မြန်မာ ငွေ တက်ဖိုးတက် သောကြောင့် နိုင်ငံခြား ခရီးသွား အ၀င်နည်း

နေမျိုးဦး ၊             ၊မေလဆန်း မှ စတင်ကာ ဆက်တိုက် ကျဆင်းနေသည့် အမေရိကန်
ဒေါ်လာ ဈေးနှုန်း နှင့် မြန်မာ ကျပ်ငွေဈေး ဆက်တိုက် မြင့်တက် နေမှုကြောင့် နိုင်ငံခြားသား
ခရီးသွား မြန်မာ နိုင်ငံ သို့ ဝင်ရောက်မှု သိသိသာ သာ နည်းသွား သည် ဟု ရန်ကုန် မြို့  လည်
ရှိ ကုန် သည် ကြီးများ ဟိုတယ် မှ မန်နေဂျာ တစ်ဦး က FNG သို့ ပြောသည်။

့မြန်မာ ကျပ်ငွေ နှင့် လဲလှယ်ရာတွင် အမေရိကန် တစ်ဒေါ်လာ ဈေးနှုန်း မှာ ယခင် သီတင်း
ပတ်က ၈၀၀ ကျပ် နီးပါး ရှိ ခဲ့ သော် လည်း ယနေ့  ဈေးကွက် ပေါက်ဈေး တွင် ၇၃၀ ကျပ်
လောက် နှင့် သာ အရောင်း ၊အ၀ယ် ဖြစ်တော့ သည် ဟု သိရသည်။

မြန်မာ ငွေ တက် ဖိုး ဆက်လက် မြင့်တက်နေသောကြောင့် ထိုင်းဘတ်ငွေ၊ စင်္ကာပူဒေါ်လာ
နှင့် ဥရောပ ယူရို ငွေများ နှင့် လဲလှယ်ရာတွင် လည်း မြန်မာ ကျပ်ငွေ တန်ဖိုး မှာ ယခင်က
ထက် ပို ၍ ဈေးမြင့် နေသည်။

ရန်ကုန် မြို့ ရှိ ခရီးသွားလာရေး ဧဂျင်စီ တစ်ခု မှ တာဝန် ရှိ သူ တစ်ဦး က FNG သို့ ပြောကြား
ရာတွင် ” ဟုတ်တယ်၊ နိုင်ငံခြား တိုးရစ်တွေ သိသိသာသာ အ၀င် နည်း သွားတယ်။ ဒေါ်လာ
ဈေး ကျတာ အဓိကပေါ့ နော်၊ အမေရိကန် နဲ့  ဥရော ပ က ခရီး သည်တွေ ပို အ၀င်နည်း
သွားတာ ” ဟု ပြောသည်။

ယခု နှစ်ဆန်းက ရန်ကုန် မြို့  ကမ္ဘာအေး ဘုရားလမ်း ရှိ ဆီဒီုးနား ဟိုတယ် ဉ် လစဉ် နိုင်ငံ
ခြား သား ခရီးသွား ၃၀၀၀ နီးပါး တည်းခိုမှု ရှိသော် လည်း မေလ နှောင်း ပိုင်း မှ စ၍ တစ်ထောင်
ကျော်သာ တည်း ခို တော့ကြောင်း သိရသည်။

မြန်မာ ငွေဈေးမာမှု ကြောင့် နိုင်ငံခြား သား ခရီးသွား အ၀င် နည်း သလို့  နိုင်ငံတွင်း သို့ 
နိုင်ငံရပ်ခြား ရောက် မြန်မာ လူမျိုး မှာ ငွေကြေး လွှဲပြောင်း ပို့ ဆောင်သည့် ဟွန်ဒီ ခေါ်
ငွေကြေး လွှဲပြောင်း လုပ်ငန်း အချို့ မှာ ပြည်ပ မှ ပြည်တွင်း သို့ ငွေ ပို့ နှုန်း သိသိသာသာ
ကျဆင်း သွားသည် ဟု ဆိုသည်။

ယခင်က ဟိုတယ် အချို့ မှာ Waiting List ခေါ် စောင့် ဆိုင်း စာရင်း ဖြင့် တည်းခို ရသော်
လည်း ယခု အခန်း လွတ်များ ပိုလျှံ နေသည် ဟု သိရသည်။

ပုဂံ၊ညောင်ဦး ဒေသ ၏ ခရီးသွား ရာသီ မဟုတ် သေးသည့် အတွက် ထိုဒေသရှိ ဟိုတယ်
များ တွင် ဒေသတွင်း မှ ခရီးသွား ဧည့်သည် များလောက် သာရှိ သည်။

ရန်ကုန် နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်တွင် ထွက်ပေါ်နေသော အမေရိကန် တစ်ဒေါ်လာ
လျှင် မြန်မာငွေ ကျပ် ၇၅၀ နှုန်း ပုံသေအဖြစ် အစိုးရက သတ်မှတ်မည်ဟူသော သတင်းများကို
မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ယနေ့ 
မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။

လတ်တလောတွင် တစ်ဒေါ်လာလျှင် မြန်မာငွေလဲလှယ်နှုန်း ကျပ် ၈၀၀အောက်သို့ စံချိန်တင်
ကျဆင်းနေပြီး ပို့ကုန်လုပ်ငန်းများ ထိခိုက်လျက်ရှိသည်။ အဓိက အခက်တွေ့စေမည့် လုပ်ငန်း
များမှာ ဆန်တင်ပို့သူများ၊ ပဲတင်ပို့သူများမှတစ်ဆင့် တောင်သူများသို့ပင် ကူးစက်ထိခိုက်နိုင်ကြောင်း
ပြည်တွင်း စီးပွားရေး ပညာရှင်များက ပြောကြားသည်။

ထိုကဲ့သို့ အမေရိကန်ဒေါ်လာ ဈေးကျဆင်းမှုနှင့်အတူ ပို့ကုန်ရငွေ တန်ဖိုးမှာလည်း ဆက်တိုက် ကျဆင်းလျက်ရှိပြီး ပြည်တွင်းဈေးကွက်အတွက် စောင့်ကြည့် လေ့လာကြရဦးမည်ဖြစ်ကြောင်း
စီးပွားရေး ပညာရှင်များက ပြောကြားခဲ့ကြောင်း ၂၀၁၁ခုနှစ် ဇွန်လ ၉ရက်နေ့ထုတ် Popular News
ဂျာနယ်တွင် ဖော်ပြထားသည်။

နိုင်ငံခြား သား ခရီးသွား ၀င်ရောက်မှု နည်းပါးသွားသောကြောင့် ပြည်တွင်း လေကြောင်း နှင့်
ကုန်းကြောင်း သယ်ယူ ပို့ ဆောင်ရေး အဆင့်မြင့် ခရီးစဉ် အချို့ ဉ် လက်မှတ်ရောင်း ချရ

့Yangon Tourism