ဒုံးလက်နက် နည်းပညာ တင်ဆောင်လာသည့် သင်္ဘောကို အမေရိကန် ရေတပ် က ကြားဖြတ် ဟန့် တား နိုင်ခဲ့

မြန်မာ နိုင်ငံ သို့  ဒုံးလက် နက် (သို့ မဟုတ်) ဒုံးလက် နက် နည်းပညာ တင်ဆောင် လာသည့် မြောက်
ကိုရီးယား သင်္ဘော တစ်စီး ကို အမေရိကန် ရေတပ် ဖျက် သင်္ဘော မက်ကမ်းဘဲလဲ က ကြားဖြတ်
ဟန့် တားပြီး နောက်ပြန် လှည့်ခိုင်း
လိုက်နိုင်သည် ဟု ယနေ့  အမေရိကန် အစိုးရ နိုင်ငံခြားရေး
ဝန်ကြီး ဌာန က သတင်းထုတ်ပြန်မှု 
ကို ညူးယောက် တိုင်း သတင်း စာတွင် ဖော်ပြထားသည်။
မြောက် ကိုရီးယား နိုင်ငံ မှ ထွက်ခွာ လာသည့် M/V Light အမည်ရှိ  သင်္ဘော ကို မေလ ၂၆ ရက်နေ့ 
ကတည်း က အမေ ရိကန် ရေတပ် ဖျက်သင်္ဘော မက်ကမ်းဘဲလ် က နောက်ယောက် ခံ လိုက်ကြည့် ပြီး
သင်္ဘော ကို ရပ်တန့် ပြီး တက်ရောက် ရှာဖွေ စစ်ဆေးခွင့် တောင်းရာ ငြင်းပယ် ခဲ့ သဖြင့် အမေရိကန်
အစိုးရက သံတမန်ရေး နှင့် ရေတပ် အား အား ပူးပေါင်း ပြီး အဆိုပါ သင်္ဘော ကို နောက် ပြန်လှည့် ရန်
ဆုံး ဖြတ် ခဲ့ရသည်။

ယမန် နှစ် က ကန်နမ် ၁ အမည် ရှိ မြောက် ကိုရီးယား သင်္ဘော သည် မြန်မာ နိုင်ငံ သို့ ဦးတည် ပြီး ခုတ်
မောင်း လာမှု ကို အမေရိကန် ရေတပ် က နောက် ယောင် ခံ လိုက် ပြီး ဟန့် တား ခဲ့ရသည်။

မြောက်ကိုရီးယား နိုင်ငံ အား ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ က လက်နက် တင်ပို့ ရောင်းချ ခွင့် များ
ပိတ်ပင်ထား သည်။

မြောက်ကိုရီးယား နိုင်ငံ သည် မြန်မာ နိုင်ငံ ၏ ညူကလီယား ရည်မှန်းချက် များ တွင် ပါဝင်ဆောင် ရွက်
နေပြီး ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလ က ၀ီကီလီခ် အင်တာနက် စာမျက် နှာ ၏ အမေရိကန် သံတမန်ရေး
သတင်း ပေါက်ကြားမှု များဉ် ညူကလီယား ဓာတ်ပေါင်းဖို တည်ရှိမည့် ဥမင်လှိုဏ်ခေါင်းများ ကို
တည်ဆောက်ရာ ဉ် မြောက် ကိုရီးယား နိုင်ငံ သား များ ကိုယ်တိုင် အကူအညီ ပေး နေသည် ဟု ဖော်ပြ
ထားသည်။

North Korea / Burma