ဗုဒ္ဓ သာသနာ့ တက္ကသိုလ် ဖွင့် ပွဲ နိုင်ငံရေး ပါတီ များ ဖိတ်ကြားခွင့်မရ

သီတဂူ ဆရာတော် အသျှင် ဥာဏိ ဿရ ၏ နိုင်ငံတကာ ဗုဒ္ဓ သာသနာ့ တက္ကသိုလ်( ရန်ကုန်) ဖွင့်
ပွဲ အား နိုင်ငံရေး ပါတီ များ တက်ရောက် ရန် ဖိတ် ကြား ထားမှု ကို လက်ရှိ စစ်အစိုးရ က ဖိအား
ပေး ပိတ်ပင် ခဲ့ တဲ့ အတွက် ဆရာတော် အနေ နဲ့  နိုင်ငံရေး ပါတီ များ ကို ဖိတ်ကြား နိုင်ခဲ့ခြင်း မရှိ
ဘူး လို့  ဆရာတော်ရဲ့  တပည့် သာဝက တစ်ဦး က FNG သို့ ပြောသည်။

ဒေါက်တာ သျှင်ဥာဏိဿရ ဖိတ်ကြား ဖို့  စီစဉ် ထားတဲ့ ထဲ မှာ နိုဘဲလ်  ငြိမ်းချမ်းရေး ဆုရှင် ဒေါ်
အောင်ဆန်းကြည် ဦးဆောင် တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက် ပွဲ အနိုင်ရ အမျိုးသား ဒီမို ကရေစီ အ
ဖွဲ့ ချုပ် လည်း ပါဝင်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့ က စတင်ပြီး ကျင်းပမယ့် ငါး ရက်ကြာ သာသနာ့ တက္ကသလိုလ် ဖွင့် ပွဲ မှာ
ဆရာတော် က “အားလုံး ညီညွတ် စေချင် တဲ့ သဘောနဲ့  အားလုံး လျှောက် လှမ်း လို့ ရမယ့်
လမ်းကြောင်း တစ်ခု ပေါ်မှာ အတူလက်တွဲ ပြီး လျှောက်တာ မြင်ချင် လို့ ” ဒီလို ဖိတ်ရတာ
ပါလို့  ဆရာတော် ဒေါက်တာ အသျှင် ဥာဏိဿရ က မိန့် သည်။

အာဏာပိုင်များ ဘက်မှ  နိုင်ငံရေး ပါတီများ ကို ဖိတ်ကြား ခြင်း မပြုရန် အတွက် သာသနာရေး
ဝန်ကြီးဌာနမှ  အဆင့် မြင့် အရာ ရှိ တစ်ဦးက လာရောက် ဖိအားပေး ပြောကြား သည် ဟု
သိရသည်။

ဆရာတော် အသျှင် ဥာဏိဿရ အနေဖြင့်ဖိအားပေး မှု ကြောင့်  နိုင်ငံ ရေး ပါတီ နှင့် သင်း
ပင်း အဖွဲ့ အစည်း များ ကို မဖိတ်ကြား နိုင် သော် လည်း လူပုဂ္ဂိုလ် တစ်ဦး ချင်း ကို ဆက်လက်
ဖိတ်ကြား သွား နိုင်သည် ဟု အသျှင် ဥာဏိဿရ ၏ လက်ထောက် ဆရာတော် တစ်ပါးက မိန့် 
သည်။

2 thoughts on “ဗုဒ္ဓ သာသနာ့ တက္ကသိုလ် ဖွင့် ပွဲ နိုင်ငံရေး ပါတီ များ ဖိတ်ကြားခွင့်မရ

  1. အ၀ီစိ ချိုးကပ်မဲ့ အစိုးရ ကို တရားဟောတာတော့ ဟောပါဘုရား ။ ဒါပေမဲ့ ဒီလူတွေက မြတ်စွာဘုရားသက်တော်ထင်ရှား ရှိရင်တောင်မှ ချွတ်လို့ ကျွတ်မယ့်ပုံ မပေါ်ဘူး ။

  2. (“အားလုံး ညီညွတ် စေချင် တဲ့ သဘောနဲ့  အားလုံး လျှောက် လှမ်း လို့ ရမယ့်
    လမ်းကြောင်း တစ်ခု ပေါ်မှာ အတူလက်တွဲ ပြီး လျှောက်တာ မြင်ချင် လို့ ”)ဆရာတော်ကြီး မိန့်ကြားသလို ဖြစ်ရပါလို၏ ဘုရား….

Comments are closed.