သီရိထက်၊ ၊ရန်ကုန် နှင့် မန္တလေး မြို့ များ တွင် အိမ်ခြံမြေ ဈေးကွက် များ ဆက်လက် မြင့်တက် ဆဲ
ရှိနေကြာင်းရန်ကုန် မြို့  ယူနတီ အိမ်ခြံမြေ ရောင်း ၀ယ်ရေးလုပ် ငန်း မှ ၀န်ထမ်း တစ်ဦးက FNG
သို့ ပြောသည်။အိမ်ခြံမြေ ဈေးများ မြင့် တက် မှု မှာ ဒေါ်လာ ဈေး ကျဆင်းမှု ကြောင့် ဒေါ်လာ ကို
ကိုင် ထား သူ များက တိုက် ခြံမြေ များ ကို လိုက်လံ ၀ယ်ယူနေမှု ကြောင့် ဖြစ်သည် ဟု ဆိုသည်။ ရန်ကုန် မြို့  တောင်ဥက္ကလာ ပ မြို့ နယ် ပါရမီ ရပ်ရှိ နေအိမ် များ မှာ ယခင် က သိန်း တစ်သောာင်း
ခန့် ထိ ဈေးရှိ သည့် အိမ် သည် ယခု လဆန်း ပိုင်း မှ စ၍ ကျပ် သိန်း တစ်ထောင် ဈေးထပ်မံ မြင့်
တက် ပြီး ရွှေတောင်ကြား လမ်း ၊ အင်းလျှား လမ်း နှင့် မရမ်းကုန်း ရှစ် မိုင် ၀န်းကျင် ရှိ အိမ် များ
မှာ မူ လေးဆယ် ရာခိုင် နှုန်း ခန့် ဈေးမြင့် တက် သည် ဟု သိရသည်။
ရန်ကုန် မြို့ လည် တိုက်ခန်း များ ၊ ကွန်ဒိုမီနီယမ် စသည့် အထပ်မြင့် အိမ်ရာ များ သည် သာမန်ပေါက်
ဈေးထက် အနည်း ငယ်သာ မြင့် တက်ပြီး မတ်လ နှောင်းပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျှင် ဒဏ်ကြောင့်
ဈေးကွက် တွင် အထပ် မြင့် အိမ်ရာ များ ကို လူကြိုက်များမှု နည်း သွား သည် ဟု သိရသည်။
ရန်ကုန် တိုင်း ဒဂုံ မြို့ သစ် အရှေ့ ပိုင်း မြို့ နယ် ရှိ အိမ်ခြံမြေ ရောင်းဝယ် သည့် လုပ်ငန်း ကို လုပ်ကိုင်
နေသူ ကိုသန်းဌေး က “တက္ကသိုလ် ဥယာဉ် ရိပ်မွန် အိမ်ယာ မှာ ဆို ၀ယ်ဖို့ လာကြည့် ကြတာ တွေ
နေ့ တိုင်းရှိ တယ် ၊ ရောင်း ဖို့ တော့ မရှိ သလောက် ဖြစ်နေတယ် ၊ အရင်က ဒီနေရာ မှာ သိန်း နှစ်
ထောင် ဆိုရင် အခု နှစ် ထောင့် ငါးရာ လောက် ဈေးဖြစ်တယ်။ အရောင်း အ၀ယ် ဆို ၂၄၀၀ လောက်
နဲ့  တင် ဖြတ်သွားရော ဟု ပြောသည်။
တောင်/မြောက် ဥက္ကလာ သာကေတ ၊ ရွှေပြည်သာ၊ ရွှေပေါက္ကံ စသည့် မြို့ နယ် များ တွင် မြေကွက်
နှင့် အသင့် ဆောက်ပြီး အိမ်များ မှာ ဈေးဆက် လက် မြင့် တက် လျှက် ရှိသည်။
မြောက်ဥက္ကလာ သုဓ္မာ လမ်းမ ပေါ်ရှိ ခြံဝင်းကျယ် နှစ် ထပ် တိုက် အိမ်များ မှာ အိမ်ခြံမြေ ဈေးကွက်
တွင် ရင်း နှီး မြုပ် နှံ သူ တို့  မျက်စေ့ကျနေပြီး အချို့ နေရာ မှာ ၄၀ ရာခိုင်နှုန်း ခန့် ထိ ဈေးမြင့် တက်
လျှက် ရှိသည်။
