လစ်ဗျား လက်နက်ကိုင် ဒီမိုကရေစီ လိုလားသူ တို့  ထရီပိုလီ ကို စ၀င်ပြီ
လစ်ဗျား ခေါင်းဆောင် ကဒါဖီ ရဲ့  အာဏာကို ချုပ် ကိုင် ထား နိုင်မယ် ဆိုတဲ့ နေ့ တွေ ဟာ လက်
ချိုး ရေတွက် လို့  ရနေပြီ လို့  အဘူဒါဘီ မှာ ကျင်း ပ တဲ့ လစ်ဗျား နဲ့  သူ့ ရဲ့  မိတ် ဆွေ များ နိုင်ငံ
အစည်း အဝေး မှာ ပြောကြားခဲ့ပါတယ်။
နေတိုး အဖွဲ့ ရဲ့  တိုက် ခိုက် ရေး လေယာဉ် တွေ က လည်း လစ်ဗျား နိုင်ငံရဲ့  မြို့ တော် ထရီပိုလီ
မှာ ကဒါဖီ ပုန်းအောင်း နေတဲ့ နေရာတွေ ကို အပြင်း အထန် တိုက် ခိုက် နေတဲ့ တစ်ချိန် တည်း
မှာ ပဲ ကဒါဖီ ကို ဆန့် ကျင်တဲ့ လက်နက် ကိုင် အဖွဲ့  တွေ ထိမ်း ချုပ် ထား တဲ့ ဒေသ က ရေနံ တွင်း
တွေ က နေ အမေရိကန် နိုင်ငံ ကို သင်္ဘောတွေ နဲ့  ရေနံ စတင် တင်ပို့ နေပြီ ဖြစ်ပါတယ်။
တကယ်လို့  ကဒါဖီ ဟာ နိုင်ငံ ကို စွန့် ခွာ လာမယ် ဆိုရင် တူရကီ နိုင်ငံ က လက်ခံ ထားမယ် လို့ 
တူရကီ ၀န်ကြီးချုပ် ရီဆပ် တာရစ် အာဒိုဂန် က ပြောပါတယ်။
ကဒါဖီ ကို လိုလား တဲ့ တပ် တွေ က အတိုက်အခံ တွေ ထရီပိုလီ မြို့ က နေ မိုင် ၁၃၀ လောက်
ဝေးတဲ့ မစ်ဆူရာတာ မြို့  မှာ ရှိ တဲ့ ကဒါဖီ ရဲ့  တပ်တွေ ကို ပြင်းပြင်းထန်ထန် တိုက် ခိုက် ခဲ့ရာ
မှာ သူပုန် ၂၀ ခန့် သေဆုံး ခဲ့ပါတယ်။
ဒီနေ့ အရုဏ် တက် ချိန် က စပြီး ထရီပိုလီ မြို့  ရဲ့  အနောက် ဘက် က မိုင် ၃၀ ခန့် ဝေးတဲ့ ဇ၀ီ
ယာ မြို့ ကို လစ်ဗျား အစိုးရ တပ် တွေ က အပြင်း အထန် တိုက် ခိုက် ရာ မှာ ကဒါဖီ ရဲ့  တပ်
တွေ ပဲ မရှု မလှ အရေး နိမ့် ပြီး ပြန်လည် ဆုတ် ခွာ ခဲ့ရတယ် လို့  လစ်ဗျား အသွင် ကူး ပြောင်း
ရေး ကောင်စီက ပြောရေး ဆို ခွင့် ရှိသူ အာမက် ဟာရေး ရေး က စီအန်အန် သတင်းဌာန
ကို ပြောပါတယ်။
လစ်ဗျား သူပုန် တွေ က ဇ၀ီယာ မြို့  ကို ဆက် လက် ထိန်းထား နိုင်ပြီး ကဒါဖီ သစ္စာ ခံ တပ်
တွေ စွန့် ခွာ ခဲ့တဲ့ နေရာ တွေ ကို လည်း ဆက်လက် သိမ်းပိုက် နိုင်ခဲ့ပါတယ်။
လစ်ဗျား နိုင်ငံ အနောက် မြောက်ပိုင်း မှာ အခြေစိုက်တဲ့ သူပုန် တွေ ဟာ ထရီ ပိုလီ မြို့  ကို
တဖြည်းဖြည်း နဲ့  ချဉ်းကပ်လာ နေပြီး နိုင်ငံ အနောက် ပိုင်း ဇနီတာ မြို့ မှာ အခြေစိုက် တဲ့
သူပုန် တွေ ဟာ ထရီပိုလီ မြို့ နဲ့  ၁၅ မိုင် ခန့် ကွာ တဲ့ နေရာ အထိ ချဉ်းကပ် ထား နိုင် ပြီ
ဘန်ဂါဇီ မြို့ မှာ အခြေစိုက်တဲ့ လစ်ဗျား အသွင် ကူးပြောင်း ရေး ကောင်စီကို ပေါ်တူဂီ၊
ဘူဂေးရီးယား ၊ ဆိုက်ပရပ်(စ) စတဲ့ နိုင်ငံ တွေ က လစ်ဗျား နိုင်ငံ ရဲ့  တရား ၀င် အစိုး
ရ အဖြစ် အသိအမှတ် ပြုတဲ့ အပြင် တရုတ် နဲ့ ရုရှား နိုင်ငံ တွေ က လည်း သူ့ ရဲ့  သံတမန်
တွေ ကို လစ်ဗျား အတိုက် အခံ တွေ  နဲ့  ဆွေးနွေး မှု တွေ စတင် နေပြီ ဖြစ်ပါတယ်။
ကဒါဖီ က လစ်ဗျား နိုင်ငံ မှာ စစ်ဆင်ရေး ပြုလုပ် နေတဲ့ နေတိုး တပ် ဖွဲ့  ၀င် တွေ ရဲ့  လေကြောင်း
စစ်ဆင်ရေး တွေ ကို ကြောက်ရွံ ထိတ်လန့် မှာ တို့  ထွက် ပြေးတာ တို့  အရှုံးပေးတာ တို့ 
မလုပ် ပဲ ဒီမြေပေါ် မှာ ပဲ ကျူးကျော် သူတွေ ကို အသေခံ ပြီး တိုက် သွား မယ် လို့ ဆိုပါ
တယ်။