင် ဘာရိန်းလုံခြုံရေးတပ်ဖွဲ့ဝင်အပြင်အာရပ် ဆွန်နီမွတ်စလင်နိုင်ငံတနိုင်ငံဖြစ်
သည့် ဆော်ဒီနိုင်ငံမှလည်း ဆော်ဒီတပ်များပို့ဆောင်၍ ဘာရိန်းအစိုးရကို ထောက်ခံပံ့ပိုးခဲ့သည်။
ပါရှန်နွယ်ဝင်ရှီယာမွတ်စလင်များနှင့် ဆွန်နီအာရပ်များသည် ဘာသာရေး၊ လူမျိုးရေးနှင့်နိုင်ငံရေး
အရ သင့်မြတ်မှုမရှိကြပဲ အာရပ်နိုင်ငံများတွင်ဖြစ်ပွားသည့် ဆူပူမှုများတွင် ပါရှန်နိုင်ငံဖြစ်သည့်
အီရန်မှ လှုံ့ဆော်ပတ်သက်မှုများရှိနေသည်ဟု သတင်းများထွက်ခဲ့သည်။

Bahraini Doctors Who Treated Anti-Government Protesters Face Trial

One thought on “ဘာရိန်းနိုင်ငံ ကျန်းမာရေးဝန်ထမ်း ဆန္ဒပြသူများ အား ဆေးကုပေးမှုကြောင့် နှိပ်စက်ညှင်းပန်း ခံရ

  1. တွေ.တယ်မှုတ်လား။ဘာသာတူချင်းလဲဂိုင်းဂဏမတူရင်ဆော်တာဘဲ။ဒါကြောင့်………

Comments are closed.