ရထားဗုံး ခွဲမှု လက်သည် ကို KNU ကစေခိုင်း ဟု ဆို

FNG၊      ၊မေလ ၁၈ ရက်နေ့ က ရန်ကုန်မြို့ မှ မန္တလေး မြို့ သို ထွက် ခွာ လာသည့် အမှတ် ၃
အဆန် အမြန်လူစီး ရထား ဗုံးပေါက်ကွဲ မှု မှာ ထိုင်း-မြန်မာ နယ်စပ် တွင် အခြေစိုက် သည့် ကရင်
အမျိုးသား အစည်း အရုံး (KNU) မှ အဖွဲ့ ဝင် များက တာဝန်ပေး စေခိုင်း ချက် အရ ပေါက်
ကွဲခြင်း ဖြစ်သည် ဟု မြန်မာ စစ်အစိုးရ အာဘော် သတင်း စာများက စွပ်ဆွဲ လိုက်သည်။

မေလ ၁၈ ရက်နေ့  ညနေ ပိုင်း က ရထားပေါ် တွင် ဗုံးပေါက်ကွဲ မှု ကို ပြုလုပ် ခဲ့သူမှာ ကရင်
ပြည်နယ် သံတောင် မြို့ နယ် လိပ်သို ရွာနေသူ ကျော်ဒီ (ခေါ်) မာရီ နို ဖြစ်ပြီး သူ့ ကို ရထား
ပေါ် ဉ် ဗုံး ခွဲရန် အတွက် KNU တပ်မဟာ ၂ တပ်ရင်း ၅ မှ ဖောက်ခွဲရေးတာဝန် ဗိုလ်အဆင့်ရှိ ရှာလစ်ခွေ၊ စောကထော်၊ရှမွေလှ  စောထူးဆေးတို့က စေခိုင်းခဲ့သည်ဟု စွပ်ဆွဲထားသည်။

မေလ ၁၈ ရက် နေ့ ည ဉ် ဗုံးဖောက်ခွဲ မှု အပြီး ကျော်ဒီ သည် ရထား ပေါ် မှ ခုန်ချ ထွက်ပြေးပြီး
ရှောင် တိမ်း နေစဉ် အတွင်း မေလ ၂၉ ရက်နေ့ ဉ် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည် ဟု ဖော်ပြထား
သည်။

ဗုံးပေါက် ကွဲမှု သည် နေပြည်တော် ဘူတာကြီး အလွန် ဇလီဖား တုံး များ လဲလှယ် တပ်ဆင်သည့်
နေရာတွင် ရထား အရှိန် ရှော့ မောင်း စဉ် အတွင်း ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ဗုံးပေါက်ကွဲ သည့် အချိန်
ဉ် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အဆင်မြင့် သံ အရာ ရှိ တစ်ဦး ဖြစ်သူ ဂျိုးဆက်(ဖ)
ယွန်း နေပြည်တော် သို့ ရောက်ရှိ နေချိန် ဖြစ်သည်။

ဗုံးပေါက် ကွဲ မှု ကြောင့် နှစ် ဦး သေဆုံး ပြီး ခုနှစ် ဦး ဒဏ်ရာရရှိသည် ဟု စစ်အစိုးရ မီဒီယာများ
တွင် ဖော်ပြခဲ့သည်။

ကျော်ဒီ ခေါ် မာရီ နိုသည် ဗုံး ဖောက်ခွဲ မှု ဉ် ၎င်း ကိုယ်တိုင် ဗုံးဖောက်ခွဲ ခဲ့သည် ဟု ၀န်ခံထွက်ဆို
ခဲ့သည်ဟု ဖော်ပြထားသည်။

ကရင် အမျိုးသား အစည်း အရုံး မှာ ၎င်း တို့ ၏ ကိုယ်ပိုင် လွတ်လပ် ခွင့် အတွက် တိုက် ပွဲ ၀င်နေ
သော အဖွဲ့ အစည်း ဖြစ်သည်။

One thought on “ရထားဗုံး ခွဲမှု လက်သည် ကို KNU ကစေခိုင်း ဟု ဆို

  1. (ကရင် အမျိုးသား အစည်း အရုံး မှာ ၎င်း တို့ ၏ ကိုယ်ပိုင် လွတ်လပ် ခွင့် အတွက် တိုက် ပွဲ ၀င်နေ
    သော အဖွဲ့ အစည်း ဖြစ်သည်။) မိမိကိုယ်ကျိုးစီးပွားအတွက် ရိုးသားသော ကရင်လူမျိုးများကို အသုံးချနေသောအဖွဲ့ဆိုတာလေးကောမရေးတော့ဘူးလား ကိုကိုတို့ရယ်…

Comments are closed.