မြန်မာ နိုင်ငံ ၏ မြို့ တော် သစ် ဟု စစ်အစိုးရက ၂၀၀၅ ခုနှစ် တွင် သတ်မှတ် ခဲ့သည့် နေပြည်တော်
မြို့ ရှိ လူစည်ကား ရာ မြို့ မ ဈေးတွင် ဗုံးပေါက်ကွဲမှု ကြောင့် အနည်းဆုံး လူသုံး ဦး ဒဏ်ရာ ရရှိသွား
တယ် ဟု မြို့ မဈေး တွင် ဆိုင် ဖွင့် လှစ် ရောင်း ချနေသူ တစ်ဦး က FNG ကို အတည် ပြု ပြောကြား
သည်။
ဗုံးပေါက်ကွဲမှု မှာ ယမန်နေ့ ည ၇ နာရီ ကျော် အချိန် ခန့် က ပေါက်ကွဲ ခြင်း ဖြစ်ပြီး ဗုံးပေါက်ကွဲမှု
ကြောင့် နေပြည်တော် တွင် လုံခြုံရေး တပ်ဖွဲ့ ဝင်များ တိုးမြှင့် ချထားသည် ဟု သိရသည်။
မြို့ မဈေး အများ သုံး သန့် စင်ခန်း တွင် ဗုံးပေါက် ကွဲ ပြီး နောက် နေပြည်တော် ဒက္ခိဏ သီရိ နှင့်
ပုဗ္ဗသီရီ မှာ ထောက်လှမ်းရေး တပ်ဖွဲ့ ဝင်များ ၊ အထူးလေ့ကျင့် ထားသည် ဟု ဆိုသည့် ဗုံးကျွမ်း
ကျင် သူ များ ရောက် ရှိ လာပြီး ဓာတ်ပုံ နှင့် ဗီဒီယို မှတ်တမ်း ရိုက်ယူပြီး ပြန်လည် ထွက် ခွာသွား
ကြသည်။
မေလ က နေပြည်တော် ဆင် သေ ဘူတာ အနီး ဗုံးပေါက်ကွဲမှု ကြောင့် လုံး သုံး ဦး သေဆုံး ပြီး
ကိုးဦ ဒဏ်ရာ ရရှိသည်။
နေပြည်တော် တွင် သီတင်း သုံးပတ် အတွင်း ဗုံး နှစ်ကြိမ် ပေါက် ကွဲ မှု ကြောင့် ဒေသခံများ က
စိုးရိမ် ထိတ် လန့် လာ ပြီး နေပြည်တော် မြို့ မ ဈေး ဆိုင်းခန်း များ မှာ နေရာ ကောင်း လျှင် ကျပ်
သိန်း တစ်ရာ ကျော် ပေါက်နေ ရာ မှ ရုတ် ချဉ်း ထိုး ကျခဲ့သည် ဟု သိရသည်။
ယမန် နေ့ က ဗုံးပေါက်ကွဲမှု ကြောင့် ယနေ့ ည မှ စတင် ၍ နေ ပြည်တော် ရှိ မြို့ နယ် များ တွင်
မော်တော် ကားများ ဟန့် တား စစ်ဆေးမှု၊ ဧည့်စာရင်း စစ်မှု နှင့် ဟို တယ် ၊ စားသောက်ဆိုင်
အချို့ ကို အလစ် အငိုက် ၀င်ရောက် ရှာ ဖွေ မှု များ ပြုလုပ် လာသည်။
လက်ရှိ မြန်မာ နိုင်ငံ ၏ သမ္မတ ဖြစ်သူ ဦးသိန်းစိန် ၏ ဇာတိ မြို့ ဖြစ်သည့် ပဲ ခူး တိုင်း ဖြူး မြို့ နယ်
မှ ရပ်ဆွေ ရပ် မျိုး များ သည် နေ ပြည်တော် မြို့ မဈေး ၏ အဓိက ကျသည့် ဆိုင် များ ကို ဖွင့် လှစ်
ရောင်း ချကြသည်။
